“Probiotics”, “Prebiotics” သောက်သုံးခြင်းတို့နဲ့ ကျန်းမာရေး

ယနေ့ခေတ် အစာအာဟာရနဲ့ ကျန်းမာရေးနယ်ပယ်မှာ ဖြည့်စွက်စာလို့ဆိုတဲ့ supplements တွေဟာ အလွန်ခေတ်စားလျက်ရှိပါတယ်။

အဆိုပါဖြည့်စွက်စာများနဲ့ပတ်သက်ပြီး
သိပ္ပံနည်းကျစမ်းသပ်ချက်များရှိသလို စျေးကွက်ထဲလူကြိုက်များအောင်ချဲ့ကားပြောဆိုချက်များလဲရှိပါတယ်။

ခေတ်စားကြတဲ့ ဖြည့်စွက်စာများထဲမှာ Probiotics တွေ Prebiotics တွေလဲပါဝင်ပါတယ်။

Probiotics ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားများ (gut microbiota)ကို ဖြည့်စွက်စာအနေနဲ့စားသောက်ခြင်းဖြစ်ပါတယ်။
( ဥပမာ ဝမ်းရောဂါဖြစ်ပြီးနောက် အကျိုးပြု ပိုးမွှားများ ပြန်လည်ပွားများစေဖို့ ဒိန်ချဥ်သောက်ခြင်း။ )

Prebiotics ဆိုတာကတော့ အဆိုပါ အကျိုးပြုပိုးမွှားများစားသောက်ရန် အစားအစာကို ဖြည့်စွက်စာအနေနဲ့သုံးဆောင်ခြင်းဖြစ်ပါတယ်။ (food for gut microbiota)
(ဥပမာ dietary fibers များ ၊ oligofructose ကဲ့သို့ ဖြည့်စွက်စာများ။)

အဆိုပါ အကျိုးပြုအဏုဇီဝပိုးမွှားများသည် သက်ရှိများရဲ့ အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်တွင်နေထိုင်ပြီး ကျန်းမာရေးအတွက် များစွာလွှမ်းမိုးမှု အကျိုးသက်ရောက်မှု ရှိကြောင်းတွေ့ရသည်။

အထူးသဖြင့် အဝလွန်ခြင်း(obesity)နှင့် ဆီးချိုသွေးချိုရောဂါ(Diabetes mellius) တို့သည် ထိုပိုးမွှားများနဲ့ဆက်စပ်နေကြောင်းတွေ့ရသည်။

ကြွက်များတွင်စမ်းသပ်ချက်အရ
အူထဲတွင်ပိုးမွှားမရှိသောကြွက်(germ free mice)များသည် ပုံမှန်ကြွက် (normal control mice) များနဲ့ယှဥ်လျှင် အဝလွန်နိုင်ခြေပိုနည်းပြီး အဆီပမာဏ ၄၀% ပိုနည်းကြောင်းတွေ့ရသည်။

Germ free mice တွေရဲ့ အူထဲကို ပိုးမွှားတွေပြန်ထည့်ပေးလိုက်တဲ့အခါ
ကိုယ်အလေးချိန်ပြန်တက်လာတာကိုတွေ့ရပါတယ် ပြီးတော့ ဆီးချိုဖြစ်စေတဲ့ insulin resistance လဲတက်လာတာကိုတွေ့ရပါတယ်။

ဒီလိုဖြစ်ရခြင်းက gut microbiota ရှိခြင်း ၊မရှိခြင်းထက် ပိုးမွှားရဲ့အမျိုးအစားပေါ်ပိုမူတည်ပါတယ်။

Gut microbiota များနဲ့ ရောဂါများအကြောင်းကို နောက်ထပ် post တွေမှာရေးပေးပါဦးမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started