ဒီတခါမှာတော့ အများပြောနေကျ ဥအကြောင်းလေးတွေ မှန် မမှန်ဖတ်ကြည့်ရအောင်။
(၃) ဘဲဥကိုစားရင် ပိုဝလာတတ်သလား?
ဘဲဥတလုံးနဲ့ ကြက်ဥတလုံးမှာ fat လို့ခေါ်တဲ့ အဆီပါဝင်မှုမတူပါဘူး။
ဘဲဥက ပိုပြီး fat ရော cholesterol ပါတာရော များတယ်လို့ဆိုရမယ်။
အဲ့တာကြောင့်လဲ အရသာက ကြက်ဥနဲ့သိပ်မတူဘဲ
ပိုပြီးစားလို့ကောင်းနေတာပါ။
Weight တက်မှာစိုးလို့ diet လုပ်နေတယ်….ဥလဲစားချင်ရင်တော့ ကြက်ဥကိုပိုရွေးစားလိုက်ပါ။
ဘဲဥကတော့ အဆီနည်းနည်းပိုများပြီး ကယ်လိုရီလဲပိုများလို့ပါ။
(၄) အခုစားနေတဲ့ဥတွေက အကောင်ပေါက်မလာဘူးလား ?
ဟုတ်ကဲ့ …မပေါက်ပါဘူးခင်ဗျ။
အခုစားနေတဲ့ ပုံမှန် မွေးမြူရေးကြက်ဥတွေက လေဥလို့ခေါ်တဲ့ unfertilized egg တွေပါ။
ကြက်မ တွေက မိတ်မလိုက်ဘဲနဲ့လဲ ဥတွေသူ့ဘာသာဥပါတယ်။ ဥ အုတဲ့ရာသီတော့ရှိတယ်လို့ဆိုပြီး နေ့တိုင်း ၁လုံးကနေ ၂လုံးလောက် ဥချလေ့ရှိပါတယ်တဲ့။
မွေးမြူရေးခြံက ဥစားကြက်မတွေကို သီးသန့်ထားပြီး ကြက်ထီးနဲ့ ပေးမတွေ့ပါ။
(ကြက်ထီးများအတွက် မျက်ရည်နှစ်စက်)
မျိုးဖောက်ချင်မှသာ ကြက်ထီးနဲ့ပေးတွေ့ပြီး ကြက်သားဖောက်ပါတယ်။
သို့ပေမယ့် ကြက်ဥတွေမှာ Fertilized egg (မျိုးဖောက်ကြက်ဥ) နဲ့ Unfertilized egg (လေဥ) ကအပြင်ကကြည့်ရင် ဘာမှမကွာခြားပါဘူး။
ကြက်မတွေကလဲ လေဥလား တကယ့်ဥလားမသိပါဘူးလို့ဆိုတယ်။ (သိရင်လဲသိမှာပေါ့နော် who can tell exactly)
ဒါကြောင့် သင် စားဖို့ ခွဲလိုက်တဲ့ကြက်ဥက အကောင်ပေါက်လေးထွက်လာစရာအကြောင်းမရှိပါ။
မတော်တဆများ Fertilized egg ရောပါလာတယ်ဆိုကြပါစို့။ သင်ကလဲ တိုက်ဆိုင်စွာနဲ့ ဝယ်လာမိပြီး စားဖို့ခွဲလိုက်တယ်ဆိုပါတော့ ………
ကြက်အကောင်ပေါက်ကလေး…….
ဟုတ်ကဲ့….. ထွက်မလာပါဘူးဗျာ။
ရိုးရိုးမြင်နေကျ အနှစ်နဲ့အကာပါပဲ။
ဘာလို့လဲဆိုတော့ မိတ်လိုက်ပြီး Fertilized egg ကိုအုပြီးတဲ့အခါ ကြက်မက လိုအပ်တဲ့အပူချိန်မှာ ၂ပတ် ၃ပတ်ခန့် ဝပ်ပေးထားရပါတယ်။
အဲ့လိုသေချာဝပ်ပေးထားတဲ့ အပူချိန်မှန်ကန်တဲ့ ဥမျိုးမှသာ အကောင်ပေါက်ဖို့ဖြစ်လာမှာပါတဲ့။
ဒါ့အပြင် ကြက်ဥတွေကို အခွံကနေမီးထိုးကြည့်လို့ရပါတယ်။ ကြည်လင်မနေဘဲ မသင်္ကာစရာတခုခုတွေ့နေတယ်ဆို မစားဘဲ ဖယ်ထားလို့ရပါတယ်။
ဒါကို Egg candling လုပ်တယ်လို့ဆိုပြီး တချို့ မွေးမြူရေးခြံတွေမှာ လုပ်ကြတယ်လို့ ဖတ်ရပါတယ်။
စိတ်မပူပါနဲ့….သင်စားနေတာတွေက လေဥတွေပါပဲ။
(၅) ကြက်ဥကို ခွဲလိုက်ရင် တွေ့ရတတ်တဲ့ ဖြူဖြူအဖတ်ကလေးက ဘာကြီးလဲ ?
တခါတခါ ကြက်ဥကိုခွဲလိုက်ရင် အကာကြည်ကြည်လေးမှာ အဖြူဖတ်တခုတွေ့ဖူးမှာပါ။
အဲ့တာကို ဖယ်စားရမှာလား မဖယ်ရဘူးလားက ဒွိဟဖြစ်စရာပါ။
အဲ့တာကို Chalaza လို့ခေါ်ပြီး ဥအနှစ်ကို အလယ်မှာငြိမ်နေအောင် နေရာထိန်းပေးထားတဲ့ အမျှင်လေးပါ။ လူတွေမှာ တွေ့ရတဲ့ချက်ကြိုး သဘောမျိုးပါပဲ။
အဲ့ဒါလေးကို ဖယ်စားလဲရတယ်။ ထည့်စားလဲဘာမှမထူးပါဘူး။
အထူးသဖြင့် အရမ်းလတ်ဆက်တဲ့ ကြက်ဥတွေမှာတွေ့ရတတ်လို့ သင့်ကြက်ဥလတ်ဆက်တယ်ဆိုတာ ပြနေတာပါပဲ။
ကိတ်မုန့်လုပ်တဲ့သူတွေကတော့ ကြက်ကကိုမွှေတဲ့အခါ မညှက်ဘဲ ကိတ်သားမညီမှာစိုးလို့ ဖယ်တတ်ကြပါတယ်တဲ့။
(၆) နောက်ဆုံးမေးခွန်းကတော့ ကြက်ဥအနှစ်မှာ တခါတခါတွေ့ရတဲ့ အနီစက်လေးကရော သွေးစက်လား ဘာလား?
အဲ့တာက သွေးစက်လေးပါတဲ့။ တခါတခါ ကြက်မက သူ့မျိုးပွားအင်္ဂါထဲက သွေးကြောအသေးလေးပေါက်ပြီး ပါလာတာမျိုးပါတဲ့။
ဒီလိုဖြစ်တာ ရှားတော့ရှားပါတယ်။ တချို့က အဲ့တာ အကောင်ပေါက်မယ့် ဥမို့ သွေးပါနေတာလို့ပြောတတ်ပါတယ်။
အဲ့တာ မှားပါတယ်။ အကောင်ပေါက်ရဲ့သွေးမဟုတ်ပါ။ ကြက်အမေကြီးရဲ့ သွေးလေးတစက်ပါ။
အသာလေးဖယ်စားလို့ရပါတယ်တဲ့။
တချို့စာတွေကတော့ အဲ့လိုသွေးစက်ပါတဲ့ကြက်ဥတွေက ကြက်မရဲ့ Vitamin A ချို့တဲ့နေတာကို ပြလို့ ကြက်ဥကလဲ Vit A နည်းတတ်တယ်လို့ ဆိုပါသေးတယ်။
ကဲ ဒီလောက်ဆို ကြက်ဥအကြောင်း တော်တော်လေးသိသွားပြီမို့ ဆွေမျိုးတွေ ညီကိုမောင်နှမတွေကြား ဆရာကြီးလုပ်လို့ရလောက်ပါပြီဗျ။
နောက်ထပ် ကြက်ဥအကြောင်းတွေ ထပ်တွေ့တဲ့အခါ အပိုင်း ၃ ရေးဖြစ်လောက်မှာမို့ အားလုံးပဲ
Stay tuned ပါ။
Thanks for your time!
လင်းမူ






