သရဲကြောက်တာကို CBT နဲ့ကုသလို့ရသလား?

Psychology အကြောင်းရေးတဲ့စာတွေမှာ တခုခုဆိုရင် CBT နဲ့ကုသလို့ရတယ်ဆိုပြီး ခဏခဏပါတာတွေ့ဖူးမှာပါ။ CBT ဆိုတာဘာလဲဆိုတာ ဒီ post မှာရေးပေးသွားပါ့မယ်။ CBT ရဲ့အရှည်ကောက်က Cognitive Behavioural Therapy ဖြစ်ပါတယ်။ ဗမာလို ရှင်းရှင်းပြောရရင် နှစ်သိမ့်ဆွေးနွေးအဖြေရှာတဲ့သဘောပါပဲ။ (အတိအကျဘာသာပြန်ထားတာကိုတော့ မတွေ့ဖူးသေးလို့ပါ။) ဒါလေးများ သိသားပဲဆိုပြီးမထင်ပါနဲ့ဦး။ ထင်သလောက်မရိုးရှင်းသလို ထိရောက်မှုလဲတကယ်ရှိတာမို့ ယနေ့ စိတ်ရောဂါအတော်များများကို ဒီနည်းနဲ့လက်ခံကုသနေကြပါတယ်။ ဒီကုထုံးက ကုပေးနိုင်တဲ့ရောဂါတွေက စိတ်ကျရောဂါ (Depression ကောင်ဇိုးလေးများ) ကြောက်စိတ်မျိုးစုံ (phobia သမားများ) စိုးရိမ်သောကများခြင်း (Anxiety ရောဂါသမားများ) စွဲလမ်းမှုပြဿနာများ (Addiction သမားများ) အတိတ်ဖြစ်ရပ်ဆိုးကရုန်းမထွက်နိုင်ခြင်း (Post traumatic stress disorder) အစွဲကြီးသော OCD ရောဂါသမားများ စတဲ့ စိတ်ရောဂါအတော်များများကို ကုသပေးနိုင်လို့ သွားရှုပ်လို့တဲ့မရတဲ့Continue reading “သရဲကြောက်တာကို CBT နဲ့ကုသလို့ရသလား?”

သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)

၈။ နှာခေါင်းသွေးထွက်ရင် ခေါင်းမော့ထားဆိုတာဟုတ်သလား? နှာခေါင်းသွေးထွက်တာက လူအတော်များများမှာဖြစ်တတ်တဲ့ ကိစ္စတခုပါ။ နှာခေါင်းမှာကလဲသွေးကြောတွေက အများကြီးရှိနေတာမို့လို့ အလွယ်တကူထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။ အထူးသဖြင့် လေခြောက်ကပ်ကပ်ကြီးကို ရှူတာကြာလာရင် နှာခေါင်းအမြှေးပါးနံရံတွေ ခြောက်ကပ်လာပြီး သွေးကြောလေးတွေပေါက်တတ်ပါတယ်။ တအားပူပြင်းတဲ့နေအောက်မှာအလုပ်လုပ်တာကြာလာရင်လဲ လေပူတွေကြောင့် ဖြစ်တတ်ပါတယ်။နှာခေါင်းခြောက်လာရင် ယားသလိုဖြစ်လာတဲ့အတွက် နှာခေါင်းနှိုက်မိပြီးလဲ သွေးကြောပေါက်တတ်ပါတယ်။ တခါတခါမှာတော့ နှာစေးပျောက်ဆေးတွေ၊ နှာခြောက်ဆေးတွေ ထည့်ရင်လဲ နှာခေါင်းခြောက်ကာ သွေးထွက်တတ်ပါသေးတယ်။ နှာခေါင်းသွေးထွက်စေတဲ့တခြားအကြောင်းတွေကတော့ နှာခေါင်းကို ထိခိုက်မိတာ၊ နှာရိုးကျိုးသွားတာ၊ နှာခေါင်းထဲကို ပြင်ပကပစ္စည်းတွေဝင်သွားတာ၊ ဆက်တိုက်နှာချေမိတာ၊သွေးမတိတ်တဲ့ရောဂါတခုခုရှိတာ စတာတွေကြောင့်လဲ နှာခေါင်းသွေးလျှံတတ်ပါသေးတယ်။ ဘာကြောင့်ပဲ နှာခေါင်းသွေးလျှံလျှံ ခေါင်းကိုမော့မထားရပါဘူး။ခေါင်းကိုမော့ထားရင် သွေးတွေက နှာခေါင်းအနောက်ကိုပြန်စီးသွားပြီး အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းထဲဝင်သွားတတ်လို့ အန္တရာယ်ရှိနိုင်ပါတယ်။ တကယ်လုပ်သင့်တဲ့ပုံစံက နှာခေါင်းကို လက်ညိုးနဲ့လက်မကိုသုံးပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်အထိဖိထားပေးပါ။ခေါင်းကိုမော့မထားရဘဲမတ်မတ်ထားပေးလို့ရသလို (သို့) အရှေ့ကိုအနည်းငယ်ကိုင်းထားပေးရမှာဖြစ်ပါတယ်။ ဒီလိုအနေအထားနဲ့ ခဏလောက်ထိန်းပေးထားရင် အနာကိုContinue reading “သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)”

သမိုင်းတလျှောက်က ဆေးပညာအလွဲများနှင့် Placebo Effect (စျေးကြီးတဲ့ဆေးတွေက ပိုကောင်းသလား?)

(ပြောချင်တာများပြီး ခေါင်းစဉ်က တော်တော်ရှည်သွားပါတယ်)အရင်ခေတ်က ဆေးပညာမတိုးတက်သေးတော့ ဆရာဝန်တွေအနေနဲ့ ထင်သလိုကုခဲ့ကြတယ်။ သူတို့ခေတ် ဆေးပညာကို ခုခေတ် Standard နဲ့ယှဉ်ကြည့်တဲ့အခါ “ဆေးကုတာထက် လူသတ်နေသလိုပဲ” လို့ တွေးလို့ရလောက်တဲ့ Management တွေအများကြီးပါ။ ၁၉၅၀ ခုနှစ်လောက်က ရင်ဘတ်အောင့်တဲ့လူနာတွေကို နှလုံးအထူးကုတွေက ရင်ခွဲပြီးကုခဲ့ပါတယ်။ လူနာကို ခွဲခန်းထဲထည့်ပြီး မေ့ဆေးပေးလိုက်ပါတယ်။ Major Operation တစ်ခုလိုခွဲရတာပါ။ရင်ညွန့်ရိုး (Sternum) ကိုချိုးပစ်ရပါတယ်။ ဒါမှအောက်က နှလုံးရယ် သွေးကြောတွေရယ်ကို မြင်ရမှာပါ။ ဆရာဝန်တွေရည်ရွယ်တာက သွေးကြောတစ်ခု (Internal Mammary Artery) ကို ချည်ပစ်ဖို့ပါ။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် နှလုံးရဲ့သွေးကြောတွေဆီ သွေးပိုရောက်လာပြီး နှလုံးကြွက်သား Oxygen များများရတဲ့အတွက် နှလုံးမအောင့်တော့ဘူးလို့ တွေးခဲ့ကြပါတယ်။ အဲ့လိုမျိုး အနှစ် ၂ဝလောက် လုပ်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာContinue reading “သမိုင်းတလျှောက်က ဆေးပညာအလွဲများနှင့် Placebo Effect (စျေးကြီးတဲ့ဆေးတွေက ပိုကောင်းသလား?)”

မြင်မြင်သမျှစားချင်တဲ့ အထန်ဂေါင်းကြီးတို့ရောဂါ

1937 ခုနှစ်တုန်းက သိပ္ပံပညာရှင် ၂ဦးက တောထဲက မျောက်တွေကိုဖမ်းလာပြီး စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ မျောက်ရဲ့ ဦးနှောက်အစိတ်အပိုင်းတချို့ကဖယ်ထုတ်ပြီး လေ့လာတာပါ။(ကြားရတာ ရက်စက်လိုက်တာလို့ထင်စရာရှိပေမယ့် လူသားတွေကို ဆေးကုသဖို့ဆိုတာ အဲ့လိုစမ်းသပ်မှုတွေလုပ်မှပဲသိလာတာပါ) စမ်းသပ်ချက်မှာ မျောက်ဦးနှောက်ရဲ့ temporal lobe ဆိုတဲ့အပိုင်းကို ဘယ်ရောညာရောဖြတ်တောက်လိုက်ပါတယ်။ ပြီးတဲ့အခါ မျောက်ကိုခေါင်းပြန်ချုပ်ပေးလိုက်ပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာစမ်းသပ်ပါတယ်။ မျောက်တွေမှာ စသတိထားမိတာက Visual agnosia စရလာတာပါ။ သူတို့မြင်နေကျအရာတွေကို မမြင်ဖူးမတွေ့ဖူးသလို ကြည့်နေတာမျိုးပါ။မျက်လုံးကန်းသွားတာတော့မဟုတ်ပါဘူး။ ဥပမာ မျောက်ဆိုရင် ငှက်ပျောသီးမြင်ရင် ဘာလဲဆိုတာ ကောင်းကောင်းသိနေရမယ်။ ဒီမျောက်တွေကတော့ ငှက်ပျောသီးကိုမြင်ပေမယ့် ငှက်ပျောသီးလို့မထင်ကြတော့တာပါ။ ငှက်ပျောသီးကိုမြင်ပြီး ဘောလုံးလား တုတ်ချောင်းလားစသဖြင့် ရောထွေးကုန်ပါတယ်။ နောက်ပြီး မျောက်တွေက အရာရာစူးစမ်းကိုင်တွယ်ချင်စိတ်များလာပါတယ်။ သူတို့မျက်လုံးထဲမြင်သမျှကို အထူးအဆန်းလိုကြည့်ပြီး စူးစမ်းတယ် လိုက်ကိုင်ကြည့်တယ်။ အဲ့တာကို Hypermetamorphosis လို့ခေါ်ပါတယ်။ သူတို့က မြင်တာမှန်သမျှလိုက်ကိုင်တာပါ။Continue reading “မြင်မြင်သမျှစားချင်တဲ့ အထန်ဂေါင်းကြီးတို့ရောဂါ”

ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?

စာဖတ်သူတချို့ကလာမေးကြလို့ နည်းနည်းရှင်းပြရင်း စာတပုဒ်ရေးပေးလိုက်ပါတယ်။ လူ့ခန္ဓာကိုယ်ကို ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်က အခြေခံအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်တွေစုပေါင်းပြီးရင် ပိုကြီးတဲ့ တစ်ရှူး (tissues) ဆိုတာဖြစ်လာပါတယ်။ တစ်ရှူးတွေစုပေါင်းပြီးရင် ကိုယ်အင်္ဂါအစိတ်အပိုင်း (organ) ဆိုတာဖြစ်လာပါတယ်။ Organ ဆိုတာ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ ခြေလက် စသဖြင့် မျက်လုံးနဲ့မြင်ရတဲ့အရာတွေဖြစ်ပါတယ်။ Organs တွေအချင်းချင်းချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါ စနစ်ဆိုတဲ့ system ဖြစ်လာပါတော့တယ်။ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ သွေးလှည့်အဖွဲ့အစည်း၊ အစာအိမ်နဲ့အစာခြေအဖွဲ့အစည်း စသဖြင့်ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ဆဲလ်တွေက ပြန်ပွားနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အမျိုးအစား ၃ မျိုးခွဲလို့ရပါတယ်။ Labile cells (ကြိုက်သလိုပြန်ပွားနိုင်သော အချိန်မှန်အသစ်လဲနေသောဆဲလ်များ) Stable cells (လိုအပ်တဲ့အချိန်ရောက်မှပွားပြီး မလိုရင် အေးဆေးငြိမ်နေသောဆဲလ်များ) Permanent cells (မွေးကတည်းက မပြောင်းလဲပဲ အသစ်ထပ်မဖြစ်တော့သောContinue reading “ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?”

Create your own website, free on WordPress.com.Create your own website.
Start free