သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?

ညီလေးကို ရှင်ပြုပေးကြတဲ့အလေ့အထကို ဘာသာရေးယုံကြည်မှုအရ တချို့လူမျိုးတွေမှာ လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များနဲ့ ဂျူးလူမျိုးက ကလေးဘဝထဲက အမျိုးသားလိင်အင်္ဂါထိပ်ကို ဖြတ်ပြီး ရှင်ပြုပေးတတ်ကြပါတယ်။ ဒါကို circumcision လုပ်တယ်လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေမှာဆိုရင် ဒါက အလေ့အကျင့်တခုလိုဖြစ်နေပါပြီ။ ဒီတော့ ညီလေးကိုရှင်ပြုပေးတာနဲ့ မပြုပေးတာဘာများကွာမလဲ။ ကောင်းကျိုးပိုရှိသလား သို့မဟုတ် ဆိုးကျိုးပိုရှိသလားဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ရှင်းပြပေးသွားပါမယ်။ အမျိုးသားအင်္ဂါထိပ်က အရေပြားလေးက ဆီးသွားတဲ့အပေါက်ကို ကာကွယ်ပေးထားပါတယ်။ ဆီးသွားပြီးလို့ ကျန်တာဖြစ်ဖြစ်၊ မသန့်ရှင်းဘဲထားတာ ကြာရင်ဖြစ်ဖြစ် ချေးညော်တွေ အညစ်အကြေးတွေကပ်နေတတ်ပါတယ်။ အဲ့ အညစ်အကြေးတွေစုလာရင် ဆီးလမ်းကြောင်းပိုးဝင်တတ်တာ၊ အမျိုးသားအင်္ဂါထိပ်ဖူးယောင်ယမ်းတာ၊ မှိုရောဂါစွဲကပ်တာ စတာတွေအပြင် လိင်အင်္ဂါ ကင်ဆာအထိဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် ညီလေးထိပ်ကအရေပြားက အရမ်းတင်းကြပ်ပြီး အနောက်ကိုဆွဲလှန်မရတဲ့ ပြဿနာ (Phymosis)၊လှန်ပြီးသား အရေပြားကို ပြန်ဆွဲချလို့မရတဲ့ပြဿနာ (Paraphymosis)Continue reading “သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?”

အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 2)

ဒီအပိုင်းမှာတော့ အမေးများတဲ့ မေးခွန်းတွေကို ညီကိုတို့ နှမတို့ နားလည်သွားအောင် ဖြေပေးလိုက်ပါတယ်။ (ရှေ့အပိုင်းကို ဒီမှာဖတ်ပါ) အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)https://ouo.io/6WODbb ၁။ ၁၂နာရီခြားပြီး ဒုတိယတလုံးကိုသောက်တဲ့အခါ စောသောက်မိရင် ထပ်သောက်စရာလိုသလား? အရေးပေါ်တားဆေး ၂လုံးကို ၁၂နာရီခြားသောက်တဲ့အခါ နောက်ကျပြီးမသောက်မိဖို့က ပိုအရေးကြီးပါတယ်။ အချိန်စောပြီးသောက်မိတာက ပြဿနာမရှိပါ။ထပ်သောက်ဖို့မလိုပါ။ ၂နာရီအတွင်း အန်ပစ်လိုက်မှသာ ထပ်သောက်ရပါမယ်။ ၂။ မတော်တဆ ကိုယ်ဝန်ရှိသွားရင် တားဆေးက ကလေးကို သေစေမလား? သောက်ရတဲ့ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲတားပေးတာပါ။ ကိုယ်ဝန်ရသွားရင် ဘာအာနိသင်မှမရှိတော့သလို ကလေးကိုလဲ အန္တရာယ်မဖြစ်စေပါ။ မတော်တဆ ကိုယ်ဝန်ရသွားရင်တောင် တားဆေးကြောင့် ကလေးမှာ ကိုယ်လက်မစုံလင်တာ ၊လမစေ့ဘဲမွေးတာ ၊ကြပ်မပြည့်တာ စတာတွေ ဘာမှမဖြစ်တတ်ပါ။ အရေးပေါ်တားဆေးက ကလေးကိုဖျက်ချတဲ့ ဖျက်ဆေးမဟုတ်ပါ။ကလေးဆိုတာဖြစ်မလာခင်Continue reading “အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 2)”

အရေးပေါ်တားဆေး Emergency Contraception ဆိုတာ ဘာလဲ

72 နာရီဆေးလို့ လူသိများတဲ့ အရေးပေါ်တားဆေးကို မြန်မာနိုင်ငံမှာ အများစုက Ecee2 , Lydia စတဲ့ brand နာမည်တွေနဲ့ အသိများလေ့ရှိပါတယ်။ တခြားသော brand အမျိုးအစားနဲ့ ဆေးတွေလည်း ရှိပေမဲ့ ဒါတွေက လူသိအများဆုံး ဆေးတွေပါ။ ဒီဆေးတွေမှာ ဘယ်ဆေးက ကောင်းလဲလို့မေးရင် ‌လိင်ဆက်ဆံပြီး စောစောသောက်တဲ့ဆေးက အကောင်းဆုံးပါ။ အထူးသဖြင့် လိင်ဆက်ဆံပြီး 24 နာရီအတွင်းသောက်ရင် ကိုယ်ဝန်မရအောင် 95-98% လောက် ကာကွယ်နိုင်ပါတယ်၊ နောက်ကျလေလေ တားဆေးကာကွယ်နိုင်စွမ်းကျလာပြီးတော့ 72 နာရီအတွင်းသောက်ရင် 80-85% လောက်ပဲ ကာကွယ်နိုင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ စောစောသောက်လေ ပိုစွမ်းလေ ဖြစ်ပြီး နောက်ကျလေလေ အာနိသင်ကျလေပါ။ ဆေးကို ဘယ်လိုသောက်ရမလဲမေးရင် တချို့ဆေးတွေက ဆေးတစ်လုံးထဲ လာတယ် ၊ ‌တချို့ကContinue reading “အရေးပေါ်တားဆေး Emergency Contraception ဆိုတာ ဘာလဲ”

ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့

ညီကိုတို့…. ပိုက်ဆံအိတ်ထဲမှာ ရေမလျှံရင်နေ… ကွိုင်ပါဖို့တော့ လိုလိမ့်မယ်။ ချစ်ရေးချစ်ရာကိစ္စတွေက ဘာမှကြိုတင်ခန့်မှန်းထားလို့ရတာမဟုတ်လို့ ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။ ညီကိုက…လိုတော့မှ ကွိုင်ပြေးဝယ်တတ်သူလား…. ကွိုင်အဟောင်းနဲ့ တသက်ဆောင်းတတ်သူလား…. ကွိုင်မပါပေမယ့် အိမ်ပိုင်ပါတယ်ဆိုတဲ့လူလား…. ဘယ်လိုပဲဖြစ်ဖြစ် ကွိုင်မဆောင်ရင်တော့ အသေလောင်တတ်ပါတယ်။ Sex ကိစ္စကို ညီကိုတို့ဆောင်ရွက်တဲ့အခါ သာယာဖို့အရေးကြီးပါတယ်။ Feeling ကောင်းဖို့ သာယာဖို့ဆိုတာsex မတိုင်ခင်ရောsex နေစဥ်မှာရောsex ပြီးသွားတဲ့အခါ အိမ်ပြန်နူတ်ဆက်တဲ့အခါမှာရော စိတ်ရှင်းရှင်းနဲ့ ပေါ့ပါးနေဖို့ နောက်ဆံမတင်းဖို့လိုပါမယ်။ ကွိုင်မဆောင်ရင်တော့ Safe sex ဖြစ်မှာမဟုတ်သလို နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နဲ့ လောင်နေရပါလိမ့်မယ်။ အဲ့တော့ ညီကိုတို့ကို “ကြာကြာဝါးမယ့်သွား ဘာစားစားအရိုးကြည့်ရှောင်” လို့မှာပါရစေ။ ချစ်မှုရေးရာဆောင်ရွက်တဲ့အခါ ညီကိုတို့ အချက်၃ချက်ကို မမေ့ပါနဲ့… (၁) သူရောကိုယ်ရော စိတ်ကျေနပ်ရမယ်။ (၂) မလိုလားတဲ့ ကိုယ်ဝန်မရစေဖို့ရယ် (unwanted pregnancy) (၃)Continue reading “ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့”

ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့

ညီကိုတို့ရေ…. ညီကိုတို့တွေက တစ်နေ့တစ်နေ့ ဂျပန်သိုင်းကား အမေရိကန်သိုင်းကားတွေကြည့်ပြီး အဲ့သိုင်းကားတွေထဲက မင်းသားကိုင်တဲ့ ဓားရှည်ရှည်ခိုင်ခိုင် ကောင်းကောင်းတွေကို ကြည့်ပြီး အားကျနေကြမှာပဲ။ အဲ့လိုအားကျပြီးတဲ့သကာလ ကိုယ့်ရဲ့ ဓားကို ကြည့်ပြီး သိမ်ငယ်ကောင်း သိမ်ငယ်မယ်။ ဓားကို ရှည်အောင် ကောင်းအောင် ဆိုပြီး နည်းမျိုးစုံ သုံးမယ် ပန်းပဲဖိုဆီ သွားကြမယ်။ ပန်းပဲဖိုက တော်ရင်တော့ တစ်မျိုးပေါ့။ အဲ့ ပန်းပဲဖိုက ဂျင်းဆိုလို့ကတော့ ညီကိုတို့ရှိပြီးသား ဓားတွေက ရှည်ပါရဲ့ ကြီးပါရဲ့ အရွယ်အစားမမှန် အသွားမထက် ကြာရင် ပျက်ဆီးပုပ်ပွပြီး ဓားတစ်ချောင်းလုံး ပစ်ရတဲ့အထိ ဖြစ်သွားမယ်ဆိုတာလေးလည်း သတိရှိကြဖို့ပါ။ တကယ်တော့ ညီကိုတို့ သတိမထားမိတာ မေ့နေတာက ဓားရှည်ရှည်ကိုင်ထားလည်း သိုင်းမတတ်ရင် ကားယားကားယားနဲ့ အလကားပါပဲ ရန်သူကိုလည်း နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာက သိုင်းကျမ်းကြေညက်ဖို့ပါလို့Continue reading “ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့”

Design a site like this with WordPress.com
Get started