ထန်ခြင်းနောက်ကွယ်က စိတ်ပညာ

Science Nuts ကကောင်တွေ ရေးစရာမရှိတော့လို့ လျှောက်ရေးနေပြီ မထင်ကြပါနဲ့။ စိတ်ပညာအရ တကယ်စမ်းသပ်ထားတာ ရှိလို့ပါ။ ဖတ်ပြီးသွားရင် ဒွိဟအနည်းငယ်တော့ ဝင်သွားမယ်ထင်ပါတယ်။ (ဒါကိုလိုချင်တာပါ…) လူတွေမှာ သာမန်အချိန်နဲ့ ထန်နေတဲ့အချိန် ၂မျိုးရှိတယ်ဆိုပြီး ပညာရှင်တွေက ခွဲခြားလိုက်ပါတယ်။ သာမန်အချိန်မှာတော့ မလုပ်သင့်၊ မဖြစ်သင့်တဲ့ကိစ္စတွေကို မေးရင် “မလုပ်ဘူး… ဘာလို့လုပ်ရမှာလဲ…” လို့ ဖြေတတ်ကြပါတယ်။ ဒီတော့ ထန်နေတဲ့အချိန်မှာရော ဘယ်လိုဖြေမလဲဆိုတာ ပညာရှင်တွေ စိတ်ဝင်စားကြပါတယ်။ ဒီတော့ ကောလိပ်ကျောင်းတစ်ခုကို သွားလိုက်ပါတယ်။ အသက် ၂ဝကျော်အရွယ်ရှိတဲ့ ယောက်ျား ၂၅ ယောက်ကို လိင်ကိစ္စနဲ့ဆိုင်တဲ့မေးခွန်းတွေ မေးကြည့်ပါတယ်။ မိန်းမတွေကို ဘာလို့မစမ်းတာလဲဆိုတော့ ယောက်ျားတွေက လိင်ကိစ္စနဲ့ ပတ်သက်ရင် ပိုပြီး ရိုးရှင်းလို့ပါလို့ ဆိုတယ်။ Material လည်း များများစားစား သိပ်မလိုပါဘူး။ PlayboyContinue reading “ထန်ခြင်းနောက်ကွယ်က စိတ်ပညာ”

အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?

အလင်းဟာ စကြဝဠာကိန်းသေတစ်ခုဖြစ်ပါတယ်။ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နီးပါးသွားနိုင်ပါတယ်။ ဒါပေမယ့် စကြဝဠာကြီးနဲ့ယှဉ်လိုက်ရင် ဒီတန်ဖိုးက သေးငယ်လွန်းပါတယ်။ လူတွေက လက်ရှိအချိန်မှာ အလင်းအလျင်ရဲ့ ၁၀% တောင် မြန်အောင်မလုပ်နိုင်သေးပေမယ့် ဒီ Limit ကြီးကို ဖြတ်ကျော်ကြည့်ချင်ကြပါတယ်။ အဲ့တော့ အလင်းထက်မြန်အောင်… Einstein ရဲ့ သီအိုရီလည်း မမှားအောင်… တစ်မျိုးပြောင်းပြီး ကြံစည်ကြပါတယ်။ Physicists တွေကို အဓိက Inspire ဖြစ်စေတာကတော့ Star Wars တို့၊ Star Trek တို့ပါ။ Star Trek က Enterprise ယာဉ်တွေဟာ အလင်းအလျင်ထက် အဆ ၉၀၀၀ ပိုမြန်အောင် သွားနိုင်ပါတယ်။ Star Wars က Millenium Falcon ယာဉ်ဟာဆိုရင်Continue reading “အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?”

အပြန်ခရီးက အသွားခရီးထက် ပိုမြန်တယ်လို့ခံစားရခြင်းနဲ့ psychology

စာဖတ်သူ ခရီးသွားရင် ဒီလိုခံစားဖူးမှာပါ။ သွားတုန်းကတော့ ကြာလိုက်တာ မရောက်ကိုမရောက်နိုင်ဘူး။ ပြန်လာတော့လဲ အိမ်ကိုခဏလေးပြန်ရောက်လာသလို ခံစားရတာပါ။ အသွားခရီးကကြာသလောက် အပြန်ခရီးကအဲ့လောက်မကြာဖူးလို့ ခံစားရတာကို Tourist illusion or The Return trip effect စသဖြင့်နာမည်ပေးကြပါတယ်။ (တိတိကျကျနာမည်တော့မရှိပါ) ဒီလိုဖြစ်တာလူတိုင်းသိကြပေမယ့် ဘာလို့လဲဆိုတဲ့အဖြေကိုတော့ သိပ္ပံပညာရှင်တွေရှာကြပါစေဆိုပြီး ဒီတိုင်းထားလိုက်ကြပါတယ်။ မနေနိုင်မထိုင်နိုင်တဲ့ ပညာရှင်တွေကစမ်းသပ်လေ့လာကြပြန်ပါတယ်။ ဒီလိုဖြစ်စေတာက လူရဲ့ဘက်လိုက်မှု bias တွေကြောင့်ဖြစ်ပါတယ်။ ပထမဆုံးဖြစ်နိုင်တာက မျှော်လင့်ချက် (Hope) ကြောင့်ဖြစ်နိုင်ပါတယ်။ လူတွေကမျှော်နေတဲ့ကိစ္စတခုဆိုရင် အချိန်ပိုကြာတယ်လို့ထင်ကြပါတယ်။ ဒီဝါကျွတ်လက်ထပ်မယ်ရည်ရွယ်ထားရင် ဒီတခါဝါတွင်း၃လ ပြီးဖို့စောင့်ရတာပိုကြာတယ်လို့ခံစားရသလိုပါပဲ။ ATM တန်းစီရင်လဲ ကိုယ့်အလှည့်ရောက်ခါနီးလေ ကိုကပိုမျှော်လေ ပိုကြာနေသလိုဖြစ်လေပါပဲ။ အသွားခရီးလမ်းက မျှော်လင့်ချက်တွေအများကြီးပွေ့ပိုက်ပြီးသွားတာမို့လို့ ရောက်တော့မှာလား ရောက်တော့မှာလား တမျှော်မျှော်နဲ့သွားရလို့ ပိုကြာတယ်ခံစားရတာပါ။ အပြန်ကျတော့ သိပ်မျှော်စရာမရှိတော့လို့ ခဏလေးပဲကြာတယ်ထင်ရတာပါတဲ့။ နောက်တချက်ကတော့Continue reading “အပြန်ခရီးက အသွားခရီးထက် ပိုမြန်တယ်လို့ခံစားရခြင်းနဲ့ psychology”

လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး

သင့်မှာ လက်ဆစ်ချိုးတတ်တဲ့အကျင့် ၊ ခါးချိူးတတ်တဲ့အကျင့်ရှိပါသလား။ဒါဆို သင်သိချင်လောက်မယ့် အကြောင်းတွေပါလာမှာမို့ ဆက်ဖတ်ကြည့်ပေးပါ။ လက်ဆစ်ချိုးတာ မကောင်ဘူး၊ လက်ဆစ်လွဲမယ်တို့၊ ခါးကိုခဏခဏမချိုးနဲ့ ဆိုပြီး အိမ်ကလူတွေပြောတာကြားဖူးကြမှာပါ။ ဒါပေမယ့် အကျင့်ဆိုတာဖျောက်ရခက်တော့ အကျင့်ဖြစ်နေသူတွေအတွက် လက်ချိုးလိုက်ရမှ ၊ ခါးချိူးလိုက်ရမှ နေသာထိုင်သာရှိတာ ကြုံဖူးမှသိမှာပါ။ ဘေးကလူတွေကြားရင်တော့ လက်ဆစ်ချိုးတဲ့အသံက တော်တော်နာမယ့်အသံလို့ထင်နေကြပေမယ့် တကယ်တော့ နာကျင်မှုမရှိတတ်ပါဘူး။ ဘာလို့ အဆစ်တွေကိုချိုးလိုက်ရင် ဖောက်ဆိုပြီး အသံထွက်ရတာလဲ။ ဒါဘာလို့ဖြစ်တာလဲဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာကြပါတယ်။ အစောဆုံးလေ့လာခဲ့ကြတာကတော့ ၁၉၄၀ ခုနှစ်လောက်ကစခဲ့ပါတယ်။ အဲ့တုန်းကထင်တာက အဆစ်ချိုးတဲ့အခါ အရိုးထိပ်မှာဖုံးထားတဲ့ အရွတ်ခွက်ကလေးတွေ တင်းကြပ်ပြီး ပြန်ချောင်သွားတဲ့အခါ အသံထွက်လာတာလို့ထင်ခဲ့တာပါ။ဒါကို Articular release theory လို့တင်စားခဲ့ပါတယ်။ နောက်ပိုင်းမှာ ခေတ်စားလာတဲ့ theory တခုကကျ လက်ဆစ်ကိုချိုးလိုက်တဲ့အခါ အရိုးအဆစ်နားက တစ်ရှူးတွေတုန်ခါလို့ ထွက်တဲ့အသံလို့Continue reading “လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး”

အိမ်မြှောင်ပုံမပါသော မောင်အိမ်မြှောင့်ပုံပြင်

စာဖတ်သူတွေထဲက တခါလာမေးဖူးတဲ့ကိစ္စလေးကို ဖတ်မိသွားလို့ ရေးပေးလိုက်တာပါ။ အိမ်မြှောင်အကြောင်း ထူးဆန်းတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အိမ်မြှောင်က ကိုယ့်အမြီးကိုပြန်စားတာ တွေ့ဖူးလို့… အဲ့တာဟုတ်လားလို့ စာဖတ်သူတယောက်ကလာမေးထားတာပါ။ အဲ့အကြောင်းကိုပြောဖို့ဆို အိမ်မြှောင်နဲ့သူ့အမြီးကိစ္စကို စပြောရပါမယ်။ အိမ်မြှောင်က သူအတိုက်ခိုက်ခံရတဲ့အခါ ထွက်မပြေးခင် သူ့အမြီးကို အရင်းကဖြတ်ချ ထားခဲ့ပါတယ်။ ကျန်ခဲ့တဲ့အမြီးက တဆက်ဆက် ခုန်နေလို့ ရန်သူကအမြီးကိုပဲ အာရုံစိုက်နေတဲ့အချိန် အိမ်မြှောင်က တချိုးတည်းလစ်ပြေးသွားပါပြီ။ အဲ့လို မိမိ ခန္ဓာကိုယ်ကို မိမိဘာသာဖြတ်ချနိုင်တဲ့အစွမ်းရှိတာကို Autotomy လို့ခေါ်ပါတယ်။ Auto- ဆိုတာ self (မိမိဘာသာမိမိ) ဖြစ်ပြီး -tomy ဆိုတာက amputation (ဖြတ်တောက်ခြင်း) ဖြစ်ပါတယ်။ အိမ်မြှောင်သာမက တခြားသော ဖွတ်မျိုးနွယ်ဝင်တွေ ပုတ်သင်မျိုးနွယ်ဝင်တွေမှာလဲ ဒီလို autotomy အစွမ်းရှိကြပါတယ်။ ထူးခြားချက်က အိမ်မြှောင့်အမြီးက ခန္ဓာကိုယ်နဲ့ တဆက်ထဲမဟုတ်ဘဲ အဆစ်ကလေးတွေနဲ့ချိတ်ထားတာမို့Continue reading “အိမ်မြှောင်ပုံမပါသော မောင်အိမ်မြှောင့်ပုံပြင်”

Design a site like this with WordPress.com
Get started