ဗုဒ္ဓက Physics မှာလက်ခံထားတဲ့ အခြေခံအမှုန်တွေ အကြောင်း ဟောခဲ့ဖူးလား?

ခု ရေးသားမယ့် ဘုရားအဟောများနှင့် တွက်ချက်မှုအချို့ကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ် ၁အုပ်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။
အတွေးအမြင်တစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ရှင်းရှင်းထားပြီးဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ဗုဒ္ဓက အခြေခံအမှုန်တွေကို ခွဲခြားရာမှာ Physics မှာလို ဂဏန်းတစ်ခုနဲ့ တန်းမပြောပါဘူး။ ခေါင်းက သန်းတစ်ကောင်ရဲ့အရွယ်ကနေ စံထားပြီး စပြောခဲ့ပါတယ်
တွက်ချက်ဖို့အတွက် သန်းတစ်ကောင်ကို ၁မီလီမီတာလို့ ယူပါတယ်။

ဦးခေါင်းက သန်းတစ်ကောင်ရဲ့ ၇ပုံ ၁ပုံဟာ လိက္ခာပိုးတစ်ကောင် (အရေပြားမှာ ယားနာဖြစ်စေတဲ့ပိုး)
၁ မီလီမီတာ ÷ ၇ = ၀.၁၄၃ မီလီမီတာ

လိက္ခာပိုးတစ်ကောင်ရဲ့ ၃၆ပုံ ၁ပုံဟာ ရထရေမြူ တစ်ခု (ဖုန်မှုန့် တစ်မှုန်ကို ပြောချင်တာပါ)
၀.၁၄၃ မီလီမီတာ ÷ ၃၆ = ၀.၀၀၄ မီလီမီတာ
Science ကတော့ ဖုန်မှုန့်တစ်မှုန်ကို 5 micron (၀.၀၀၅ မီလီမီတာ) လို့ ပြောပါတယ်။

Dust

ရထရေမြူတစ်ခုရဲ့ ၃၆ပုံ ၁ပုံဟာ တဇ္ဖာရီမြူ တစ်ခု (နေရောင်ထိုးရင် အလင်းတန်းမှာ တွေ့ရတဲ့အမှုန်)
၀.၀၀၄ မီလီမီတာ ÷ ၃၆ = ၀.၀၀၀၁ မီလီမီတာ (10 micron)

တဇ္ဇာရီမြူတစ်ခုရဲ့ ၃၆ပုံ ၁ပုံဟာ အဏုမြူတစ်ခု
၀.၀၀၀၁ မီလီမီတာ ÷ ၃၆ = ၀.၀၀၀၀၀၂၈ မီလီမီတာ (2.8 x 10-7 cm)
Science မှာတော့ molecule တစ်ခုဟာ အကြမ်းဖျင်း 0.1 nm (1 x 10-7 cm) ရှိပါတယ်။
ဒါကြောင့် သိပ်တော့မကွာလှပါဘူး။ ဘုရားဟောတဲ့ အဏုမြူဆိုတာ Molecule အဆင့်ရောက်နေတာ ဖြစ်နိုင်ပါတယ်။

Molecules Illustration

အဏုမြူ တစ်ခုရဲ့ ၃၆ ပုံ ၁ပုံဟာ ပရမာအဏုမြူတစ်ခု
၀.၀၀၀၀၀၂၈ မီလီမီတာ ÷ ၃၆ = ၀.၀၀၀၀၀၀၀၇၈ မီလီမီတာ (7.8 x 10-9 cm)
Science မှာတော့ atom တစ်ခုဟာ အကြမ်းဖျင်း 30 pm (3 x 10-9 cm) ရှိတယ်။
သိပ်တော့ မကွာနေဘူး။ ဘုရားဟောတဲ့ ပရမာအဏုမြူဆိုတာ Atom အဆင့်ရောက်နေတာ ဖြစ်နိုင်ပါတယ်။

Atom Illustration

ခုချိန်ထိလူတွေဟာ အားအကောင်းဆုံး Microscope တွေနဲ့ ကြည့်တာတောင်မှ Atom တွေကို မမြင်နိုင်သေးပါဘူး။ ကျွန်တော်တို့ သင်နေရတဲ့ Atom ဆိုတာက ခန့်မှန်းခြေဆွဲထားတာပါ။
ဘုရားကတော့ ပရမာအဏုမြူကို သာမန်လူတွေမမြင်နိုင်ဘဲ စျာန်ရတဲ့သူတွေ၊ နတ်ဗြဟ္မာတွေကပဲ မြင်နိုင်တယ်လို့ ဟောခဲ့ပါတယ်။
ဘုရားဟောတာ Valid ဖြစ်ဦးမလားဆိုတာ အနာဂတ်မှာ ဆက်ပြီးကြည့်ရမှာပါ။

ပရမာ အဏုမြူရဲ့ ၁သိန်းပုံ ၁ပုံဟာ လူ့ဘုံမှာရှိတဲ့ ပရမတ္တရုပ်ကလာပ် တစ်ခု
7.8 x 10-9 cm ÷ 105 = 7.8 x 10-14 cm
Science မှာတော့ Proton, Neutron အရွယ်အစားဟာ 0.8 fm (8 x 10-14 cm) ရှိတယ်။
သိပ်မကွာဘူး။ ဘုရားဟောတဲ့ လူ့ဘုံက ပရမတ္တရုပ်ကလာပ်ဆိုတာ Proton, Neutron နဲ့သွားတူနေတယ်။

Nucleus Illustration

ပရမာအဏုမြူရဲ့ ၁သန်းပုံ ၁ပုံဟာ နတ်ဘုံမှာရှိတဲ့ ပရမတ္တရုပ်ကလာပ် တစ်ခု
7.8 x 10-14 cm ÷ 106 = 7.8 x 10-15 cm
Science မှာတော့ Electron အရွယ်အစားဟာ 1 x 10-15 cm ရှိမယ်လို့ ခန့်မှန်းရပါတယ်။ (သေးလွန်းလို့ အတိအကျမပြောနိုင်တော့ပါ)
ဒီတော့ နတ်ဘုံရဲ့ ပရမတ္တရုပ်ကလာပ်ဆိုတာ Electron နဲ့သွားတူနေပါတယ်။

Electron Illustration

ပရမာအဏုမြူရဲ့ ၁ကုဋေပုံ ၁ပုံဟာ ဗြဟ္မာ့ဘုံမှာရှိတဲ့ ပရမတ္တရုပ်ကလာပ် တစ်ခု
7.8 x 10-15 cm ÷ 107 = 7.8 x 10-16 cm
Science မှာတော့ Quark အရွယ်အစားဟာ 1 x 10-16 cm ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ (ခန့်မှန်းချေပဲ ပြောနိုင်သေးတာပါ)
ဆိုတော့… ဗြဟ္မာ့ဘုံမှာရှိတဲ့ ပရမတ္တရုပ်ကလာပ်ဆိုတာ Quark လေးတွေနဲ့ သွားတူနေပါတယ်။

Atom, Nucleus & Quark (From left to right)

Physics မှာလည်း Quark တွေကို Fundamental Particles ဆိုပြီးလက်ခံထားသလိုပဲ ဗုဒ္ဓကလည်း ဗြဟ္မာ့ဘုံမှာရှိတဲ့ ပရမတ္တရုပ်ကလာပ်ထက် သေးတာ မရှိတော့ဘူးလို့ဆိုပါတယ်။

Elementary Particles

ဗုဒ္ဓအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကတည်းက ဒါတွေကို ဟောာနိုင်ခဲ့တာက တော်တော်ထူးခြားတယ်လို့ ပြောရမှာပါ။
စဉ်းစားစရာရှိတာက နတ်တွေ၊ ဗြဟ္မာတွေရဲ့ အခြေခံရုပ်တွေက ဘာလို့ လူတွေထက် သေးနေရတာလဲ ဆိုတာပါ။ (အောက်မှာ ဆက်ရေးမှာတွေက ကျွန်တော့ရဲ့ Speculation တွေဖြစ်သွားပါပြီ)

နတ်တွေ၊ ဗြဟ္မာတွေဆိုတာ ကျွန်တော်တို့မြင်ဖူးတဲ့ ပန်းချီကားတွေထဲကလို ရွှေရောင်ဝတ်စုံအပြည့်အစုံနဲ့ လူပုံစံရှိနေတာလည်း ဟုတ်ချင်မှဟုတ်မှာပါ။ ဥပမာ လူက ဂြိုလ်သား (Aliens) ကို လူပုံစံနဲ့ပဲ ခိုင်းနှိုင်းမြင်သလိုပေါ့။

သူတို့ဟာ လူတွေထက်သေးတဲ့ အမှုန်လေးတွေရော ဖြစ်မနေနိုင်ဘူးလား။
ဘာလို့လဲဆိုတော့ အမှုန်တွေမှာ “ဘုရားဟော” ဆိုပြီး ရေးခဲ့ကြတဲ့ Superpower တွေရှိနေလို့ပါ။ (ဒါကို စာရှည်မှာ ကြောက်လို့ မဆက်တော့ပါဘူး)

ဒါဟာ လက်ခံဖို့ တော်တော်ခက်ခဲတဲ့ အမြင်ပါ။
ဒါပေမယ့် Virus လေးတွေကို မျက်စိနဲ့မမြင်နိုင်ပါဘူး။

ခုခေတ် Quantum Mechanics နည်းပညာတိုးတက်လာတဲ့အချိန် Electron Microscope တွေထွင်လာတဲ့ကာလရောက်မှ Virus ဘာကောင်လဲဆိုတာ သိကြရတာပါ။
အဲ့လောက်သေးတဲ့ အကောင်လေးဟာလည်း သူ့ထက် အစမတန်ကြီးမားတဲ့ လူကို ဒုက္ခပေးနိုင်တာပါပဲ။

ငါမြင်ရင် ငါယုံမှာပေါ့ဆိုတဲ့ အမြင်ဟာ သိပ္ပံမှာတော့ အလုပ်မဖြစ်ပါဘူး။
အဖြူအမဲသဘော မှန်တယ်၊ မှားတယ်ဆိုတာ အချိန်တစ်ခုကြာမှ ဆုံးဖြတ်နိုင်မှာပါ။
ဥပမာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ဒါတွေကို သွားပြောရင် စိတ်ရူးပေါက်နေတယ်လို့ ထင်စရာရှိပေမယ့် ခုခေတ်မှာတော့ နည်းပညာ တိုးတက်မှုတွေရှိနေပြီမို့ လက်ခံလာနိုင်စရာရှိပါတယ်။
နောက်နှစ် ၁၀၀ လောက်နေရင် ဒါတွေဟာ တကယ်မှန်သလား၊ မှားသလားဆိုတာ သဲသဲကွဲကွဲသိလာနိုင်ကောင်းပါရဲ့။
ဒီကြားကာလထဲမှာတော့ ခုလောက်ပဲ တိတိကျကျပြောနိုင်သေးတာမို့ ယုံကြည်စရာကောင်းတယ်၊ မကောင်းဘူး ကျွန်တော့အနေနဲ့ ဘာမှမှတ်ချက်မပေးနိုင်ပါဘူး။

ယုံချင်တဲ့သူကို မယုံလောက်တဲ့ အကြောင်းတွေ ဘယ်လောက်ပြပြ သူကတော့ ဆက်ယုံမှာပါပဲ၊ ထို့အတူ မယုံချင်တဲ့သူကလည်း ဘယ်လောက် ကြောင်းကျိုးခိုင်မာနေပါစေ ယုံမှာမဟုတ်ပါဘူး။
ကိုယ်ယုံကြည်ရာနဲ့ပဲ ရှေ့ဆက်ကြဖို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started