ကိုယ်ယုံကြည်တာကို တဖက်လူလက်ခံဖို့ ဘာကြောင့်ခက်ခဲတာလဲ?

အရင်က လူတွေနဲ့ငြင်းခုန်ခြင်းအကြောင်းတွေကို ရေးခဲ့ဖူးပါတယ်။ အခုပြောချင်တာက ကိုယ့်ရဲ့အတွေးအမြင်တွေ၊ အယူအဆတွေအပေါ်မှာ Bias တွေများပြီး အရှိကိုအရှိအတိုင်း လက်မခံနိုင်တဲ့အကြောင်းပါ။ “အချို့ Information တွေ၊ Idea တွေဟာ ကျွန်တော်တို့ရဲ့ ဘက်တော်သားတွေလိုပါပဲ။ ငြင်းခုန်တဲ့အခါ သူတို့ကို နိုင်စေချင်တာပေါ့။ အဲ့ဒါကြောင့် လူတွေက ကာကွယ်ပြောဆိုတတ်ကြတယ်။ တချို့ Idea တွေကြတော့ ကျွန်တော်တို့ရဲ့ရန်သူလိုပဲ။ အဲ့ဒီတော့ သူတို့ကို လက်မခံဘဲ ငြင်းရတာပေါ့” ဆိုပြီး ပညာရှင်တစ်ယောက်က ပြောခဲ့ဖူးပါတယ်။ နေ့စဉ်ဘဝမှာလည်း ဒါတွေကိုအမြဲတွေ့ရပါတယ်။ အငြင်းအခုန်လုပ်တဲ့အခါ ကိုယ့်အမြင်ကို တစ်ဖက်လူ လက်ခံလာအောင် ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲ့လောက် မလွယ်ကူနေပါဘူး။ လူတွေဟာ သူတို့ရဲ့ယုံကြည်မှုတွေကို အမြဲ Update လုပ်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါကို Bayesian Approach လို့ခေါ်တယ်။ InformationContinue reading “ကိုယ်ယုံကြည်တာကို တဖက်လူလက်ခံဖို့ ဘာကြောင့်ခက်ခဲတာလဲ?”

မျှော်လင့်ခြင်း (Expectation) ရဲ့ ကောင်းကျိုးများ

အရင်တစ်ခါက မျှော်လင့်ခြင်းတွေအကြောင်းရေးခဲ့ဖူးပါတယ်။ အဲ့မှာရေးခဲ့တဲ့အမြင်က Negative ဆန်ပါတယ်။ အခု ကောင်းကျိုးလေးတွေကို ပြောပြချင်ပါတယ်။ မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?https://ouo.io/YIf8RRZ ကိုယ့်တက္ကသိုလ်မှာ ကန်ကြတဲ့ ဘော်လုံးပွဲတွေ ကြည့်ဖူးကြမှာပါ။ တစ်နှစ်တစ်ခါကန်တဲ့ ကျောင်းပေါင်းစုံ ဘော်လုံးပြိုင်ပွဲတွေကိုလည်း သွားပြီးအားပေးဖူးကြမှာပါ။နှစ်ဖက်ပရိသတ်အချင်းချင်း ရန်ဖြစ်တာတွေ၊ အော်ကြဟစ်ကြတာတွေကို ခဏခဏမြင်နေရလို့ ရိုးတောင်နေပါပြီ။ဒါ့အပြင် ပွဲတိုင်းလိုလိုမှာ ဒိုင်လူကြီးက ဘက်လိုက်တယ်ဆိုပြီး တစ်ဖက်ပရိသတ်ကဖြစ်ဖြစ်၊ ကိုယ့်ကျောင်းကလူတွေကပဲဖြစ်ဖြစ် ပြောတတ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဒိုင်ကတကယ်ပဲ ဘက်လိုက်နေတာလို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်ပရိသတ်တွေကတော့ ဘက်လိုက်တယ်လို့ မမြင်ပါဘူး။ပွဲတစ်ခုကို တူတူကြည့်နေကြပေမယ့် နှစ်ဖက်ပရိသတ်ရဲ့အမြင်ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဖြစ်ရပ်တစ်ခုကို လူ ၂ယောက်က တူတူမြင်လိုက်ပေမယ့် Interpret လုပ်တဲ့အခါ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ အဲ့ဒီတော့ ဘက်တစ်ခုခုကိုရွေးလိုက်ရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာ မြူတွေဆိုင်းသွားလား သိဖို့လိုလာပါတယ်။ မျှော်လင့်ချက်တွေဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်အရေးပါလဲContinue reading “မျှော်လင့်ခြင်း (Expectation) ရဲ့ ကောင်းကျိုးများ”

မသိစိတ်ရဲ့ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို ခန့်မှန်းနိုင်ခြင်းများ

လင်မယားတွေ၊ သမီးရည်းစားတွေမြဲမမြဲ လေ့လာတဲ့ စမ်းသပ်မှုတစ်ခုရှိခဲ့ပါတယ်။ တော်တော်များများက ၂၀ ကျော်အရွယ်တွေပါ။ စမ်းသပ်တဲ့သူက သူတို့တစ်တွဲစီကို အခန်းတစ်ခုထဲ ခေါ်ပြီးထိုင်ခိုင်းထားပါတယ်။ သူတို့ရဲ့ လက်တွေ၊ နားတွေမှာ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်း၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတဲ့ Sensor တွေတပ်ပေးထားပါတယ်။ သူတို့ထိုင်တဲ့ထိုင်ခုံအောက်မှာလည်း ခန္ဓာကိုယ်ဘယ်လောက် လှုပ်ရှားမှုရှိသလဲဆိုတာကို တိုင်းတာတဲ့ Sensor တစ်ခုကိုလည်း တပ်ထားပါတယ်။ ဒါ့အပြင် တစ်ယောက်စီကို ကင်မရာတစ်လုံးစီနဲ့ ချိန်ထားပြီး ပြောသမျှကို မှတ်တမ်းတင်ထားပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို ၁၅ မိနစ်လောက် ဆွေးနွေးပါဆိုပြီးတော့ ၂ယောက်ထဲထားခဲ့ပါတယ်။ ပညာရှင်က သူတို့ပြောတဲ့စကားတွေကို ၁၅ မိနစ်ပဲ နားထောင်ကြည့်ပြီး နောက် ၁၅ နှစ်နေရင် ဒီအတွဲဟာ ဆက်ပြီးတွဲနေဦးမလား… ကွဲသွားမလား… ဆိုတာ ပြောနိုင်ပါတယ်။ စဉ်းစားကြည့်ရင် မဖြစ်နိုင်သလိုပါပဲ။ အိမ်ထောင်ရေး၊Continue reading “မသိစိတ်ရဲ့ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို ခန့်မှန်းနိုင်ခြင်းများ”

သံယောစဉ်မပြတ်ခြင်း၊ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းနောက်ကွယ်က စိတ်ပညာ

ဘုရင့်နောင်ဖောက်ဖျက် ဆိုတဲ့သဘောကို နားလည်ကြမှာပါ။ နောင်ရိုးတိုက်ပွဲမှာ ဖောင်တွေအကုန်လုံးကို ဖျက်လိုက်တဲ့အတွက် သူ့လူတွေက နိုင်အောင်တိုက်ဖို့ Moti ရသွားတာပေါ့။ ဒီလိုအဖြစ်အပျက်တွေက သမိုင်းတစ်လျှောက်မှာ အများကြီးပါပဲ။ လူတွေက Options တွေများများရှိတာကို သဘောကျပါတယ်။ All or none သွားရတာကို သိပ်သဘောမကျတတ်ပါဘူး။ ဘုရင့်နောင် ဥပမာအရပြောရရင် သူ့လူတွေက နိုင်အောင်တိုက်မှရတော့မယ်… မနိုင်ရင် သေဖို့ပဲရှိတော့တယ်ဆိုတဲ့ အသိမျိူးဝင်သွားတဲ့အခါ နိုင်အောင်တိုက်ကြတာပေါ့။ ကျွန်တော်တို့ ဖုန်းအကောင်းစားတွေ ကိုင်ချင်ကြတယ်။ ကွန်ပြူတာကောင်းတာတွေကို လိုချင်ကြတယ်။ တီဗွီကောင်းကောင်းလိုချင်ကြတယ်။ ဒါပေမယ့် ကိုယ်ဘာအသုံးလိုလဲဆိုတာကို သေချာမသိတဲ့အခါ စျေးကြီးပေးပြီး Function များများပါတဲ့ ဖုန်း၊ ကွန်ပြူတာကို ဝယ်မိတတ်တယ်။ ကျွန်တော်ကိုင်တဲ့ဖုန်းဆို စျေးအလယ်အလတ်ပါပဲ… ဒါပေမယ့် သူ့မှာ ပါသမျှ Function တွေအကုန်လုံးကို ကျွန်တော့အနေနဲ့ မသုံးပါဘူး။ သေချာလည်းမသိဘူး။Continue reading “သံယောစဉ်မပြတ်ခြင်း၊ ကြိုးရှည်ရှည်နဲ့ လှန်ထားခြင်းနောက်ကွယ်က စိတ်ပညာ”

Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?

တစ်ခါတုန်းက ပြတိုက်တစ်ခုကို လူတစ်ယောက်ဟာ သူပိုင်တဲ့ ရုပ်ထုတစ်ခုကိုရောင်းဖို့ ချဉ်းကပ်ခဲ့တယ်။ ရုက်ထုက ဘီစီ ၆၀၀ ကျော်လောက်ကဆိုတော့ တော်တော်ကြာပြီဆိုပါတော့။ တောင်းစျေးက ဒေါ်လာ ၁၀ သန်းလောက်ရှိတယ်။ ပြတိုက်က အသေးစားဆိုတော့ ဒီလူဟာ လူလိမ်ဖြစ်နေမှာကြောက်တယ်။ အဲ့တော့ စုံစမ်းရေးအရင်စလိုက်တယ်။ ပြတိုက်က မေးတဲ့မေးခွန်းတွေမေးတာပေါ့။ ဒါ့အပြင် တကယ်ပဲ ဘီစီ ၆၀၀ က ရုပ်ထုလားဆိုတာ သိဖို့ သိပ္ပံနည်းပညာကို သုံးပြီးစစ်ဆေးတယ်။ အဖြေကတော့ ရုပ်ထုက သက်တမ်း တော်တော်ကြာနေပြီဆိုတာပါ။ စုံစမ်းစစ်ဆေးမှု ၁၄လ ပြုလုပ်ပြီးတဲ့အခါမှာ ပြတိုက်က ရုပ်ထုကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ပြတိုက်တွေရဲ့ထုံးစံအတိုင်း ပြစားတာပေါ့။ သတင်းစာတွေထဲတောင် သတင်းတွေပါလိုက်သေးတယ်။ ဒါပေမယ့် ပြတိုက်က ပညာရှင်တစ်ယောက်ဟာ ဒီရုပ်ထုအစစ်ဆိုတာကို မယုံဘူး။ ရုပ်ထုရဲ့လက်သည်းကိုကြည့်ပြီး သူ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။Continue reading “Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?”

Design a site like this with WordPress.com
Get started