လူကြီးကားတွေမှာ လိင်ဆက်ဆံလို့ ပြီးခါနီး အပြင်မှာထုတ်တဲ့ နည်းလမ်းတွေကို တွေ့ဖူးမှာပါ။
တကယ်တော့
လိင်ဆက်ဆံတဲ့ အချိန် အပြင်မှာ ပန်းတာ ကိုယ်ဝန်မရစေတဲ့နည်း (လုံးဝ) မဟုတ်ပါ။
လိင်တံက ကနဦးထွက်တဲ့ pre-cum လို့ခေါ်တဲ့ သုက်ရည်ကြည်မှာ သုတ်ပိုးပါနေနိုင်ပါတယ်။
သုတေသနတွေအရ သုတ်ကောင်ရည်ရဲ့ 17% လောက်က pre-cum မှာ ပါနိုင်ပါတယ်။
သာမန်လူတစ်ယောက်ရဲ့သုတ်ရည်မှာ သုတ်ကောင်ရေ 15သန်းကနေ သန်း 200 အထိပါနိုင်ပါတယ်။ ဆိုတော့ pre-cum မှာ သုက်ကောင်ရေ သိန်း/သန်းနဲ့ချီပါသွားနိုင်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ရဖို့ လိုအပ်တာ သုတ်ကောင်တစ်ကောင်တည်း ဖြစ်ပါတယ်။
ဒါဆိုရင် တချို့က ငါက အရည်ကြည်မှမထွက်တာ ရတာပဲလို့ ပြောမှာပေါ့။ pre-cum လို့ ခေါ်တဲ့သုက်ရည်ကြည်ကို လူ့စိတ်နဲ့ လုံးဝ ထိန်းချုပ်လို့ မရနိုင်ပါ၊ ဆိုတော့ လိင်ဆက်ဆံနေတုန်း ဘယ်အချိန်မှန်းမသိ ထွက်သွားပြီး ကိုယ်ဝန်ရနိုင်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်မချရတဲ့ ကိုယ်ဝန်တားနည်းလမ်းထဲမှာ ပါတဲ့ နည်းလမ်းတစ်ခုပါ။
အောင်ကျော်မြင့်
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
