Personality disorder အကြောင်းပြောကြရာဝယ် (Part 6)

(Part 1 to 5 ဖတ်ပြီးမှသာ ယခုအပိုင်းကိုဖတ်သင့်ပါတယ်။)

ဒီနောက်ဆုံးအပိုင်းမှာတော့ Personality disorder ထဲက Cluster C အုပ်စု “Worried” အကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။

ဒီအုပ်စုထဲမှာပါတဲ့သူတွေက စိုးရိမ်ပူပန်စိတ်များပြီးအကြောက်လွန်တတ်လို့ Anxiety disorder နဲ့တွဲနေတတ်ပါတယ်။

  1. Avoidant personality disorder
  2. Dependent personality disorder
  3. Obsessive – Compulsive personality disorder တို့ပဲဖြစ်ပါတယ်။

ပထမဆုံး Avoidant personality disorder ကတော့ အကြောက်လွန်သူများပါ။

လူအများကြား အရှက်ခွဲခံရမှာ၊ အငြင်းခံရမှာကို သေမလောက်ကြောက်ပြီး လူတွေနဲ့ခင်ချင်ပါရက်နဲ့ မပေါင်းသင်းရဲကြပါဘူး။

ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ မပြည့်စုံမှုတွေများတယ်လို့တွေးပြီး အားငယ်သိမ်ငယ်စိတ်ဝင်နေကြပါတယ်။ (full of insecurities)

လူအများနဲ့ ရင်းနှီးလို ခင်မင်လိုပြီး
Relationship တွေတည်ဆောက်ချင်ပါသော်လည်း လူတွေက အပုတ်ချကြမှာ နှိမ်မှာ အငြင်းခံရမှာကို
မတရားကြောက်လို့ လူတွေနဲ့ဝေးနေပါတော့တယ်။

(Schizoid နဲ့မတူပါ။ Schizoid များက choose to be alone ပါ။ တယောက်ထဲနေချင်လို့ကိုနေတာပါ။)

~~~~~~~~~~

ဒုတိယ အမျိုးအစားကတော့ Dependent personality disorder ဖြစ်ပါတယ်။

အမျိုးသမီးများမှာပိုတွေ့ရလေ့ရှိပြီးနာမည်အတိုင်းပဲ သူများကို အလွန်အားကိုး မှီခိုတတ်သူများဖြစ်ပါတယ်။

ကိုယ်ပိုင်ဆုံးဖြတ်ချဖို့ မဝံ့ရဲဘဲ သူများပြောတာ လုပ်ပေးတာကိုပဲ စောင့်နေကြတတ်ပါတယ်။

Self confidence နည်းပြီး emotionally ရော physically ရော သူများကိုမှီခိုတတ်ပါတယ်။

တယောက်ထဲဖြစ်သွားမှာ lonely ဖြစ်မှာကို အရမ်းကြောက်လို့ Relationship တခုပြတ်သွားတိုင်း အသစ်တယောက်အမြန်ရှာပြီး မှီခိုတတ်ကြပြန်ပါတယ်။

ဒါကြောင့်လဲ သူတပါးက အလွယ်တကူ abuse လုပ်ခံရတတ်ပြီး အမြတ်ထုတ် ကစားခံရတတ်ပါတယ်။

Relationship နဲ့ပတ်သက်ရင် အရင်ကပြောဖူးတဲ့ Borderline နဲ့ Histrionic ကတော့ RS မတည်မြဲတတ် အလွယ်တကူပြတ်တတ်ပြီး ဒီ dependent type မှာတော့ တယောက်ထဲနေရမှာစိုးလို့ ရှိပြီးသား RS ကို မရမက ကုပ်တွယ်ပြီးမြဲအောင်ကြိုးစားတတ်တယ်လို့ဆိုပါတယ်။

~~~~~~~~~~~

နောက်ဆုံး type ကတော့ Obsessive compulsive personality disorder (OCPD) ဖြစ်ပါတယ်။

ဒီအမျိုးစားက Perfectionists များဖြစ်ပြီး
အရာရာ ပြီးပြည့်စုံမှ ကြိုက်သောသူတွေဖြစ်ကာ အကောင်းဆုံးအတော်ဆုံးဖြစ်အောင် ကြိုးစားတတ်ပါတယ်။

ဇီဇာကြောင်သူများလို့လဲ ဆိုနိုင်ပြီး အစွဲအလမ်း (obsession) ရှိလို့ မလုပ်ရမနေနိုင် (compulsive) ဖြစ်ကြသူများပါ။

ဥပမာ – အလုပ်ကိုအရမ်းစွဲလန်းသူ (Obsessed to Work) ဖြစ်နေပါက အလုပ်ပဲရေကုန်ရေခမ်းထိုင်လုပ်ပြီး (Compulsive) အလုပ်မလုပ်ရမနေနိုင်အောင် စွဲလန်းကြပါတယ်။

မိမိအစွဲရှိနေတာကို မိမိဘာသာသိကြပြီး လက်ခံလိုက်နာတတ်ပါတယ်။

ဒီ personality disorder ကို အတော်ဆုံးဖြစ်ချင်တဲ့သူတွေမှာတွေ့ရတတ်ပြီး ထိုသူတွေက ဘဝမှာအောင်မြင်သူတွေဖြစ်လာတတ်ကြပါတယ်။

သူတို့ရဲ့ Relationship ကိုကြည့်ရင် မတုန်မလှုပ် အေးစက်စက်များဖြစ်ပြီး အရမ်းစည်းကမ်းတင်းကြပ်သူ ချုပ်ခြယ်တတ်လွန်းသူများဖြစ်တတ်ကြပါတယ်။

သူ့ရဲ့ အစွဲကို သူများတွေကမကြိုက်ပေမယ့် သူ့ဘာသာတော့ ကျေနပ်နေပြီး ပျော်ပျော်ကြီးလက်ခံကာ အစွဲအတိုင်း ဘဝမှာနေထိုင်ကြပါတယ်။

ဒီနေရာမှာ စာဖတ်သူတို့ ကြားဖူးနေကြ OCD လို့ခေါ်တဲ့ Obsessive – Compulsive disorder နဲ့မတူပါဘူး။

နာမည်၂ခုက ခပ်ဆင်ဆင်ဖြစ်နေပြီး OCPD နဲ့ OCD ဆိုတော့ (P တလုံးပဲ) personality ပါတာမပါတာပဲကွာနေပါတယ်။

OCD ဆိုတဲ့ရောဂါကတော့ အစွဲအလမ်းကြီးတာခြင်းတူပြီး ဝေဒနာခံစားရသူတွေက သူတို့အစွဲကိုသူတို့ မုန်းတီးကြပါတယ်။ အစွဲကိုလိုက်လဲမလုပ်ချင်ပါဘူး။

ဒါပေမယ့် သူတို့အစွဲကို ဖျောက်ဖို့ကြိုးစားပေမယ့်ဘယ်လိုမှဖျောက်မရဘဲ ပိုပိုဆိုးလာပါတယ်။

ဒီဝေဒနာတွေမှာ အစွဲတခု (obsession) အရင်ရှိရပြီး သူ့နောက်မှာမှ မလုပ်ရမနေနိုင်စိတ် (compulsion) ဆိုတာပေါ်လာတာပါ။

ဥပမာ – လက်မှာပိုးမွှားတွေကပ်နေတယ်လို့ အစွဲ (obsession) ရှိနေတဲ့သူဟာ
လက်ကို တမိနစ်တခါသွားဆေးချင်စိတ် (compulsion) ဖြစ်လာပြီး ခဏခဏသွားဆေးနေပါတယ်။

တချို့က ခြေလက်တွေမှာ ပိုးဟပ်တွေ လောက်တွေတွယ်နေတယ်လို့ အစွဲ (obsession) ရှိပြီး မကုတ်ရမနေနိုင် (compulsion) ဖြစ်နေတတ်ပါတယ်။

ဝေဒနာရှင်ကိုယ်တိုင်က အစွဲကိုအလွန်မုန်းတီးပြီး လိုက်မလုပ်ချင်ပါဘူး။
အဲ့တာကို OCD ရောဂါလို့ခေါ်တာပါ။

အပေါ်ကပြောခဲ့တဲ့ OCPD မှာတော့ သူ့ personality ကိုက အစွဲကိုသဘောကျနေပြီး လိုက်လုပ်လေ ပျော်လေကျေနပ်လေဖြစ်ကာ ပိုပိုပြီးအစွဲလမ်းကြီးလာပါတယ်။

OCPD သမားများက အလုပ်လုပ်တာ ၊ စာလေ့လာတဲ့နေရာတွေမှာ အစွဲကြီးတတ်လို့ အလုပ်ခွင်နဲ့ ပညာရေးမှာ အလွန် အောင်မြင်ပြီး ဝီရိယအကောင်းဆုံးသူတွေဖြစ်လာလေ့ရှိပါတယ်။
သူ့အစွဲက တိုးတက်စေတဲ့အစွဲဖြစ်နေတတ်ပါတယ်။

OCD လူနာတွေကတော့ မတိုးတက်မအောင်မြင်တတ်ပါဘူးတဲ့။

ဥပမာ – အိမ်ထဲကို သူခိုးဝင်မှာကြောက်တဲ့အစွဲ (obsession) ရှိသူက အပြင်မသွားခင် ခဏခဏ တံခါးကိုပြန်စစ်တတ်ပြီး အဲ့လိုစိတ်မချဘဲ ပြန်ပြန်စစ်နေတဲ့အခါ အချိန်ကုန် လူပင်ပန်းပြီး အလုပ်ခွင်လဲမရောက်၊ ကျောင်းချိန်တွေလဲ နောက်ကျကာ အတော်လေး စိတ်ညစ်စရာကောင်းလှပါတယ်။

OCPD အကြောင်းကို မင်းသားကြီး Leonardo ပါဝင်တဲ့ The Aviator (2004) မှာကြည့်ရူနိုင်ပါတယ်။

ဒီလောက်ဆိုရင် personality disorder တွေကို အပိုင်း ၆ ပိုင်းနဲ့ လုံလောက်ပြီလို့ မျှော်လင့်ပါတယ်။

Personality disorder ရှိတိုင်း စိတ်ဝေဒနာရှိနေပြီး ရူးနေပြီလို့ မသတ်မှတ်ကြပါဘူး။

တချို့ personality disorder တွေက ပိုတော်ပိုထူးချွန်စေလို့ အကျိုးရှိပါသေးတယ်။

ဥပမာ – OCPD သမားများမှာ အလွန်ထူးချွန်သူများဖြစ်ကြတတ်ပြီး

Narcissistic သမားများဟာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများဖြစ်လာတတ်ပါတယ်။
သူများမခွဲရဲတာကို ရအောင်ခွဲစိတ်ပြမယ်ဆိုပြီး ငါခွဲရင်အောင်မြင်တယ်ဆိုပြီး စိတ်ကြီးဝင်တဲ့အတိုင်းလဲ တကယ်အောင်မြင်ကြပါတယ်။

ဤစာတွင် လွဲချော်မှု အမှားအယွင်းတစုံတရာပါဝင်ပါက စာရေးသူရဲ့ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started