ရှက်စရာမဟုတ်သော အကြောဆွဲခြင်း (သို့) Tourette syndrome

သင့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆွေမျိုးအသိုင်းဝိုင်းမှာပဲဖြစ်ဖြစ် အကြောဆွဲနေတတ်သူကို တွေ့ဖူးပါသလား။

စကားပြောတဲ့အခါ မျက်လုံးကဖျက်ခနဲ ဖျက်ခနဲ မှိတ်မှိတ်သွားတာ ၊ လက်တွေတွန့်လိမ်သွားတာ ၊ တချက်တချက် နှာမှုတ်သံတွေလုပ်တာ ဒါတွေအကုန်လုံးက
Tourette syndrome ထဲမှာအကျုံးဝင်ပြီး ဒီလက္ခဏာတွေဟာ ရောဂါမဟုတ်ပါ။

ရူးသွပ်နေတာလဲမဟုတ်သလို လူကြီးတွေကဲ့ရဲ့သလို “ဒီကလေးက အငြိမ်ကိုမနေဘူး
မကောင်းတဲ့အကျင့်ကိုပါနေတာ” ဆိုတာလဲ လုံးဝအမှားပါ။

ကလေးက လုပ်ချင်လို့လုပ်နေတာ စိတ်ပါလို့လုပ်နေတာမဟုတ်ဘဲ သူ့အလိုလိုကို လုပ်မိနေတာ ဖြစ်ပါတယ်။
လုပ်လိုက်ရမှ စိတ်သက်သာသွားတာမျိုးပါ။

ဥပမာ သင် နှာခေါင်းယားပြီး အရမ်းနှာချေချင်နေတဲ့အခါ မချေမိအောင် အောင့်ထားဖူးရင်
Tourette syndrome ကလေးတွေကို ကိုယ်ချင်းစာတတ်မှာပါ။

သူတို့မှာ အောင့်လို့လဲမရ ၊ မလုပ်မိအောင်ထိန်းထားပြန်ရင်လဲ ခဏပဲရပြီး စိတ်လွှတ်လိုက်တဲ့အခါ ပိုပြီး ရုပ်ဆိုးတာတွေလုပ်မိသွားတတ်ပါတယ်တဲ့။

ဟုတ်ပြီ …. ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ။

ဘာလို့လဲ အခုထိသေချာမသိရသေးပါဘူးတဲ့။

အခုထိ ဆရာဝန်တွေသိထားချက်အရ ဒီဝေဒနာက မျိုးရိုးလိုက်တတ်တယ်ဆိုတာရယ် ၊
Brain ထဲက dopamine ဆိုတဲ့ neurotransmitter pathway ကိုထိန်းချုပ်တာအားနည်းတာရယ်… ဒီလောက်ပဲသိရပါသေးတယ်။

Boy တွေက Girl တွေထက် ပိုအဖြစ်များပြီး အသက် 7 နှစ် 8 နှစ်လောက်က စဖြစ်တာကိုတွေ့ရတယ်။

၁၈ နှစ်ကျော်တဲ့အထိ လူကြီးဘဝမှာလဲ ဆက်ရှိတတ်ပြီး တချို့တလေမှာတော့ အသက်ကြီးလာတဲ့အခါ ပျောက်သွားတာကိုလဲ တွေ့ရပါတယ်။

Tourette syndrome မှာ အဓိကအားဖြင့် Motor tics (မူမမှန်သော ထပ်ခါထပ်ခါလှုပ်ရှားခြင်း) နဲ့ Vocal tics (မူမမှန်သော အသံများခဏခဏပြုလုပ်ခြင်း) ဆိုပြီး ၂မျိုးခွဲထားပါတယ်။

Motor tics မှာမှ Simple နဲ့ Complex ဆိုပြီးခွဲထားပါတယ်။

Simple motor tics ကတော့ မျက်စိခဏခဏမှိတ်သွားတာ၊ မျက်မှောင်ကျုံ့ကျုံ့သွားတာ ၊
မျက်စိတဖက်မှိတ်ပြတာ ၊ ပါးစပ်ရွဲ့သွားတာ၊ လက်ချောင်းတွေတွန့်သွားတာ စတဲ့ ရိုးရှင်းတဲ့လှုပ်ရှားမှုများကိုဆိုလိုပြီး meaning တစုံတရာမရှိပါ။

Complex motor tics ကတော့ လှုပ်ရှားမှုအဆင့်ဆင့်ပါဝင်ပြီး meaningful ဖြစ်တဲ့ movementတွေ
ဥပမာ – ခုန်ပေါက်တာ ၊ ကသလိုမျိုး လှုပ်ရှားတာ
လက်မြှောက်လိုက်ချလိုက် လုပ်တာ စတာမျိုးဖြစ်ပါတယ်။

Resting လုပ်နေတဲ့အချိန်မှာလဲ ဖြစ်နိုင်ပြီး တခုခုခံစားရရင် ပိုဆိုးပါတယ်။

ဥပမာ စိတ်ဆိုးတဲ့အခါ ၊ ဗိုက်ဆာတဲ့အခါ ၊ ဆီးသွားချင်တဲ့အခါ၊ အလိုမကျတဲ့အခါတွေမှာပါ။

Vocal tics မှာလဲ အမျိုးမျိုးကွဲပြားပြီး တချို့က ဆဲဆိုတဲ့စကားလုံးတွေပြောတာ (Coprolalia)

တချို့က သူများပြောတဲ့စကားကို လိုက်ပြောတာ (Echolalia)

ပေါက်ကရအသံတွေလုပ်တာ ၊ လေချွန်တာ ၊
နှာမှုတ်သံလုပ်တာ ၊ ချောင်းခဏခဏဟမ့်တာ စတာတွေပါဝင်ပါတယ်။

တခြားသော ကလေးဝေဒနာတွေဖြစ်တဲ့
Obsessive Compulsive DisorderADHD လို့ခေါ်တဲ့ Attention Deficit Hyperactivity Disorder တွေနဲ့လဲ တွဲတွေ့ရပါတယ်။

ဒီလို ကလေးတွေကို Tourette syndrome လို့သတ်မှတ်ဖို့ လက္ခဏာတွေကို တစ်နှစ်ကျော်အောင်ခံစားရမှာဖြစ်ပြီး ငယ်ငယ်ထဲကစဖြစ်ရပါမယ်။

ကုသဖို့ရာ ဆေးဝါးအချို့တော့ရှိပေမယ့် ပတ်ဝန်းကျင်ရဲ့ Support လုပ်ခြင်း မလုပ်ခြင်း၊
နားလည်လက်ခံခြင်း မလက်ခံခြင်းပေါ်အများကြီးမူတည်ပါတယ်။

ဒီလို အကြောဆွဲတတ်တာက ရှက်စရာမဟုတ်ဘဲ ၊ ကိုယ်ချင်းစာစိတ်နဲ့ လေးစားတတ်ဖို့လိုပါမယ်။

ကမ္ဘာကျော် celebrity များထဲမှာတောင် ဒီလို Tourette syndrome ခံစားရတာကို ဝန်ခံထားတာ တွေ့ရမှာပါ။

ရှက်စရာမဟုတ်ဘဲ အများနဲ့တန်းတူ နေထိုင်ပြီးအောင်မြင်သူများဖြစ်လာနိုင်ပါတယ်။

ဒီစာလေးကို ဖတ်လိုက်ရတဲ့သူတွေ ကျနော်နဲ့အတူ
Campaign အသေးလေးတခုလုပ်ရအောင်။

ဒီစာကိုဖတ်ပြီးတဲ့အခါ သင့်အနားက မိဘမောင်နှမကို ဖြစ်ဖြစ် ၊ သူငယ်ချင်း ၃ ယောက်ကိုဖြစ်ဖြစ် ဒီ Tourette syndrome အကြောင်း ပြန်ပြောပြပေးကြမယ်။

ဒါမှမဟုတ် ဒီ post လေးကို friend ၃ယောက်ဆီ share ပေးပြီး ဒီလက္ခဏာတွေကို Awareness ရအောင် လုပ်ကြရအောင်!

ဒီလိုလုပ်ပေးဖို့ idea ကို
Tourette Syndrome Association of America” က စတင်ပေးခဲ့တာဖြစ်ပြီး အခုပဲ ဒီ campaign လေးကိုစလုပ်လိုက်ရအောင်။

Thanks for your time!

လင်းမူ

Reference sources:

Video များမှာအောက်ပါ link များမှ edit လုပ်ထားခြင်းဖြစ်ပါတယ်။

သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.youtube.com/watch?time_continue=61&v=M8clZP-PI2Y&ebc=ANyPxKrQ5L9yUR0ww_CVNLsX2pKHFxPnCR_2pJ6dOiSdl4nIpBaBo9Gc2IUlUlDig8MtKkO2neCTpRq1s-tD6w96XD2s0_QWRA&feature=emb_logo

https://m.youtube.com/watch?v=MoqHW1PqBdU&t=0h0m2s

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started