Freedom of Speech နဲ့ Freedom of Reach

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဟိုးအရင်ကတည်းက ရနေပြီးသားပဲ။ ဘာမပြောနဲ့ ညာမပြောနဲ့လို့ ဘယ်လိုတားတား တစ်ယောက်တည်းရှိနေတဲ့ချိန်တော့ ပြောလို့ရတယ် မဟုတ်လား။ မသကာ လျှာဖြတ်ပစ်မှပဲ ​ပွဲကပြတ်သွားတာ။ အဲ့တာကြောင့် ရှေးခေတ် ပဒေသရာဇ်စနစ်မှာ ဘုရင်ကို ပေါက်ကရဆဲရင် လျှာဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လျှာပါတဲ့ ခေါင်းကိုဖြတ်ပစ်တာပဲ။

Freedom of Reach ကတော့ လူတွေသိပ်တွေးမိကြမှာ မဟုတ်ဘူး။ လွတ်လပ်စွာ ပေါက်ရောက်မှုလို့ ဘာသာပြန်မယ်လေ။ ကိုယ်ရဲ့ ပြောဆိုရေးသားမှုတွေက တစ်ဖက်နားကို ပေါက်ရောက်တာကို ပြောချင်တာ။ မြင်သာမြင် မသိစေနဲ့ ဆိုတာက Freedom of Reach ကို ပိတ်ပင်လိုက်တာပဲ။ ဒါကို လူတွေ တွေးမိမှာ မဟုတ်ဘူး။

အခုခေတ်မှာ ဆက်သွယ်ရေး ဖွံ့ဖြိုးလာမှုနဲ့အတူ Freedom of Reach က တော်တော် အခရာ ကျလာတယ်။ တစ်နည်းအားဖြင့် ကုမ္ပဏီတစ်ခုရဲ့ သန့်ရှင်းရေး ဝန်ထမ်းက BOD ရဲ့ Meeting မှာ တက်ဆွေးနွေးလို့ မရပေမယ့် သူရေးလိုက်တဲ့ စာတစ်ခုခုကို ကုမ္ပဏီ ဝန်ထမ်းတွေ အကုန်ဝိုင်း share ကြမယ်၊ BOD ရဲ့ meeting ထိ ပေါက်ရောက်သွားမယ်ဆိုရင် သူ့စကားကို အရေးတယူ လုပ်လာရရောပဲ။ ဒါ Freedom of Reach ရဲ့ ဆိုးကျိုးလို့ပြောရမယ်။

ဘာဖြစ်လို့လဲဆိုတော့ လူမျိုးစုံ စိတ်မျိုးစုံ အတွေးမျိုးစုံဖြစ်နေတဲ့အတွက် တစ်ခုတည်းကို မြင်ပုံက ဘယ်တော့မှ မတူနိုင်ဘူး။ မတူတာကို မတူကြောင်း ပြောလို့ရပေမယ့် ပြောတာတွေက မောင်းနှင်အားကို ရောက်တဲ့အထိ ပေါက်ရောက်သွားရင် ဦးတည်ချက် ဖြောင့်နေတဲ့ ကိစ္စတွေက အနှောင့်အယှက် ဖြစ်သွားနိုင်တယ်။ အဲ့လိုဆိုလို့ ဘာမှမပြောရဘူးလဲ မဟုတ်ဘူး။ ဒီကိစ္စက တော်တော်စားရတဲ့ ပြသနာ ဖြစ်လာနေတယ်။

အဲ့တာကြောင့် တချို့ ဦးတည်ချက်တစ်ခုတည်းကို သွားနေတဲ့ Organization ဆိုရင် Freedom of Reach ကို ရတဲ့နည်းနဲ့ ကန့်သတ်လေ့ ရှိတယ်။ မောင်းနှင်အားတစ်ခုအောက်က လူသားတွေ စိတ်ဝေဝါးမသွားအောင်၊ ထွေပြားမသွားအောင်ပေါ့။

ကျနော် စဥ်းစားမိလိုက်တဲ့ Topic တွေက ဘယ်တော့မှ အဖြေလို့ရှိမလာတတ်ဘူး။

Lucifer

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိ်ုင်ပါတယ်။
လှူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started