မျက်ရည်ယိုဗုံး အကြောင်း သိကောင်းစရာ

မျက်ရည်ယိုဗုံ း(Tear gas bomb) အမျိူးစား ၁၀မျိူးကျော်ရှိပြီး အများစုသုံးကြတာကတော့
CS gas, OC gas (pepper spray), CN gas, CR gas စသည်တို့ဖြစ်ပါတယ်။

Gas တခုချင်းစီရဲ့ အသေးစိတ်အကြောင်းထက်
ဘယ်လိုသဘာဝရှိပြီး ဘယ်လိုကာကွယ်ရမလဲ ဘယ်လို manage လုပ်ရမလဲကိုအဓိကတင်ပေးပါမယ်။

အများစုက Gas လို့ထင်ရပေမယ့် တကယ်က fine solid particles တွေ aerosol အမှုန်သေးသေးလေးတွေပါ။
တချို့က dissolving solvent တွေထဲထည့်ထားတာလဲရှိပါတယ်။

အမှုန်တွေက အပေါ်ကနေ အောက်ကိုလေးပြီးကျလာနိုင်တဲ့အတွက် အထပ်မြင့်နေရာကို မြန်မြန်တက်ခြင်း အဆောက်အုံအမြင့်ကို ပြေးခြင်း လေကွယ်တဲ့နေရာကိုရှောင်ပြေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။

ဗုံးအနေနဲ့လဲ သုံးကြသလို Gun ထဲမှာ powder အနေနဲ့ ထည့်ပစ်တာ ၊ Spray နဲ့လိုက်ဖြန်းတာမျိူးလဲ သုံးကြပါတယ်။

Aerosol အမှုန်တွေဖြစ်တဲ့အတွက်
အမှုန်တွေက ခန္ဓကိုယ်အနံှံ့ ကပ်ကျန်ခဲ့နိုင်တယ်။ အဝတ်စားတွေပေါ်တင်နေနိုင်တယ်။
ဒါကြောင့် ဗုံးနဲ့ဝေးရာ ကိုပြေးပါ။ လေသန့်တဲ့နေရာရောက်တာနဲ့ ပေကျံထားတဲ့အဝတ်စားတွေ အသုံးဆောင်တွေကို ချွတ်ပစ်ပါ။ or ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြော လောင်းချပစ်ပါ။

ဒီနေရာမှာ ရေနဲ့ ဆေးရင် ပိုဆိုးမလား ပိုကောင်းမလား အမျိုးမျိုးငြင်းခုံတာတွေ့ရပါတယ်။
ကျနော်ဖတ်ကြည့်ရသလောက် သုံးတဲ့ Gas အမျိူးစားပေါ်မူတည်ပါလိမ့်မယ်။

အသုံးများတဲ့ CS gas ဆိုရင် ရေနဲ့များများလောင်းချပြီး ဆေးကြောလို့ရပါတယ်။
Duration of action ကလဲ နာရီဝက်လောက်ပဲခံပါတယ်။

တခြား CN gas နဲ့ OC gas တွေကတော့ ရေမှာပျော်ဝင်နိုင်ပြီး ရေနဲ့ထိရင် အရေပြားမှာ Burning ပိုဖြစ်နိုင်ပါတယ်လို့ ဖတ်ရပါတယ်။ မီးထလောင်တာလို့ပြောတာတော့ မဖတ်မိပါ။
Duration of action ကတော့ ထိတွေ့မိတဲ့ amount များရင်များသလို နာရီဝက်ကနေ နာရီအတော်ကြာ အထိရှိနိုင်ပါတယ်။

ဘယ်Gas ကို ဘယ်နိုင်ငံကသုံးတယ်ဆိုတာ ရေးထားတာတွေရှိပေမယ့် မြန်မာနိုင်ငံမှာသုံးတတ်တာကိုတော့ ရှာမတွေ့မိပါ။
တော်တော်များများသော Tear gasတွေက အမှုန်တွေဖြစ်တဲ့အတွက် မျက်လုံးတွေ နား နှာခေါင်း ပါးစပ်တွေထဲ ဝင်နိုင်ပြီး အရေပြားကိုလောင်စားစေတတ်ပါတယ်။

ဒါကြောင့် အကာကွယ်အနေနဲ့ Goggles ရေကူးမျက်မှန်၊ Face shield ၊ Chemical mask ၊ ရေစွတ်ထားသော အဝတ်စများသုံးကာ မျက်နှာကိုအုပ်ထားခြင်း ၊ အမှုန်များလွင့်သွားအောင် Electric fan များ Hair dryer များနဲ့မှုတ်ပစ်ခြင်း
( မျက်လုံးထဲပြန်မဝင်အောင်တော့ သတိထားမှုတ်ရပါမယ်) စသည်တို့လုပ်နိုင်ပါတယ်။ Skin ကိုကာကွယ်ဖို့ အဝတ်စားလက်ရှည် ဘောင်းဘီရှည်ဝတ်လို့ရပါတယ်။

ရှောင်ဖို့က မျက်ကပ်မှန် contact lens မတပ်ဖို့နဲ့ မိတ်ကပ် အထူကြီးမလိမ်းထားဖို့ ဖတ်မိပါတယ်။
Contact lens သမားတွေ exposure ရသွားတာနဲ့ ချက်ချင်းချွတ်ပြီး ရေဆေးဖို့ နဲ့ မျက်လုံးကို ခဏခဏ မပွတ်မိဖို့လိုပါလိမ့်မယ်။
အမှုန်တွေကပ်နေခဲ့ရင် prolonged exposure ဖြစ်သွားနိုင်လို့ပါ။

CS gasမှာ hydrogen ပါလို့ ချွေးထွက်တဲ့နေရာကိုထိမိရင် sweat ထဲက chloride ion တွေနဲ့ ပေါင်းပြီး Hydrochloric acid ထွက်လို့ ပိုပိုဆိုးစေပါတယ်။ ဒါကြောင့်
Keep your body dry လို့ သတိပေးထားကြပါတယ်။

မျက်ရည်ယိုဗုံးထိမိပါက
မျက်လုံးစပ်တာ မျက်ရည်ယိုတာ ချောင်းဆိုးတာ
နှာချေတာ မူးဝေတာ အော့အန်တာတွေ ဖြစ်နိူင်ပါတယ်။ နှလုံးရောဂါ အဆုတ်ရောဂါအခံရှိသူတွေမှာ ပိုဆိုးတတ်ပြီး
အများအားဖြင့်တော့ non lethal ဖြစ်ပါတယ်။
အရေပြားမှာ burn နဲ့ contact dermatitis တွေ allergic reaction တွေလဲဖြစ်နိုင်ပါတယ်။

တချို့ကလဲ secretion တွေထွက်တာနဲ့ allergy ဖြစ်တာသက်သာအောင် Antihistamine
Anticholinergic တွေကို treatment ပေးလို့ရကြောင်း ဖတ်ရပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started