သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence

ပန်းလေးတွေကိုကြည့်ပြီး လှလိုက်တာလို့ တွေးမိဖူးမှာပါ။
သူတို့ကို ဒီလျှို့ဝှက်ချက်နဲ့ အလှဆင်ထားပါတယ်။
ခုပြောချင်တာကတော့ Fibonacci Sequence အကြောင်းပါ။

ဒီအကြောင်းကို စသိခဲ့တာက India က သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ ဒါပေမယ့် အီတလီလူမျိုး Leonardo Fibonacci က ဒီအကြောင်းကို စတွေ့တယ်လို့ လွဲမှားယူဆကြပြီး Fibonacci Sequence လို့ပေးထားတာပါ။
(Italian နာမည်နဲ့ဆိုတော့ ကဗျာဆန်သွားသလိုပဲ၊ Indian နာမည်ပေးရင် Kumar Sequence တို့၊ Kapoor Sequence တို့ဖြစ်ချင်ဖြစ်နေမှာ… No offence)

Fibonacci Sequence ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။
သူတို့က Number လေးတွေပါပဲ။
0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, …
ပထမ Number နဲ့ ဒုတိယ Number ပေါင်းရင် တတိယ Number ကိုရတယ်။
ဥပမာ 0 + 1 = 1, 1 + 1 = 2, 1 + 2 = 3, …

ဒါကို Fibonacci က Thought Experiment ၁ခုနဲ့ ရှင်းပြခဲ့ပါတယ်။ (ယုတ္တိဗေဒအရ မစဉ်းစားပါနဲ့၊ သင်္ချာအရပြောလိုခြင်းဖြစ်ပါတယ်)

ယုန်လေး ၂ကောင်ရှိတယ်ဆိုပါတော့။ အချင်းချင်း မိတ်လိုက်ပြီး တစ်လကြာတဲ့အခါမှာ နောက်ယုန်ကောင်ထပ်ထွက်လာတယ်။
1 + 1 = 2 (ယုန်လေး ၂ကောင်ရှိတယ်၊ မိတ်လိုက်တယ်)
1 + 2 = 3 (တစ်လကြာတော့ နောက်တစ်ကောင်ထွက်လာတယ်၊ စုစုပေါင်း ၃ကောင်ပေါ့)

အဲ့လိုနဲ့ ၃ကောင်သား မိတ်လိုက်ကြပြန်ရော… (သင်္ချာလို့ပဲမြင်ပေးပါ…)
အဲ့လိုနဲ့ တစ်လနေတော့ နောက်ထပ် ယုန်ထီးလေးနဲ့ယုန်မလေး ၁ကောင်စီ မွေးလာကြပြန်တယ်။
2 + 3 = 5 (၃ ကောင်မိတ်လိုက်ပြီး ၂ကောင်ထွက်လာတော့ ၅ ကောင် ဖြစ်သွားတယ်)

အဲ့ဒီလိုနဲ့ ၁နှစ်ပြည့်တဲ့အခါမှာ ယုန်ဘယ်နှကောင်ဖြစ်နေမလဲဆိုတာကို ဒီနည်းနဲ့တွက်ကြည့်တဲ့အခါ 144 ဆိုတဲ့အဖြေကို ရတယ်။ Fibonacci sequence ရဲ့ ၁၂ ခုမြောက်ဂဏန်းက 144 ပါ။

သာမန်လူအနေနဲ့ဆို အဲ့တော့ဘာဖြစ်သလဲလို့ မေးချင်စရာပါ။
သင်္ချာမှာတော့ ဒါဟာစိတ်ဝင်စားစရာပါပဲ။

Fibonacci Sequence မှာထူးခြားတာ နောက်တစ်ခုက နောက်ဂဏန်းကို သူ့ရှေ့က ဂဏန်းနဲ့အချိုးချရင် ရတဲ့အချိုးက တူနေတာပါ။ (ဂဏန်းအကြီးတွေမှာ တွေ့ရတာကို ပြောချင်တာပါ)
စကားကပ်ပြီး 1 ကို 0 နဲ့စားပါလားလို့၊ 2 ကို 1 နဲ့စားပါလားတို့မလုပ်ပါနဲ့…
ဥပမာ 89/55 = 1.618…, 144/89 = 1.618…

Greece တွေက Fibonacci မတွေ့ခင်ကတည်းက ဒါကိုသိနေကြပါတယ်။
ဒါကြောင့် အဲ့ဒီအချိုးကို Phi (ဖိုင်) လို့နာမည်ပေးထားကြပါတယ်။
ခုခေတ်မှာတော့ ရွှေအချိုး (The Golden Ratio) လို့ လူသိများပါတယ်။

အဲ့ဒီတော့ ဘာဖြစ်သလဲလို့ မေးစရာရှိပြန်ပါတယ်။
ဒီရွှေအချိုးကို ခေါမခေတ်ကတည်းက Physical Perfection ဖြစ်တယ်ဆိုပြီး သုံးတတ်ကြပါတယ်။
Mona Lisa ပန်းချီကားကလည်း Golden Ratio နဲ့ဆွဲထားတာလို့ ဆိုကြပါတယ်။

သဘာဝတရားကြီးက အဲ့ဒီဂဏန်းတွေအတိုင်း ဖြစ်တည်နေတာဆို ယုံမလား။ (နည်းနည်းတော့ များသွားပြီ… ဆိုတာသိပေမယ့် ဆက်ဖတ်ပေးပါ)
စာတွေမှာတော့ ဒါကို သဘာဝတရားရဲ့လျှို့ဝှက်ချက်တို့၊ သဘာဝတရားရဲ့ ဓမ္မဓိဋ္ဌာန်ကျမှု စသဖြင့်အမျိုးမျိုးရေးသားကြပါတယ်။

ပန်းပွင့်လေးတွေရဲ့ ပွင့်ဖတ်တွေကို ကြည့်လိုက်ရင် အပေါ်ကပြောခဲ့တဲ့ Number ထဲက တစ်ခုခုနဲ့ပြေးမလွတ်ပါဘူး။

သေချာရေတွက်ပြတာကို ကြည့်ချင်ရင် အောက်က Video မှာသွားကြည့်ပါ။
https://www.youtube.com/watch?v=ahXIMUkSXX0

ငှက်ပျောသီးတစ်လုံးကို လှီးလိုက်ရင်လည်း သူ့မှာ ၃ ပိုင်းဖြစ်နေတာကို မြင်နိုင်ပါတယ်။ (သီးမွှေးပဲစားလို့ ဖီးကြမ်းက ဒီ Rule ကိုလိုက်နာလားသေချာမသိပါ…)

ပန်းသီးကို လှီးလိုက်ရင်လည်း ၅ ပိုင်းညီတူညီမျှဖြစ်နေတာ တွေ့ရမှာပါ။

ဒါပေမယ့် သဘာဝတရားကြီးက ဒီ Rule ကို အမြဲလိုက်နာတယ်လို့တော့ မဆိုနိုင်ပါဘူး။
Fibonacci Spiral နဲ့မသွားတဲ့ အရွက်တွေ၊ အသီးတွေ၊ အပွင့်တွေလည်း အများကြီးပါ။
ဒါပေမယ့် Fibonacci Sequence ကိုလိုက်နာတဲ့ ပန်းပွင့်တွေ၊ အသီးတွေဟာ တစ်မျိုးတော့ ထူးပြီး လှနေတယ်ဆိုတာ ငြင်းမရပါဘူး။

[ဒါကတော့ မပြောလည်းဖြစ်ပေမယ့် ပြောလိုက်ချင်ပါတယ်၊ သီချင်းမှာလည်း Fibonacci Sequence ကိုထည့်ရေးထားတာ ရှားရှားပါးပါးတစ်ပုဒ်ရှိပါတယ်။
ကွန်တော်ကြိုက်တဲ့သီချင်းဖြစ်နေတာမို့ ထည့်ပြောချင်တာပါ။
Tool ရဲ့ Lateralus သီချင်းမှာ ဖြစ်ပါတယ်။

Lyrics မှာရော၊ Rhythm မှာရော ဒီ Sequence ကိုသုံးထားတာပါ။ သီချင်းတစ်ခုလုံးရဲ့အဓိပ္ပါယ်ကိုလည်း Spiral နဲ့ခပ်ဆင်ဆင်ရေးထားပါတယ်။
လူတွေက 4/4 rhythm နဲ့နားယဉ်နေတာများတဲ့အတွက် နားထောင်တဲ့အခါ နားနဲ့တော်တော်စိမ်းနေနိုင်ပါတယ်။ နားထောင်ဖို့တော့ Recommend မလုပ်ပါဘူး၊ ခုလို သီချင်းတစ်ပုဒ်ရှိတယ်ဆိုတာ သိရင်ရပါပြီ]

Thanks for reading.

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started