Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)

စာဖတ်သူတို့အားလုံး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Luca ဆိုတဲ့ကာတွန်းကားလေးကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။

Disney နဲ့ Pixar တို့ရဲ့ masterpiece animation တခုဖြစ်တဲ့ Luca က တော်တော်လေးအသက်ဝင်တဲ့ ရိုက်ချက်တွေနဲ့ story လေးကလဲချစ်စရာကောင်းလို့ မကြည့်ရသေးရင် အမြန်ကြည့်ဖို့လက်တို့ပါရစေ။

ဒီ animation ထဲမှာပါတဲ့ စိတ်ဝင်စားစရာအကောင်လေးတွေ real life ထဲမှာတကယ်ရှိမရှိ ရှာရှာဖွေဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁။ Mona Lisa, Giuseppe, Enrico

ပထမဆုံး ပြောပြမယ့်အကောင်လေးကတော့
Luca ထိန်းကျောင်းနေတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ Luca ရဲ့ နေ့စဥ်အလုပ်က အဲ့ငါးတသိုက်ကို စားကျက်ထဲခေါ်သွားပြီး နွားကျောင်းဆိတ်ကျောင်းသလို ကျောင်းရတာပါ။

ငါးတွေကလဲ မျက်လုံးကပြူးပြူးနဲ့ ကြောင်တောင်တောင် နုံအအရုပ်ကလေးတွေနဲ့ပါ။

အဲ့ငါးလေးတွေကို အပြင်မှာ Goatfish လို့ခေါ်ပါတယ်။

အနီရောင် အစိမ်းရောင် အပြာရောင် အဝါအစင်း စသဖြင့် အရောင်အသွေးအမျိုးစုံရှိပြီး ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်လိုက်ပြောင်းလို့ရပါသတဲ့။

သူတို့ကို ပင်လယ်ထဲဆို သန္တာကျောက်တန်းတွေနားမှာ (coral reef) တွေ့ရတတ်ပြီး
တီကောင်လေးတွေ၊ ပုစွန်ဆိတ်ကလေးတွေနဲ့ တခြားကျောရိုးမဲ့အကောင်လေးတွေကိုပါ ဖမ်းဆီးစားသောက်တတ်ပါတယ်တဲ့။

သူတို့ရဲ့ မေးစေ့မှာ အမွှေးရှည် ၂ချောင်းရှိပြီး အဲ့အမွှေးနဲ့ မြေပြင်ကို စမ်းစမ်းကာ အစာရှာတတ်ပါတယ်တဲ့။ Sensory barbels လို့ခေါ်ပါတယ်။

(ဆိတ်တွေမှာရှိတဲ့ မုတ်ဆိတ်မွေးနဲ့တူလို့ Goat fish လို့ခေါ်တာလို့လဲ ဆိုကြပါတယ်။)

Goat fish တွေကအုပ်စုလိုက်နေတတ်ပြီး အုပ်စုဖွဲ့ အစာရှာတတ်ပါတယ်။

Luca ထဲမှာ နာမည်ပါတဲ့ Goat fish 2ကောင်ကတော့ Mona Lisa နဲ့ Giuseppe ဆိုတဲ့ အမြဲထွက်ပြေးဖို့ကြံနေတဲ့ အကောင်တို့ဖြစ်ပါတယ်။

Luca က ထွက်ပြေးချင်နေတဲ့ Giuseppe ကို Enrico ဆိုတဲ့ငါးအကြောင်းပြောရင်း သတိပေးတာကိုတွေ့ရပါတယ်။

Enrico ဆိုတဲ့ Goat fish ကတော့ နာမည်ပဲပါပြီး ဟိုးအရင်ကထဲက ထွက်ပြေးသွားတဲ့တကောင်ဖြစ်ပါတယ်။

Mona Lisa ကတော့ ငါးသားပေါက်လေးတွေကို ခိုးစားထားပြီးမသိမသာ ခပ်ပြုံးပြုံးနေတတ်တဲ့ကောင်ပါ။

၂။ Luca , Alberto

ဇာတ်လမ်းထဲမှာတော့ လူတပိုင်း ရေသတ္တဝါတပိုင်းဖြစ်နေတဲ့ Luca နဲ့ Alberto တို့ဟာ Sea monster လို့သာဆိုပြီး ဘာအကောင်မှန်း သေချာမပြောထားပါဘူး။

ကုန်းနေရေနေသတ္တဝါထဲက တကောင်ကောင်ကို inspire ယူပြီး ဆွဲထားတာဖြစ်ပါတယ်။

အတိအကျတော့ မတူပေမယ့်
အနီးစပ်ဆုံးတူတဲ့အကောင်ကတော့ Sea iguana လို့ခေါ်တဲ့ ဖွတ်မျိုးနွယ်ဝင် ရေပုတ်သင် အကြီးစားမျိုးဖြစ်ပါတယ်။

သူတို့မှာ ခြေလေးဖက်ပါပြီး ရေကူးရန် ရေယက်များ၊ အမြီးများလဲ ပါဝင်ပါတယ်။

ကာတွန်းနဲ့မတူဘဲ အပြင်မှာတော့ တော်တော်ကြည့်ရဆိုးပါတယ်။

အဓိကစားသောက်တာကတော့ algae နဲ့ seaweed လို့ခေါ်တဲ့ ရေမှော်ပင်လေးတွေဖြစ်ပြီး Luca တို့အိမ်မှာ စိုက်ခင်းလေးစိုက်ထားတာကိုလဲတွေ့လိုက်ရမှာပါ။

Stay tuned for Part 2!

Thanks for your time!

လင်းမူ

Leave a comment

Design a site like this with WordPress.com
Get started