(Part 1 ကိုအရင်ဖတ်ပေးပါ)
ဒီလောက်ဆို ယုံကြည်လို့ရပြီလားလို့ မေးစရာရှိပါတယ်။
A က အသုံးအဖြုန်းကြီးတဲ့အတွက် သူပေးရမယ့် ပိုက်ဆံတွေမပေးဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။
အဲ့ဒီအတွက်ကြောင့် စာအုပ်ထဲမှာ စရေးမယ်ဆိုရင် ဘုံပိုင်ငွေထဲကို ပိုက်ဆံပမာဏတစ်ခုအရင်ထည့်ရပါတယ်။
(ဘဏ်တွေဆီက ပိုက်ဆံချေးမယ်ဆိုရင် ကိုယ်ကပြန်ဆပ်နိုင်ကြောင်း အထောက်အထားတစ်ခုခုပြရသလိုပေါ့)

အဲ့ဒီတော့ သူငယ်ချင်း ၄ယောက် ၁သောင်းစီထည့်ထားကြတယ်ဆိုပါစို့။
ဒါဆိုရင် သူတို့ငွေထည့်ထားတဲ့အတွက် မပေးဘဲထွက်ပြေးဖို့ခက်သွားမှာပေါ့။
ပြီးတော့ သူတို့တစ်ယောက်ချင်းစီကို စာအုပ်ထဲမှာ ရှိတဲ့ငွေထက် ပိုပြီး အသုံးမခံဘူး။
ဥပမာ A က စာအုပ်ထဲမှာ ၁သောင်းခွဲပိုင်ထားရင် အဲ့ဒီထက်ပိုမသုံးနိုင်အောင် တားထားတာမျိုးပေါ့။
အဲ့ဒီတော့… ဒီစာအုပ်ထဲမှာပဲ တစ်သက်လုံး ငွေပေးလိုက်၊ ယူလိုက်လုပ်နေကြရင် ပိုက်ဆံ (Dollar, Euro, ကျပ်) ဆိုတာ ဘယ်လိုတော့မလဲ။
Cryptocurrency ဆိုတာ ဒီသဘောပါပဲ။
Dollar နဲ့ ကျပ်ငွေကို လဲသလိုပဲ သူ့ကိုလဲ Dollar နဲ့လဲလို့ရပါတယ်။ (စျေးကွက်အပေါ်လိုက်ပြီး စျေးတွေကတော့ ပြောင်းနေတာပေါ့)

အစောပိုင်းတုန်းက Website တစ်ခုမှာ စာအုပ်ကိုတင်ထားမယ်လို့ လွယ်လွယ်နဲ့နားလည်အောင် ပြောခဲ့ပါတယ်။
သေချာစဉ်းစားကြည့်ရင် အဲ့ဒီ Website ကိုပိုင်တဲ့လူကိုရော ယုံရပါမလား။ သူက သူလုပ်ချင်တာလျောက်လုပ်လို့ ရနေတယ်။
အဲ့ဒီအတွက် လူတိုင်းကို စာအုပ်တစ်အုပ်စီပေးထားလိုက်တယ်။
A က B ကို ၁သောင်းပေးတယ်ဆိုရင် A နဲ့ B ရဲ့စာအုပ်မှာတင်မဟုတ်ဘဲ C နဲ့ D ရဲ့ စာအုပ်မှာပါ မှတ်တမ်းတင်လိုက်တယ်။
ဆိုတော့… ကိုယ်က ဒီအရောင်းအဝယ်မှာ ထဲထဲဝင်ဝင် ပါနေတယ်လို့မြင်ကြည့်ပါ။
A က ကိုယ့်ကို ၁ သောင်းပေးတယ်လို့ ကိုယ့်စာအုပ်ထဲမှာ လာပေါ်တယ်။
ပိုက်ဆံကို မျက်မြင်တွေ့ရတာမဟုတ်တဲ့အတွက် ငါတကယ်မှရတာဟုတ်ရဲ့လား၊ A က လိမ်ပြီး ပို့လိုက်တာဖြစ်နေမလား စသဖြင့် အတွေးဝင်တတ်တယ်။
(ကျွန်တော်တို့ ငွေကိုကိုင်ပြီးမသုံးတော့ဘဲ Digital currency စသုံးတဲ့အချိန်မှာ ဖြစ်တဲ့ခံစားချက်မျိုးပေါ့)
A က ကိုယ့်ကို ၁သောင်းပေးလိုက်ပြီဆိုတာ သူတို့စာအုပ်ထဲမှာရော ပေါ်လာလားလို့ B တို့ C တို့ကိုပါ လိုက်မေးပြီး Confirm ရမယ့်ပုံဖြစ်နေတယ်။
B ကလည်း သူ့ရဲ့စာအုပ်မှာ သူရောင်းထား၊ ဝယ်ထားတာတွေကို မှတ်တမ်းတင်ထားမှာပဲ။
လူတိုင်းသုံးသမျှ ကိုယ့်စာအုပ်ထဲမှာ မှတ်တမ်းလာဝင်နေမှာဆိုတော့ စစ်ဆေးဖို့အခက်အခဲရှိလာတယ်။
အဲ့ဒီတော့ ဘယ်စာအုပ်ကို ယုံရမလဲဆိုတဲ့ ပြဿနာရှိလာတယ်။
(တကယ် ရှုပ်ထွေးတဲ့အပိုင်းကို ရောက်လာပါပြီ)
Computational Work အများဆုံးလုပ်ထားတဲ့စာအုပ်ကို ယုံပါလို့တော့ ပြောကြတယ်။
လွယ်လွယ်ပြောရရင် တွက်ချက်မှုများများလုပ်ထားလေလေ၊ အတုလုပ်ဖို့ခက်လေလေပါပဲ။
Part 3 မှာဂိတ်ဆုံးပါပြီ။ ဆက်ဖတ်ပေးကြပါဦး။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။