ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)

ဒီလိုမျိုးရေးလာတာ ၆ပုဒ်မြောက်ပါပြီ။ ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။

ခုရေးတဲ့စာကို “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?” ရဲ့နောက်ဆက်တွဲ (Sequel) အဖြစ်လည်း မြင်ကြည့်လို့ရပါတယ်။
အဲ့ဒီမှာ ရေးခဲ့တဲ့ ကမ္ဘာကြီးစဖြစ်လာပုံကိုတော့ ဒီမှာ ထပ်မရေးတော့ပါဘူး။

https://ouo.io/5pKaUS (ဖတ်ချင်တဲ့သူတွေအတွက်ပါ)

ဘုရားက သက်ရှိတွေဘယ်လိုဖြစ်လာသလဲဆိုတာ ဟောခဲ့ဖူးပါတယ်။
အဂ္ဂညသုတ်မှာ ကမ္ဘာမြေကြီး ပြောင်းလဲတိုးတက်လာသည့်အခါ အဆင့်တစ်ခုတွင် မှောင်မိုက်နေပြီး ရေဖုန်းလွှမ်းနေသည်။
ထိုအချိန်က တည်ရှိခဲ့သော သတ္တဝါများသည် လိင်ကွဲပြားမှုမရှိသေးချေ လို့ဆိုပါတယ်။

Science မှာလည်း ကမ္ဘာကြီးရဲ့အစက လေထုထဲမှာ Carbon Dioxide, Methane, Ammonia တွေပါတယ်လို့ ဆိုတယ်။ Oxygen မရှိသေးပါဘူး။ အဲ့ဒီကာလမှာ နေရောင်တွေ တိုးမပေါက်ခဲ့ဘူး။ (မှောင်နေခဲ့တာပေါ့)
အဲ့ဒီအချိန်မှာတော့ ရေတွေလည်း သမုဒ္ဒရာတစ်ခုစာဖြစ်နေပါပြီ။

Early Periods on Earth Illustration

လိင်ကွဲပြားမှုမရှိသေးတဲ့ သတ္တဝါဆိုလို့ ရာဇဝင်တွေထဲက ယောက်ျားမဟုတ်၊ မိန်းမမဟုတ်ပုံတွေကို ပြေးမမြင်ကြပါနဲ့။
အဲ့ဒီအချိန်မှာ ဆဲလ်တစ်လုံးထဲရှိတဲ့အကောင်လေးတွေ (Single cellular organisms) ပဲရှိပါသေးတယ်။ Protocells လို့လည်း ခေါ်ပါတယ်။
(သူတို့ဘယ်လိုစဖြစ်လာလဲဆိုတာ Biochemistry ဆန်ဆန်ပြောရမှာမို့ ကျော်လိုက်ပါပြီ)
ဒီအကောင်လေးတွေမှာ Sex ဆိုတာ မရှိသေးပါဘူး။
သူတို့တွေ နေရဲ့ဓာတ်ရောင်ခြည်ထိပြီး မသေသွားအောင်လို့ ကမ္ဘာရဲ့ သံလိုက်စက်ကွင်းက ကာကွယ်ပေးထားတာပါ။

Protocells Illustration

ဘုရားဟောကို ပြန်ဆက်ပါဦးမယ်။
အချိန်များကျော်လွန်သွားသောအခါ ရေငွေ့များတဖြည်းဖြည်းရှင်းသွားပြီးနောက် ကမ္ဘာမြေကြီးး ထင်ပေါ်လာသည်။
အရသာနှင့်ပြည့်စုံသော မြေဆီသည် ရေများပေါ်တွင် ပျံနှံ့တည်ရှိနေသည်။
ချက်ပြုတ်ပြီး အအေးခံထားသော နို့ရောင်ထမင်း၏ မျက်နှာပြင်တွင် အမြုပ်ဖတ်များပေါ်လာသကဲ့သို့ပင် ခြောက်သွေ့သောမြေသားသည် ဖြစ်ပေါ်လာ၏။

Science ကလက်ခံထားတာလည်း ဒီလိုပါပဲ။
နေရောင်ခြည်က ခုချိန်မှာ ကမ္ဘာမြေထဲကို တိုးပေါက်လာပါပြီ။
နေရောင်ခြည်မှာပါတဲ့ UV Rays တွေကြောင့် Protocells တွေ Mutation ဖြစ်ကုန်တယ်။ Mutation ကြောင့် Protocells တွေဟာ နေရောင်ခြည်ကို စွမ်းအင်အဖြစ်သုံးနိုင်လာပါတယ်။
(Mutation ဆိုတာ ဆဲလ်တွေပွားရင်းနဲ့ အမှားတွေပါသွားတာကို ပြောတာပါ၊ အဲ့ဒီအတွက်ကြောင့် ကောင်းတာတွေ ဖြစ်လာနိုင်သလို၊ ဆိုးတာတွေလည်း ဖြစ်လာတတ်ပါတယ်၊ ခု Protocells လေးတွေအတွက်တော့ ကောင်းတာဖြစ်လာတာပေါ့)

Sunlight comes into the atmosphere but there’s still no ground to stand on, just water.

ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Protocells တွေပဲ အသက်ရှင်ကျန်ခဲ့တာပါ။ (Survival of the fittest ပါပဲ)
သူတို့တွေ အချင်းချင်းပေါင်းမိကြပြီး Prokaryotic Life တွေဖြစ်လာကြတယ်။ အဆင့်နည်းနည်းမြင့်လာတဲ့ သက်ရှိဖြစ်လာတာကို ပြောချင်တာပါ။

Prokaryotes Illustration

ခုချိန်ထိ ကမ္ဘာမှာ Oxygen မရှိသေးပါဘူး။ သူတို့ဟာ Photosynthesis လုပ်ပြီး နေရဲ့စွမ်းအင်ကနေ Oxygen ထုတ်ပေးနိုင်ကြတယ်။
အဲ့ဒီကနေ စိမ်းပြာရေညှိ (Cyanobacteria) တွေဖြစ်လာခဲ့တယ်။

Cyanobacteria

အချိန်နည်းနည်းကြာလာတော့ ကမ္ဘာမြေထဲက ချော်ရည်တွေက အပြင်ကို နောက်တစ်ခါ တွန်းကန်ထွက်လာတယ်။ (ကမ္ဘာစဖြစ်တုန်းကလည်း ချော်ရည်တွေရှိဖူးပါတယ်၊ တဖြည်းဖြည်း အေးသွားလို့ ရေအောက်ရောက်သွားတာပါ)
အဲ့ဒီအခါမှာ ကုန်းမြေဆိုတာ ဖြစ်လာတယ်။
ကုန်းမြေတွေက တဖြည်းဖြည်းနဲ့ ခြောက်သွေ့လာတဲ့အခါ ကျွန်တော်တို့သိတဲ့ မြေကြီးဆိုတာ ဖြစ်လာတယ်။

Land formation from cooled magma

အဲ့ဒီကုန်းမြေရဲ့ ပတ်ဝန်းကျင်မှာ နေရောင်လည်းရ၊ အပူချိန်ကလည်း အတော်ပဲဆိုတော့ Cyanobacteria လေးတွေ အသက်ဆက်ရှင်ကြတာပေါ့။
အရသာနှင့်ပြည့်စုံသော မြေဆီဆိုတာ ချော်ရည်ကနေဖြစ်လာတဲ့ ကုန်းမြေကိုပြောတာပါ။ (အရသာဆိုတာကို ချို၊ ချဉ်၊ ဖန်၊ ခါး ဆိုတာမျိုးမတွေးဘဲ အာဟာရဖြစ်စေတဲ့ သဘောကို ဆိုချင်တာပါ)

ဒီလိုနဲ့ Prokaryote တွေဟာ Eukaryote တွေဖြစ်လာပါတယ်။ (နောက်တစ်ဆင့် မြင့်လာတာပေါ့)
သူတို့က ဘာတွေပိုလာလဲဆိုတော့ Mitochondria (Oxygen ကို သုံးပြီး စွမ်းအင် ထုတ်ပေးတဲ့ အရာ) တွေရှိလာတယ်။

Eukaryote with organelle

DNA တွေပိုရှည်လာတယ်။ (တဖြည်းဖြည်းနဲ့ ပိုရှုပ်ထွေးတဲ့သက်ရှိတွေဖြစ်လာနိုင်တာ ဒါကြောင့်ပါ)
ဒါဟာ ကျွန်တော်တို့ရဲ့ အစ ကနဦးပါ။

DNA

Part 2 မှာတော့ ဒီကနေ တစ်ဆင့်ဘယ်လိုပြောင်းလဲလာလဲ။ ဗုဒ္ဓကရော ဘယ်လိုတွေဟောထားလဲ ဆက်ပြောသွားမှာပါ။ ဖတ်ပေးကြပါဦး။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started