ကျွန်တော်တို့ဟာ လူသားတွေပါ
စိတ်ဓာတ်ကျတတ်ကြပါတယ်
ဘယ်အချိန်တွေမှာ စိတ်ဓာတ်ကျတတ်ပါသလဲ ?
- လုပ်ချင်တာ မလုပ်ရတဲ့အခါ . . .
- မလုပ်ချင်တာ လုပ်ရတဲ့အခါ . . .
- ဖြစ်ချင်တာ မဖြစ်လာတဲ့အခါ . . .
- မဖြစ်ချင်တာ ဖြစ်လာတဲ့အခါ . . .
- အထက်က အချက်တွေထဲက တစ်ခုခုကို တစ်ယောက်ယောက်ဆီမှာ ထုတ်ပြောလို့မရတဲ့အခါ . . .
- အထက်က အချက်တွေကြောင့်စိတ်ဓာတ်ကျနေပြီး ကိုယ်စိတ်ဓာတ်ကျနေကြောင်း တစ်ယောက်ယောက်ဆီမှာ ထုတ်ပြောလို့မရတဲ့အခါ . . .
- ကိုယ်စိတ်ဓာတ်ကျနေတဲ့အကြောင်း ထုတ်ပြောသည့်တိုင်အနုတ်လက္ခဏာဆောင်တဲ့ အပြုအမူ (Negative manner) ဖြင့်တုန့်ပြန်ခံရတဲ့အခါ . . .
ကျွန်တော်တို့ စိတ်ဓာတ်ကျတတ်ကြပါတယ်. . .
စိတ်ဓာတ်ကျနေသူတစ်ယောက်ရဲ့ ခံစားမှုများ
(ခံစားချက်လို့ မသုံးချင်ပါ)
- လူ့ပတ်၀န်းကျင်နဲ့ ကင်းကွာနေမယ်
- လူတွေကိုကြည့်ပြီး ငါဟာအလကားပါလားလို့တွေးနေမယ်
- ငါမရှိလဲ သူတို့နေပျော်နေတာပဲလို့တွေးမယ်
- ငါဆိုတာ တကယ်ကော ရှိသင့်ရဲ့လား လိုအပ်ပါရဲ့လားလို့တွေးမယ်
- ငါဟာ သူတို့အတွက်အသုံးမကျတဲ့ လူပိုပါလားလို့ မြင်လာမယ်
- ငါဟာတကယ်တော့ ဘာမှမဟုတ်ပါလားဆိုတဲ့ အတွေးတွေ ၀င်လာမယ်
စိတ်ဓာတ်ကျတဲ့ ခံစားမှုကြောင့်ဘာလုပ်ဆောင်မှုတွေပေါ်လာမလဲ . . .
အစွန်း ၂ဖက် (Bipolar) ရောက်တတ်ပါတယ်။
- တစ်မျိုးက လုံးဝ ငြိမ်သက်သွားပြီး တစ်ယောက်တည်း တမြုံ့မြုံ့တွေးနေပြီး ၀မ်းနည်းနေတတ်ပါတယ်။
- တစ်မျိုးက သူ့ကို လူတွေ ဂရုစိုက်လာအောင်သတိထားမိလာအောင်သူဆိုတဲ့ ဖြစ်တည်မှုကြောင့်လူတွေရဲ့ အတွေးတွေ ခံစားချက်တွေမှာ တစ်ခုခု အကျိုးသက်ရောက်မှုရှိအောင်လုပ်ကြပါတယ်။
ကျွန်တော်တို့ ဘာတွေကူညီပေးနိုင်မလဲ . . .
- စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ တကယ်တော့ သူ့ပတ်၀န်းကျင်မှာ သူ့လို စိတ်ဓာတ်ကျနေသူတွေကို မသိစိတ်က လိုက်ရှာနေတတ်ပါတယ်။
- စိတ်ဓာတ်ကျနေသူတွေဟာ သူတို့စိတ်ထဲမှာ သူတို့လောကကြီးကို သူတို့လို လူတွေနဲ့ တည်ဆောက်ရလေ ပိုပြီး စိတ်သက်သာလေပါပဲ။
- ဒါကြောင့်ကျွန်တော်တို့ဟာ စိတ်ဓာတ်ကျနေသူတွေကို မဟားတရား အားပေးနေတာမျိုးထက်စာရင်သူတို့လို လူမျိုးတွေ ရှိနေသေးပါလား၊ တူတူ ဒီတောင်ကိုကျော်နိုင်ကြမှာပါလား ဆိုတဲ့ အတွေးလေး ၀င်အောင်လုပ်ပေးနိုင်ရင်ကောင်းပါတယ်။
- ကျွန်တော်တို့ကိုယ်တိုင်က သိပ်ပြီး စိတ်ဓာတ်ကြွတက်အောင်မြင်မှုတွေ တသီကြီး ရပြနေရင်စိတ်ဓာတ်ကျနေသူတွေက မပျော်ပါဘူး။ သူတို့လိုချင်တာ သူတို့ကို အသိအမှတ်ပြုတာလေးပါပဲ။
- ကျွန်တော်တို့ တတ်နိုင်သလောက်ကူညီကြရအောင်ပါ။ 😁
Lucifer
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
