ခေါင်းစဥ်က နည်းနည်းရိုင်းသွားရင် sorry ပါဗျ။
ဒါပေမယ့် စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းတဲ့ ကိစ္စတခုပါ။

အာကာသယာဥ်မှူးတွေ ကမ္ဘာပေါ်ပြန်ရောက်လာရင်လဲ အဲ့မေးခွန်းက အမေးခံရဆုံး မေးခွန်းထဲမှာပါပါတယ်တဲ့။
ဒါဆို ကျနော်တို့ သမိုင်းကြောင်းလေးကနေစပြီး ပြောကြည့်ရအောင်။
၁၉၆၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ပထမဦးဆုံးအာကာသယာဥ်မှူး Alan Shepard ကို အာကာသထဲကိုလွှတ်လိုက်ပါတယ်။


အာကာသထဲကိုအသွားမှာ ကမ္ဘာ့ဆွဲငင်အားကနေအကွာ ၁၅မိနစ်လောက်လဲကြာတော့
အာကာသယာဥ်မှူး Shepard က သမိုင်းဝင်စကားကြီးတခွန်းပြောခဲ့ပါတယ်။
“ဟကောင်တွေ လုပ်ဦး…ငါသေးပေါက်ချင်လာပြီ” တဲ့။

အဲ့စကားကိုကြားကြားခြင်း ကမ္ဘာမြေပေါ်ကသိပ္ပံပညာရှင်တွေလဲ တော်တော်ကြောင်သွားမှာပဲ။
သူတို့မမျှော်လင့်ထားမိတဲ့အရာတခုကို စကြုံနေတာမို့ပါ။
အာကာသထဲရောက်နေမှတော့ ဘယ်လိုလို့ အိမ်သာရှိမှာလဲပေါ့… သူတို့လဲ မစဥ်းစားထားမိဘူး… အိမ်သာကိစ္စကို…။
Shepard က တကယ်ကို သေးတော်တော်ပေါက်ချင်နေတာပါ။
ပေါက်ချလိုက်ဖို့ကလဲ အာကာသဝတ်စုံကြီးထဲဖြစ်နေ။
တပ်ဆင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေက သေးစိုကုန်ရင် အကုန်ပျက်စီးသွားနိုင်ပါတယ်။
ကမ္ဘာမြေကိုလဲ သေးပြန်ပေါက်ဖို့တခုထဲနဲ့တော့ပြန်လာလို့ကလဲ မဖြစ်ပါဘူး။
အဲ့တာနဲ့ပဲ နောက်ဆုံးတော့ အခြေအနေအရ မြေပြင်ကညွှန်ကြားပေးလိုက်ပါတယ်။
“ကဲ ကိုယ့်လူရေ….မထူးဘူး…ပေါက်သာချလိုက်ပါတော့” တဲ့။

အဲ့လိုနဲ့ပဲ အာကာသထဲမှာ သေးပေါက်ချခဲ့ရဖူးတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။
တကယ်က အာကာသယာဥ်မှူးပဲ သေးကြိုမပေါက်ခဲ့တာလား… ဒါမှမဟုတ် စိတ်လှုပ်ရှားလို့ပဲ သေးပေါက်ချင်စိတ်များလာတာလားတော့ ပြောမရပေမယ့်အာကာသထဲရောက်သွားရင် လူတိုင်းလိုလို သေးပိုပေါက်ချင်လာပါတယ်။
အကြောင်းရင်းကတော့ Gravity လို့ခေါ်တဲ့ ကမ္ဘာ့ဆွဲငင်အား မရှိ (or) နည်းသွားလို့ပါ။
ပုံမှန်ဆိုရင် မတ်တပ်ရပ်နေတဲ့အခါ
ကျနော်တို့ body မှာ သွေးအများစုက ခြေထောက်ရဲ့ သွေးကြောတွေထဲမှာ အိုင်နေပါတယ်။ Gravity ကြောင့် အဲ့လို သွေးတွေ ခြေထောက်မှာ ပိုစုနေပါတယ်။
အခုကျ အာကာသထဲရောက်သွားတော့ သွေးတွေက ခြေထောက်မှာ စုပုံမနေတော့ဘဲ ခန္ဓာကိုယ်အပေါ်ကို မျှမျှတတ ပြန်စီးဆင်းလာပါတော့တယ်။

ခါတိုင်းခြေထောက်က သွေးအပိုတွေက body အပေါ်ကို ရောက်လာတော့ ကျောက်ကပ်ကိုလဲသွေးပိုရောက်ပါတယ်။ ကျောက်ကပ်ကိုသွေးများများရောက်တော့ သေးများများပေါက်ချင်လာပါရော။

အဲ့လိုဖြစ်တာကို အာကာသယာဥ်မှူးအတော်များများကြုံရပါတယ်။

အာကာသခရီးတွေ စသွားတုန်းကတော့ ခရီးကာလကသိပ်မကြာပါဘူး။
ခရီးကာလက မိနစ်ပိုင်းရှိခဲ့သလို နာရီပိုင်းအထိပဲရှိခဲ့တာမို့ အိမ်သာကိစ္စက အောင့်ထားလို့ရပါသေးတယ်။
နောက်ပိုင်းခရီးတွေက ရက်ပိုင်းအထိကြာလာပြီ… လပိုင်းအထိ နေကြည့်ဖို့ လိုလာပြီဆိုတော့ အိမ်သာတလုံးရှိမှပဲ အဆင်ပြေတော့မှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်သာဆောက်ဖို့ အာကာသသိပ္ပံပညာရှင်တွေကြိုးစားကြပါတော့တယ်။

နောက်တပိုင်းမှာ ဆက်ဖတ်ပေးကြပါ။
ရေးရမှာက ရှည်လဲရှည် စိတ်ဝင်စားဖို့လဲကောင်းလို့ သေချာရေးချင်လို့ အပိုင်းခွဲလိုက်တာပါ။
Thanks for your time!
လင်းမူ
awesome content! I love it!
LikeLike
Thank u for reading.
LikeLike
မြင့်မိုရ်တောင်နဲ့ ပတ်သတ်ပီးတင်ပေးပါအုံး
LikeLike
သိပ္ပံအရ အတိအကျပြောဖို့ မလွယ်လို့ပါ။
LikeLike