Cookies & Our Daily Lives

အပေါ်ကလိုမျိူး မေးခွန်းလေးတွေကို ကျွန်ုပ်တို့ အားလုံးမြင်ဖူးကြမှာပါ။ ခုဒီစာကို ဖတ်နေတဲ့ website မှာတောင် ရှိချင်ရှိနေမှာပါ။ Cookie တွေဟာ ကျွန်တော်တို့အားလုံးရဲ့ internet အသုံးပြုမှုကို များစွာသက်ရောက်နေပါတယ်။ ဒီနေ့ခေတ်မှာ Cookie မသုံးတဲ့ website ကြီးကြီးမားမားဆိုတာ မရှိသလောက်ပါပဲ။ Facebook, Twitter တို့လို social media service ကြီးတွေကအစ Amazon လို e-commerce site တွေနဲ့ personal blog လေးတွေအထိ Cookie တွေကို အသုံးပြုကြပါတယ်။ ဒီလို Cookie တွေကို သုံးခြင်းအားဖြင့် အကျိုးကျေးဇူးတွေ၊ တနည်းအားဖြင့် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်စေပါတယ်။ ဘယ်လို လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်စေမလဲဆိုတာကိုသိဖို့အတွက် Cookie တွေရဲ့ အခြေခံအလုပ်လုပ်ပုံကို သိဖို့လိုလာပါတယ်။Continue reading “Cookies & Our Daily Lives”

Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 4)

ယခု Part 4 ကို မဖတ်ခင် Part 1, 2, 3 ကို အရင်ဖတ်ပေးဖို့ အကြံပြုပါတယ်ခင်ဗျ။ https://ouo.io/ouheba (Part 1) https://ouo.io/H09gObh (Part 2) https://ouo.io/m6gNl3 (Part 3) Digital certificates တွေအကြောင်းကို သိဖို့လိုလာပါတယ်။ အရင် အပိုင်းက ပြဿနာကို ကြည့်မယ်ဆိုရင် Server မဟုတ်တဲ့ အခြား entity တစ်ခုက သူ့ရဲ့ public key ကိုသုံး server ယောင်ဆောင်ပြီး client (ကျနော်တို့/လက်ခံသူ) ဆီကို ပေးပို့လာနိုင်ပါတယ်။ အဲ့အခါမှာ client အနေနဲ့ သူ့ဆီရောက်လာတာ server ဆီက public key ပဲလား တခြားဆီကလားဆိုတာ ခွဲခြားလို့မရပါဘူး။Continue reading “Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 4)”

Bitcoin အကြောင်း (Part 3)

(Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပေးပါ) Part 2 မှာ ဘယ်စာအုပ်ကို ယုံရမလဲဆိုတဲ့ ပြဿနာရှိလာတယ်ဆိုတာ ပြောခဲ့ပါပြီ။ ခုအပိုင်းဟာ ရှုပ်ထွေးမှာဖြစ်တဲ့အတွက် သေချာဖတ်ပေးစေလိုပါတယ်။ ယုံကြည်မှုပြဿနာကို ဖြေရှင်းဖို့အတွက် စာအုပ်တစ်အုပ်ချင်းစီက Data တွေကို Block တွေခွဲလိုက်ပါတယ်။ (တစ်လလုံးစာ စာရင်းမတွက်ဘဲ တစ်ရက်စာ တစ်ရက် စာရင်းတွက်သလိုပေါ့) Block တစ်ခုချင်းစီဟာ မှန်ကန်မှုရှိကြောင်း Proof of Work လိုပါတယ်။ (ဒါမှသာ နောက်ရက် စာရင်းနဲ့ပေါင်းပြီး လကုန်တဲ့အခါ လချုပ်စာရင်းလုပ်လို့ရမှာပါ) Proof of Work ဆိုတာလည်း နံပါတ် ၁ခုပါပဲ။ကိုယ့် Block ထဲက Data တွေနဲ့ Proof of Work နံပါတ်နဲ့ ပေါင်းပြီးContinue reading “Bitcoin အကြောင်း (Part 3)”

Bitcoin အကြောင်း (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ) ဒီလောက်ဆို ယုံကြည်လို့ရပြီလားလို့ မေးစရာရှိပါတယ်။A က အသုံးအဖြုန်းကြီးတဲ့အတွက် သူပေးရမယ့် ပိုက်ဆံတွေမပေးဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။အဲ့ဒီအတွက်ကြောင့် စာအုပ်ထဲမှာ စရေးမယ်ဆိုရင် ဘုံပိုင်ငွေထဲကို ပိုက်ဆံပမာဏတစ်ခုအရင်ထည့်ရပါတယ်။(ဘဏ်တွေဆီက ပိုက်ဆံချေးမယ်ဆိုရင် ကိုယ်ကပြန်ဆပ်နိုင်ကြောင်း အထောက်အထားတစ်ခုခုပြရသလိုပေါ့) အဲ့ဒီတော့ သူငယ်ချင်း ၄ယောက် ၁သောင်းစီထည့်ထားကြတယ်ဆိုပါစို့။ဒါဆိုရင် သူတို့ငွေထည့်ထားတဲ့အတွက် မပေးဘဲထွက်ပြေးဖို့ခက်သွားမှာပေါ့။ ပြီးတော့ သူတို့တစ်ယောက်ချင်းစီကို စာအုပ်ထဲမှာ ရှိတဲ့ငွေထက် ပိုပြီး အသုံးမခံဘူး။ဥပမာ A က စာအုပ်ထဲမှာ ၁သောင်းခွဲပိုင်ထားရင် အဲ့ဒီထက်ပိုမသုံးနိုင်အောင် တားထားတာမျိုးပေါ့။ အဲ့ဒီတော့… ဒီစာအုပ်ထဲမှာပဲ တစ်သက်လုံး ငွေပေးလိုက်၊ ယူလိုက်လုပ်နေကြရင် ပိုက်ဆံ (Dollar, Euro, ကျပ်) ဆိုတာ ဘယ်လိုတော့မလဲ။Cryptocurrency ဆိုတာ ဒီသဘောပါပဲ။Dollar နဲ့ ကျပ်ငွေကို လဲသလိုပဲ သူ့ကိုလဲ DollarContinue reading “Bitcoin အကြောင်း (Part 2)”

Bitcoin အကြောင်း (Part 1)

(Public Key Cryptography အကြောင်းမဖတ်ရသေးဘဲ ဒါကို မဖတ်သင့်ပါဘူး၊အဲ့ဒီ Article မှာရေးထားတဲ့အချက်တွေထဲက အနည်းအကျဉ်းပဲ ဒီမှာပြန်ရှင်းပြတော့မှာပါ) Bitcoin က Digital Currency (လေလှိုင်းပေါ်ကငွေကြေး) တစ်ခု ဆိုတာတော့ လူတိုင်းသိကြမှာပါ။ဒါပေမယ့် ထူးခြားတာက သူ့ကိုထိန်းချုပ်တဲ့ အစိုးရမရှိသလို၊ ဘဏ်တွေမှာလည်း Account သွားဖွင့်စရာမလိုပါဘူး။အဲ့ဒါဆို ဘယ်သူက တီထွင်ထားတာလဲဆိုတာမေးစရာ ရှိလာပါတယ်။ (စိတ်ချရရဲ့လားပေါ့)ဆိုတော့… ဘယ်သူတီထွင်ထားလဲဆိုတာကို သေသေချာချာမသိကြပါဘူး။ Cryptography နည်းကိုသုံးထားတဲ့အတွက် Cryptocurrency လို့ခေါ်ပါတယ်။Cryptography ဆိုတာ ကိုယ့်ရဲ့ information တွေကို မသက်ဆိုင်တဲ့လူတစ်ယောက် ကြားဝင်ရယူမသွားနိုင်ဘဲ ကိုယ်ရည်ရွယ်တဲ့လူဆီကို တိုက်ရိုက်ရောက်အောင် ကာကွယ်ပေးထားတဲ့နည်းပါ။(သေချာသိချင်ရင် “အင်တာနက်ပေါ်မှာ လျှို့ဝှက်ဆက်သွယ်ခြင်းနည်းနာများ” ဆိုတာကိုတင်ပေးထားပါတယ်၊ ဖတ်ကြည့်ပေးပါ) https://ouo.io/ouheba (Part 1) https://ouo.io/H09gObh (Part 2) Bitcoin တစ်မျိုးတည်းမဟုတ်ဘဲContinue reading “Bitcoin အကြောင်း (Part 1)”

Design a site like this with WordPress.com
Get started