Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)

၃။ Uncle Ugo

Luca animation ထဲမှာ ထူးထူးခြားခြားနဲ့ ပရိသတ်တွေ မှတ်မိနေလောက်မယ့် character တကောင်ကတော့ Luca ရဲ့ ဦးလေး Uncle Ugo ပဲဖြစ်ပါတယ်။

ကြောက်စရာကောင်းတဲ့ရုပ်နဲ့ မျက်လုံးကလဲ စွေစောင်းနေသလို ခန္ဓာကိုယ်ကလဲ ထူးထူးခြားခြား (transparent) ဖောက်ထွင်းမြင်နေရပါသတဲ့။

ဇာတ်လမ်းထဲမှာတော့ Luca ကို သူ့အမေက ဒဏ်ပေးတဲ့အနေနဲ့ သူ့ဦးလေးဆီသွားနေခိုင်းတာဖြစ်ပြီး သူ့ ဦးလေး Ugo က Deep sea ထဲမှာ နေပါသတဲ့။

စာဖတ်သူတို့ သတိထားမိမလားမသိဘူး…Uncle Ugo က Luca တို့မိသားစုနဲ့ ပုံစံချင်း မတူပါဘူး။

တကယ်တမ်းလဲ Luca ဦးလေးကိုဆွဲတဲ့အခါ တခြားတိရစ္ဆာန်တကောင် ပုံစံကို ယူပြီးရေးဆွဲထားတာပါ။

Uncle Ugo ရဲ့ တကယ့် လက်တွေ့ဘဝထဲက တိရစ္ဆာန်ကတော့ Angler Fish လို့ခေါ်ပါတယ်။

Angler ဆိုတာ ငါးမြှားတံ လို့အဓိပ္ပာယ်ရပြီး angler fish ရဲ့ ခေါင်းမှာပါတဲ့ မီးလင်းတဲ့ အတံကလေးကို အစွဲပြုပြီး ခေါ်ထားတာဖြစ်ပါတယ်။

ဒီ Angler fish တွေက အသားစားငါးတွေဖြစ်ပြီး ပင်လယ်သမုဒ္ဒရာရဲ့ ဟိုးအောက်ခြေမှာနေပါတယ်။

နေရောင်လုံးဝမဖောက်နိုင်တဲ့ ရေအောက်မီတာ ၁၀၀၀ ကနေ ၄၀၀၀ အောက် Bathypelagic zone မှာနေပြီး မှောင်မည်းနေတဲ့နေရာမှာကျက်စားပါတယ်။

သူတို့ရဲ့ အမဲလိုက်ပုံက ထူးဆန်းပါတယ်။

သူတို့ခေါင်းထိပ်က မီးလင်းတဲ့ အတံလေးနဲ့ ပုစွန်ဆိတ်လေးတွေ ငါးပေါက်လေးတွေကို မြူဆွယ်ဖြားယောင်းပြီး အနားရောက်လာတော့မှ ဆွဲစားပလိုက်ပါတယ်။

သူတို့ရဲ့ ပါးစပ်နဲ့မေးရိုးကို လိုသလိုချဲ့နိုင်လို့ သူတို့ထက် ၂ဆလောက်ကြီးတဲ့ အကောင်တွေကိုတောင် အသာလေးစားလိုက်နိုင်ပါသတဲ့။

နောက်ထပ်ထူးခြားတာက သူတို့ရဲ့ မီးလင်းတဲ့အတံကလေးက အထီးတွေမှာမရှိဘဲ အမတွေမှာပဲပါတာပါ။

ရေထဲမှာလျှပ်စစ်ဓာတ်လဲမရှိဘဲ
ဘာလို့ ထိပ်ကမီးလင်းနေတာလဲဆိုတော့ အဲ့နေရာမှာ အိတ်ကလေးတခုရှိပြီး မီးရောင်ထွက်တဲ့ bacteria တွေစုထားလို့ လင်းနေရတာပါတဲ့။

မီးရောင်လင်းတဲ့ bacteria နဲ့ angler fish တွေက အတူတကွနေထိုင်ကြပြီး အပြန်အလှန်အမှီသဟဲပြုနေကြပါတယ်တဲ့။

ပိုပြီးထူးဆန်းတာက angler fish တွေမှာ အမက ပိုကြီးပြီး အထီးတွေက တော်တော်လေးသေးကွေးလှပါတယ်။

Size ချင်းယှဥ်ကြည့်ရင် အထီးတွေက ၈ဆ ၉ဆလောက်ကို သေးပါတယ်။

Size သေးပြီး weak လဲဖြစ်တဲ့အထီးတွေက ကိုယ်တိုင် အစာမရှာနိုင်ပါဘူး။

အစာရှာဖို့အတွက် မီးလင်းတဲ့ အတံလဲမပါလို့ သူတို့အသက်ရှင်ဖို့ ရှာတာအစာမဟုတ်ပါဘူး။

မိန်းမရှာတာပါ….မိန်းမရှာပြီး မိန်းမကိုပဲ ခိုကပ်စားသောက်နေထိုင်ကြတာပါ။

ဘယ်လိုဖြစ်တာလဲဆိုတော့ အထီးတွေက အမတွေကို လိုက်ရှာရပြီး တွေ့ပြီဆိုတာနဲ့ အမရဲ့ body ကို လှမ်းကိုက်ထားလိုက်ပါတော့တယ်။

ကိုက်ထားတာကို လုံးဝမလွှတ်တော့ဘဲ သူ့ပါးစပ်နဲ့ အမရဲ့ body ကို စူပါဂလူးနဲ့ ကပ်သလို အသေကပ်ထားလိုက်ပါတော့တယ်။

Enzyme သုံးပြီး အသားအချင်းချင်း ပူးကပ်အောင်လုပ်ပြီး သွေးကြောတွေအထိပါ တခါထဲ ဆက်သွယ်လိုက်ပါတော့တယ်။

အပိုင်ကို ချည်ပြီးတုပ်ပြီး လုပ်လိုက်တာပါ။

အဲ့လို အမနဲ့ကပ်ပြီးတဲ့အခါ မိန်းမသွားရာနောက်
တကောက်ကောက် လိုက်ပြီး မိန်းမရှာကျွေးသမျှကို ကပ်စားပါတော့တယ်။

မိန်းမက မျိုးပွားချင်ပြီဆိုရင် လိုအပ်တဲ့ သုတ်ပိုး (sperm) ကို အထီးကထုတ်ပေးတယ်။

ကျန်တဲ့အလုပ် အထီးကဘာမှမလုပ်ဘူး။

သုတ်ပိုးလိုရင်ထုတ်ပေးမယ်။ ပြီးရင် အေးဆေးမှီစားကပ်စားမယ်။ အေးအေးဆေးဆေး သာသာယာယာပါပဲ။

တချို့ဆိုရင် အမကရှားလွန်းလို့ အထီး ၄ ၅ ၆ ကောင်လောက်က အမတကောင်ထဲကို ဝိုင်းကုပ်တွယ်ထားတာမျိုးလဲရှိပါတယ်။

ဘဝမှာ မိန်းမရှာမတွေ့တဲ့ angler fish အထီးတွေကတော့ FA ဘဝနဲ့ပဲ သေသွားရရှာပါတယ်။

တချို့အထီးတွေကျတော့လဲ အမကိုကုပ်တွယ်ထားရင်း တဖြေးဖြေးသေသွားတတ်ပြီး ဥနှစ်လုံးသာကျန်ခဲ့တာမို့ အမက အထီးရဲ့ ဥနှစ်လုံးနဲ့ ဆက်လက်ရှင်သန်သွားပါသတဲ့။

အမတွေကလဲ ဥနှစ်လုံးရရင်ပြီးရော ကျန်တာသေသေရှင်ရှင် အထီးတွေကို ဂရုကိုလုံးဝမစိုက်ပါဘူးတဲ့။

Angler fish အထီးဖြစ်ရတာတော်တော်မလွယ်တဲ့ဘဝပါ။

ဒါဆိုရင် မေးစရာတခုရှိတာက မတူညီတဲ့ အကောင် ၂ကောင်က အဲ့လို ပူးပြီးနေရင် immune system က ပြန်မချဘူးလားပေါ့။

ဟုတ်ကဲ့ Angler fish တွေရဲ့ geneမှာကိုက T cell တွေကောင်းကောင်း mature မဖြစ်လို့ Antibody လဲသေချာမထုတ်နိုင်ဘူးလို့ဆိုပါတယ် အဲ့တာကြောင့် အဲ့လို ပူးတွဲနေလို့ရနေတာဖြစ်တယ်လို့ ဖတ်ရပါတယ်။

ရေအောက်မှောင်မှောင်မည်းမည်းထဲမှာ ဘဝကိုဖြတ်သန်းရင်း နေထိုင်ရတဲ့ Angler fish ကတော့ Uncle Ugo ရဲ့ လက်တွေ့ဘဝပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Luca ကာတွန်းကားလေးထဲက စိတ်ဝင်စားစရာအကြောင်းတွေ သိလိုက်ရပြီမို့လို့
ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။

Thanks for your time!

လင်းမူ

One thought on “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)

Leave a comment

Design a site like this with WordPress.com
Get started