The Big Bang Theory ကိုတစ်ခါမှ မဖတ်ဖူး၊ မကြားဖူးဘူးဆိုရင် Short Version ကိုအရင်ဖတ်ပေးပါ။
အစကတော့ အတို Version နဲ့တင် ရပ်လိုက်မလို့ပါပဲ။
အရှည် Version ကိုတောင်းလာတော့ ဆက်ရေးလိုက်ရပါတယ်။ (ကျွန်တော်လည်း ဆက်ရေးချင်နေတာ… ဖတ်တဲ့သူရှိ၊ မရှိမသေချာလို့ပါ)
ခု အရှည် Version မှာတော့ ရှင်းစရာတွေများတဲ့အတွက် အပိုင်းတွေလည်းများနိုင်ပါတယ်။
အချိန်တစ်စက္ကန့်အတွင်းမှာ အများအပြား ဖြစ်ပျက်ပြောင်းလဲပြီး စကြဝဠာကြီး ဖြစ်လာခဲ့တာပါ။
Big Bang Theory မှာ အချိန်တွေပိုင်းခြားသတ်မှတ်ထားပါတယ်။ Epoch လို့စာတွေမှာ ရေးကြပါတယ်။
Epoch ဆိုတာ ခေတ်ကာလ အပိုင်းအခြားတစ်ခုကို ဆိုလိုချင်တာပါ။
အောက်ပါပုံသည် ခုရေးမယ့်စာတစ်ခုလုံးနှင့်သက်ဆိုင်တဲ့အတွက် Part 2 မှာပါထည့်ထားပါတယ်။

Planck Epoch (Time Zero to 10-43second)
အမှတ်စက် (Singularity) တစ်ခုကနေ ပေါက်ကွဲမှုစဖြစ်လာတဲ့အချိန်ကို Time Zero လို့သတ်မှတ်ပါတယ်။
Planck Epoch လို့ခေါ်ရတာကတော့ 10-43second ဆိုတာ Planck အချိန်ဖြစ်လို့ပါ။
(Planck အချိန်ဆိုတာ အဲ့ဒီအချိန်ထက်ပိုငယ်တဲ့အချိန်ဆိုပြီး မရှိတော့တာပါ၊ အချိန်ရဲ့ Basic Unit ဆိုပါတော့၊ မြင်အောင်ပြောရရင် ဖြစ်ရပ်တစ်ခုဖြစ်ဖို့ အဲ့ဒီအချိန်အောက်ငယ်သွားရင် မဖြစ်နိုင်တော့တာပါ။
နားရှုပ်သွားမယ်ဆိုတာ သိပါတယ်၊ Planck Constant တွေအကြောင်းပြောဖို့အတွက် Article နောက်တစ်ခုရေးမှ ရမှာပါ)
ဆိုတော့… ခု Planck Epoch ကာလဟာ 10-43second ထက်ငယ်နေပါတယ်။
ဒါကြောင့် ဒီကြားကလမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ Hypothesis အနေနဲ့ပဲပြောဆိုနိုင်ပါတယ်။
Singularity ထဲမှာ အလွန်အမင်းသိပ်သည်းလွန်းတဲ့အတွက် ဟင်းလင်းပြင်အချိန် (Space-Time) က ကွေးညွတ်မှုအလွန်များပြားနေပါတယ်။
(ရာဘာဘောလုံးကို စက်နဲ့ဖိသိပ်လိုက်တဲ့အခါမှာ ကွေးညွတ်သွားသလိုမြင်ကြည့်ပါ)
အဲ့ဒါကို Quantum Foam (ရေမြုပ်) လို့ခေါ်ပါတယ်။
အဲ့ဒီအထဲမှာ အမှုန်တွေလှုပ်ရှားနေကြပါတယ်။
အဲ့ဒီအမှုန်တွေ Fluctuate ဖြစ်ပြီး Big Bang စဖြစ်လာတာပါ။
(Quantum Mechanics အကြောင်းရေးထားတာရှိပါတယ်၊ အမှုန်တွေရဲ့သဘောကိုနားမလည်ရင် အဲ့ဒီမှာဖတ်ပါ)
[ဖောက်ပြန်သောအလင်းနှင့် Double Slit Experiment (Quantum Mechanics Part 1)
https://ouo.io/inZo3XG
Schrodinger’s cat (Quantum Mechanics Part 2)
https://ouo.io/pcdheT ]


Big Bang စတင်တဲ့အခါမှာ ဟင်းလင်းပြင်အချိန်ဆန့်ထွက်မှုတွေ ဖြစ်ကုန်ပါတယ်။
(သိပ်သည်းလွန်းတဲ့ပစ္စည်းတစ်ခု အားပြင်းပြင်းနဲ့ ပေါက်ကွဲသွားတဲ့အခါ အထဲမှာရှိနေတဲ့အရာတွေ ခပ်ဝေးဝေးကို လွင့်စင်သွားသလိုမြင်ကြည့်ပါ)
Physics မှာ အားကြီးလေးခုအကြောင်း သင်ခဲ့ရတာမှတ်မိကြမှာပါ။
မြေဆွဲအား (Gravity) ၊ လျှပ်စစ်သံလိုက်အား (Electromagnetic Force) ၊ နယူကလိယအားပျော့ (Weak Nuclear Force) ၊ နယူကလိယအားပြင်း (Strong Nuclear Force) ဆိုပြီးရှိပါတယ်။
Planck Epoch ကာလမှာ အဲ့ဒီအားလေးခုက ပေါင်းနေခဲ့ပြီး အားတစ်ခုတည်းဖြစ်နေခဲ့ပါတယ်။ Super Gravity လို့ခေါ်ပါတယ်။
Grand Unification Epoch (10-43second to 10-36second)
ရုတ်တရက်ပေါက်ကွဲထွက်လာတဲ့အခါ Singularity မှာရှိခဲ့တဲ့အပူချိန်ထက် တဖြည်းဖြည်းလျော့နည်းလာပါတယ်။
အဲ့ဒီအခါမှာ အားကြီး ၄ ခုထဲကနေ Gravity က စတင်ပြီး ကွဲထွက်သွားပါတယ်။
ကျန်ခဲ့တဲ့အား ၃ခုကိုတော့ Grand Unified Force ဆိုပြီးခေါ်ပါတယ်။
ဒီကာလမှာ Quarks တွေနဲ့ Antiquarks တွေစပြီး ဖြစ်ပေါ်လာပါပြီ။
Quarks တွေပေါင်းမှ Particle တွေဖြစ်လာတာပါ။
Electron (Particle) နဲ့ Positron (Antiparticle) လိုပေါ့။
သိစေချင်တာက Quarks နဲ့ Antiquarks ဆုံမိတာနဲ့ အချင်းချင်းဖျက်စီး (Annihilate) ကြတယ်ဆိုတာပါပဲ။
Inflationary Epoch (10-36second to 10-32second)
[စာအုပ်တစ်အုပ်နဲ့တစ်အုပ် အချိန်ကွဲပြားနိုင်ပါတယ်]
အပူချိန်က တဖြည်းဖြည်းကျလာပြီဆိုတော့ ကျန်ခဲ့တဲ့ အား ၃ခုထဲက ၁ခုဖြစ်တဲ့ Strong Nuclear Force က စတင်ခွဲထွက်ပါတယ်။
အဲ့ဒီအတွက်ကြောင့် ဟင်းလင်းပြင်အချိန်ပြန့်ကားခြင်းဟာ အလင်းထက်တောင်မှ ပိုမြန်သွားပါတယ်။
ပြန့်ကားနှုန်းဟာ ဆတိုးတက်လာတဲ့အတွက် အနည်းဆုံး 1026 ဆတောင် ပြန့်ကားသွားတယ်လို့ ဆိုတယ်။
မြင်အောင်ပြောရရင် Proton တစ်လုံးထက်အဆပေါင်း 1 billion သေးငယ်နေရာကနေ သစ်တော်သီးတစ်လုံးအရွယ်လောက် ဖြစ်လာတာပါ။
(ဒီထက်မြင်အောင်ပြောရရင် Antman ဇာတ်လမ်းထဲမှာ သူ့ရဲ့ခါးပတ်ကခလုတ်ကို နှိပ်လိုက်ပြီး သေးရာကနေ ရုတ်တရက် ကြီးလာသလိုပါပဲ)
ဆတိုးပြန့်ကားနေတာက တစ်ချိန်မှာတော့ အားကုန်လာပါတယ်။ အဲ့ဒီအခါမှာတော့ “ပုံမှန်ပဲ” ပြန့်ကားပါတော့တယ်။
ခုချိန်ထိ ပြောနေတဲ့စကြဝဠာက ဘယ်အရွယ်လောက်ရောက်နေပြီလို့ထင်ပါသလဲ။
Paper တစ်ခုမှာ တွက်ပြထားတာတော့ 0.88 mm (၁မီလီမီတာတောင်မရှိသေးပါ၊ သဲတစ်မှုန်မျှ) ခန့်ပဲရှိပါသေးတယ်။
အပေါ်မှာပြောခဲ့တဲ့သစ်တော်သီးဆိုတာ ဆတိုးကြီးလာတဲ့ အချိုးကိုမြင်အောင်ပြောတာပါ။
Part 2 မှာဆက်ဖတ်ပေးပါ။
SAGAN