သင့်မှာ Typoglycemia အစွမ်းရှိနေသလား?

အရင်ဆုံး ဘာမှမပြောကြသေးခင် အောက်မှာပါတဲ့ အင်္ဂလိပ်စာကြောင်းလေးတွေကို ခပ်သွက်သွက် ဖတ်ကြည့်လိုက်ပါ။ သင်ဖတ်လို့ရပါသလား….အဓိပ္ပာယ်ရှိနေပါသလား။ သင်ဖတ်လို့ရတယ်ဆိုရင်တော့ သင့်မှာ Typoglycemia ဆိုတဲ့ အစွမ်းတခုရှိနေပါတယ်။ Typoglycemia ဆိုတာက သင့်ဦးနှောက်ရဲ့ စာဖတ်ပုံအစွမ်းကိုပြောချင်တာပါ။ ဦးနှောက်က စာလုံးတွေကိုဖတ်တဲ့အခါ စာလုံးပေါင်းပြီး အက္ခရာတလုံးချင်းစီလိုက်မဖတ်ပါဘူး။ အရှေ့ဆုံးအက္ခရာနဲ့ နောက်ဆုံးအက္ခရာကိုသာ ဖျတ်ခနဲကြည့်ပြီး ဘာစာလုံးဖြစ်လောက်သလဲဆိုတာကို ခန့်မှန်းဖတ်တာပါ။ အထူးသဖြင့် စာကိုမြန်မြန်ဖတ်ရတဲ့အခါမှာ ပိုသိသာပါတယ်။ အလယ်ကအက္ခရာတွေကို နေရာရွှေ့ထားပေမယ့်လဲထိပ်ဆုံးကအက္ခရာနဲ့ နောက်ဆုံးအက္ခရာမှန်နေသ၍ ခန့်မှန်းပြီးဖတ်လို့ရနေပါတယ်။ အောက်ကစာကိုဖတ်ပြီး နောက်တကြိမ်စမ်းကြည့်ရအောင်။ ဘယ်လိုလဲ…သင်ဖတ်လို့ရပါသလား။ ဒီလိုဖတ်တတ်တဲ့သူတွေကို Typoglycemia အစွမ်းရှိတယ်… လူသားအားလုံးရဲ့ ၄% လောက်ပဲဒီလိုဖတ်တတ်တာ… သင်က စူပါဦးနှောက်ရှိပါတယ်ဆိုပြီး အင်တာနက်မှာ လျှောက်ပြောကြတာရှိပါတယ်။ တကယ်တမ်းကတော့ လူတိုင်းလိုလို အင်္ဂလိပ်စာနဲနဲတတ်ရင် ဒါကိုဖတ်လို့ရပါတယ်။အလေ့အကျင့်လေးရှိရင် ပိုလွယ်သွားပါတယ်။ သင်က Typoglycemia ရှိလို့ ပိုပြီး smartContinue reading “သင့်မှာ Typoglycemia အစွမ်းရှိနေသလား?”

ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?

ဒီခေါင်းစဉ်ကို ရေးရတာ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့ပဲ ရေးလိုက်ပါတယ်။ကျွန်တော်တို့တွေ တော်တော်များများကတော့ တစ်ဝမ်းကွဲအချင်းချင်းလက်ထပ်တာကို ဒါမျိုး မိမိလက်မခံ လို့ သတ်မှတ်ထားကြပါတယ်။ ဘာလို့လက်မခံရသလဲလို့ မေးလိုက်ရင် ကလေး ဂေါက်သီးလေးမွေးလာတတ်တယ်၊ ကလေးမှာ ရောဂါထူမယ် စသဖြင့် Science နဲ့ကိုင်ပေါက်ကြတဲ့လူရှိသလို အမျိုးချင်းယူရအောင် ခွေးတွေမို့လို့လား၊ ယူရမယ့်သူ အဲ့လောက်တောင်ရှားနေလား ဆိုပြီး Culture နဲ့ကိုင်ပေါက်ကြတာလည်း ရှိပါတယ်။ ဒီတော့ Culture သမားကို ခဏမေ့ထားလိုက်ပါမယ်။ (တိကျတဲ့ အချက်အလက်တွေ မပါဘဲ ပြောရတာ အဆင်မပြေလို့ပါ)Science နဲ့ ကိုင်ပေါက်တဲ့သူရဲ့ အကြောင်းပြချက်တွေက မှန်နေလားဆိုတာ Science နဲ့ပဲ ပြန်ချိန်ကိုက်ကြည့်ရအောင်…။ ရာဇဝင်ထဲမှာတော့ ဒီလိုလက်ထပ်ကြတာ မဆန်းပါဘူး။ဗုဒ္ဓတောင်မှ လူဝတ်ကြောင်ဘဝမှာ ဝမ်းကွဲနှမကို လက်ထပ်ခဲ့တာပဲ၊ ရာဟုလာလေး ရူးမသွားပါဘူး။ (ဒီလိုContinue reading “ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?”

ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ) ဘုရားဟောနဲ့ပြန်ဆက်ပါမယ်။သတ္တဝါတို့သည် ရေပေါ်တွင်ပျံနှံ့နေသည့် မြေဆီကို စတင်စားသုံးကြ၏။ အရသာသည် အလွန်နှစ်သက်ဖွယ်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာသည် သူတို့သန္တာန်တွင် ဖြစ်ပေါ်လာ၏။ သူတို့စားသုံးသောအတိုင်းအတာပေါ်မူတည်ပြီး သူတို့ခန္ဓာကိုယ်များသည် အစိုင်အခဲဖြစ်လာကြပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ရုပ်အဆင်းအမျိုးမျိုးကွဲပြားလာကြသည်။ ဤဖြစ်စဉ်သည်ရှည်လျားလှသော ကာလပတ်လုံး ဆက်လက်ဖြစ်ပေါ်နေ၏။ Science ဖက်က ပြောပါဦးမယ်။Eukaryote တွေပေါင်းမိကြပြီး ရေနေသတ္တဝါတွေဖြစ်လာပါတယ်။ရေနေသတ္တဝါဆိုလို့ ငါးတို့၊ ရေဘဝဲတို့ကို မမြင်ပါနဲ့။ အဆင့်မြင့်သတ္တဝါတွေ မဖြစ်လာသေးပါဘူး။ဒီသတ္တဝါလေးတွေဟာ ရေထဲကမြေကြီးတွေ၊ ကုန်းမြေအနီးကမြေကြီးတွေကို အာဟာရအတွက် စားသုံးကြပါတယ်။တချို့တွေဆို မြေကြီးထဲမှာ ပေါပေါများများရတဲ့ Calcium တွေကို သုံးပြီး သူ့ကိုစားမယ့် အခြားအကောင်တွေရန်က ကာကွယ်ဖို့ ခန္ဓာကိုယ်မှာ အကာအကွယ် အမာတစ်ခုဖြစ်လာပါတယ်။ ဒါက အရိုးတွေဖြစ်လာတာရဲ့အစပါ။ ဒီသတ္တဝါတွေဟာ အာဟာရအတွက် စားသုံးနေကြပြီဆိုတော့ “ငါ စားဖို့ ရှာရဦးမယ်” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။ (တဏှာဆိုတဲ့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)”

ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)

ဒီလိုမျိုးရေးလာတာ ၆ပုဒ်မြောက်ပါပြီ။ ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ ခုရေးတဲ့စာကို “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?” ရဲ့နောက်ဆက်တွဲ (Sequel) အဖြစ်လည်း မြင်ကြည့်လို့ရပါတယ်။အဲ့ဒီမှာ ရေးခဲ့တဲ့ ကမ္ဘာကြီးစဖြစ်လာပုံကိုတော့ ဒီမှာ ထပ်မရေးတော့ပါဘူး။ https://ouo.io/5pKaUS (ဖတ်ချင်တဲ့သူတွေအတွက်ပါ) ဘုရားက သက်ရှိတွေဘယ်လိုဖြစ်လာသလဲဆိုတာ ဟောခဲ့ဖူးပါတယ်။အဂ္ဂညသုတ်မှာ ကမ္ဘာမြေကြီး ပြောင်းလဲတိုးတက်လာသည့်အခါ အဆင့်တစ်ခုတွင် မှောင်မိုက်နေပြီး ရေဖုန်းလွှမ်းနေသည်။ထိုအချိန်က တည်ရှိခဲ့သော သတ္တဝါများသည် လိင်ကွဲပြားမှုမရှိသေးချေ လို့ဆိုပါတယ်။ Science မှာလည်း ကမ္ဘာကြီးရဲ့အစက လေထုထဲမှာ Carbon Dioxide, Methane, Ammonia တွေပါတယ်လို့ ဆိုတယ်။ Oxygen မရှိသေးပါဘူး။ အဲ့ဒီကာလမှာ နေရောင်တွေ တိုးမပေါက်ခဲ့ဘူး။ (မှောင်နေခဲ့တာပေါ့)အဲ့ဒီအချိန်မှာတော့ ရေတွေလည်း သမုဒ္ဒရာတစ်ခုစာဖြစ်နေပါပြီ။ လိင်ကွဲပြားမှုမရှိသေးတဲ့ သတ္တဝါဆိုလို့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)”

စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 1)

The Big Bang Theory ကိုတစ်ခါမှ မဖတ်ဖူး၊ မကြားဖူးဘူးဆိုရင် Short Version ကိုအရင်ဖတ်ပေးပါ။ အစကတော့ အတို Version နဲ့တင် ရပ်လိုက်မလို့ပါပဲ။အရှည် Version ကိုတောင်းလာတော့ ဆက်ရေးလိုက်ရပါတယ်။ (ကျွန်တော်လည်း ဆက်ရေးချင်နေတာ… ဖတ်တဲ့သူရှိ၊ မရှိမသေချာလို့ပါ)ခု အရှည် Version မှာတော့ ရှင်းစရာတွေများတဲ့အတွက် အပိုင်းတွေလည်းများနိုင်ပါတယ်။ အချိန်တစ်စက္ကန့်အတွင်းမှာ အများအပြား ဖြစ်ပျက်ပြောင်းလဲပြီး စကြဝဠာကြီး ဖြစ်လာခဲ့တာပါ။Big Bang Theory မှာ အချိန်တွေပိုင်းခြားသတ်မှတ်ထားပါတယ်။ Epoch လို့စာတွေမှာ ရေးကြပါတယ်။Epoch ဆိုတာ ခေတ်ကာလ အပိုင်းအခြားတစ်ခုကို ဆိုလိုချင်တာပါ။ အောက်ပါပုံသည် ခုရေးမယ့်စာတစ်ခုလုံးနှင့်သက်ဆိုင်တဲ့အတွက် Part 2 မှာပါထည့်ထားပါတယ်။ Planck Epoch (Time Zero to 10-43second) အမှတ်စက်Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 1)”

Design a site like this with WordPress.com
Get started