ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?

၂၀၂၁ ခုနှစ် ဇွန်လတုန်းက ပင်တဂွန်ဟာ UFO တွေအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ချပြခဲ့ပါတယ်။ သူတို့ Navy Pilot တွေပျံသန်းနေတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ UFO တွေရဲ့ Video ၃ခုကို ထုတ်ပြန်လိုက်တာပါ။ UFO ဆိုတာ အမျိုးအမည်မသိတဲ့ ယာဉ်ပျံများ (Unidentified Flying Objects) လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။UFO တွေဟာ လူတွေကို ခေါင်းစားစေတာ နှစ်ပေါင်း ၈၀ လောက်ရှိနေပါပြီ။ သူတို့ကို မီပြီးတော့ Science Fiction မှာ ဂြိုလ်သားဇာတ်လမ်းတွေ ပေါ်လာတာပါ။ ဒါကြောင့် ပင်တဂွန်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဒီယာဉ်ပျံတွေကို UFO လို့မခေါ်ပါဘူး။ UAP လို့ခေါ်လိုက်ပါတယ်။ အရှည်က Unidentified Aerial Phenomena ပါ။ ဒီလိုထုတ်ပြန်လိုက်တော့ AliensContinue reading “ပန်းကန်ပြားပျံ (UFO) တွေ တကယ်ရှိတာလား?”

လကမ္ဘာပေါ်လူတွေရောက်ခဲ့တယ်ဆိုတာ တကယ်ရောဟုတ်လို့လား?

၁၉၆၉ခုနှစ်၊ ဇူလိုင် ၂၀ တုန်းက လကမ္ဘာပေါ်လူသားတွေအခြေချနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ဓာတ်ပုံတွေဆက်တိုက်ကို တက်လာခဲ့ပါတယ်။ တီဗီတွေ ရေဒီယိုတွေထဲမှာ လကိုသွားခဲ့တဲ့ ခရီးစဥ်အကြောင်းတွေပဲ အချိန်တိုင်း ထုတ်လွှင့်ခဲ့ပါတယ်။ ပထမဆုံးလပေါ်ခြေချခဲ့သူအဖြစ် အာကာသယာဥ်မှူး နေးလ်အမ်ထရောင်း (Neil Armstrong) ကိုဖော်ပြကြပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ သို့သော် လူအများစုစိတ်ထဲမှာ ယုံရခက်လွန်းနေပြီး ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ ထင်ကြပါတယ်။ လဆိုတာလှမ်းမြင်ရတာတောင် သေးသေးပဲမြင်ရတာ အာကသထဲရောက်အောင်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး နာဆာက ဂျင်းထည့်နေတာပဲလို့ထင်ကုန်ပါတယ်။ နာဆာက ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေကိုကြည့်ပြီး ဓာတ်ပုံအတုတွေလို့စွပ်စွဲကြပါတယ်။ သူတို့စွပ်စွဲချက်တွေကို National Geographic ကဆောင်းပါးတပုဒ်မှာ ရှင်းပြထားတာသဘောကျလို့ ရေးသားတင်ပြလိုက်ရပါတယ်။ ပထမဆုံး အချက်က ဓာတ်ပုံထဲမှာ အမေရိကန်အလံကြီးက ဘာလို့တလူလူလွင့်နေရတာပါလဲတဲ့။ တကယ်ဆို လေမရှိတဲ့ လေဟာပြင်အာကသထဲမှာ အလံကလွင့်နေစရာအကြောင်းမရှိပါဘူး။ ဒါသက်သက် လုပ်ကြံပြီး ကမ္ဘာပေါ်မှာပဲ ရိုက်ထားတဲ့ဓာတ်ပုံလို့ဆိုကြပါတယ်။Continue reading “လကမ္ဘာပေါ်လူတွေရောက်ခဲ့တယ်ဆိုတာ တကယ်ရောဟုတ်လို့လား?”

The Mathematics of Rubik’s Cube

Rubik’s Cube ကို ကျွန်တော်တို့အားလုံး ရင်းနှီးကြပါတယ်။ ငယ်ငယ်တုန်း ကတော့ “မသိဘူး လှည့်မယ်” ဆိုပြီး လျှောက်ဆော့ ခဲ့ကြတာပေါ့။ နောက်ပိုင်း internet တွေ ဘာတွေ သုံးတတ်လာတော့ “How to solve Rubik’s cube” ဆိုပြီး ရိုက် ရှာရတာပေါ့လေ။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ပြန်သင်ပေးကြနဲ့ ဟုတ်နေတာပဲ။ ဆိုတော့ …. Rubik’s cube ရဲ့ puzzle က သင်္ချာ ပုစ္ဆာ တစ်ပုဒ် ပါ လို့ ပြောရင် သင်ငြင်းမှာ မဟုတ်ပါဘူး။ ဒီ article မှာ 3 x 3 x 3 Rubik’s cubeContinue reading “The Mathematics of Rubik’s Cube”

The Simpsons & Mathematics

The Simpsons ဆိုတဲ့ TV show ကို လူတိုင်း သိကြမှာပါ။ ဒီ article မှာ “The Simpsons” TV show ထဲက ဘယ် episode တွေမှာ သင်္ချာ နဲ့ ပတ်သက်တဲ့ reference တွေကို ဘယ်လို ပြသ သွားတယ် ဆိုတာကို ပြောပြသွားပါမယ်။ Fun fact အနေနဲ့ ပြောချင်တာကတော့ The Simpsons ရဲ့ script-writer တွေထဲမှာ တကယ့် PhD ဘွဲ့ရ သင်္ချာပညာရှင်တွေ ပါဝင် တယ်ဆိုတာပါ။ ဒါကြောင့်လည်း episode တွေ တော်တော်များများမှာ သင်္ချာနဲ့ ပတ်သက်တဲ့ easter egg လေးတွေကို တွေ့မြင်ရမှာပါ။ ဒီContinue reading “The Simpsons & Mathematics”

Design a site like this with WordPress.com
Get started