အာလူးက လျှပ်စစ်ထုတ်ခြင်းနဲ့ Biomass Energy အကြောင်း

The Big Bang Theory ကြည့်ဖူးရင် ကျွန်တော်ခုပြောမယ့် အကြောင်းကိုသိကြမှာပါ။ Season 6, Episode 22 က Dialogue အချို့ကို ပြောပြချင်ပါတယ်။ Episode နာမည်က The Proton Resurgence ပါ။အဲ့ဒီအထဲမှာ Professor Proton က နာရီတစ်လုံးကို အာလူးနဲ့ လည်အောင်လုပ်လို့ရတယ်လို့ ပြောပါတယ်။ အဲ့တော့ Penny က အလန့်တကြားနဲ့ “ဒီလိုဆိုကမ္ဘာကြီးရဲ့ စွမ်းအင်လိုအပ်ချက်တွေ ပြည့်မီသွားတာပေါ့…” ဆိုပြီးပြောပါတယ်။ အခု ဒီအကြောင်းကို ပြောပြချင်တာပါ။ Professor Proton ပြောတာ မမှားပါဘူး။ အာလူးကနေ လျှပ်စစ်ဓာတ် အမှန်တကယ်ထုတ်လို့ရပါတယ်။ လျှပ်စစ်ဘယ်လိုထွက်လဲ မပြောခင် လျှပ်စစ်ဆိုတာ ဘာလဲအရင်ပြောချင်ပါတယ်။ လျှပ်စစ်ထွက်လာဖို့ အဓိကလိုအပ်တာ Electron ပါပဲ။ ငယ်ငယ်ကတော့Continue reading “အာလူးက လျှပ်စစ်ထုတ်ခြင်းနဲ့ Biomass Energy အကြောင်း”

ကြိုတင်ယူဆချက် (Preassumption) များနှင့် နောက်ဆက်တွဲအလွဲများ

လူတွေက အနာဂတ်မှာဘာတွေဖြစ်လာမလဲ ကြိုပြီးခန့်မှန်းတတ်ကြပါတယ်။ နောက် ၁ဝနှစ်နေရင် ငါဘယ်နေရာကိုရောက်နေရမယ်…၊ ဘယ်လိုအိမ်ကြီးနဲ့ နေနိုင်ရမယ်… စသဖြင့် တွေးထားတတ်တာမျိုးပါ။ ဒီလိုဖြစ်တာက လူတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ သူတပါးရဲ့အပြုအမူတွေကို အမြဲတမ်း ခန့်မှန်းကြည့်နေတတ်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ဒီလိုပဲ တွေးမိနေတတ်ပါတယ်။ အနာဂတ်ဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအရ ဖြစ်လာမှာပါ။ လုပ်ဆောင်ချက်ဆိုတာ ကိုယ့်ရဲ့အပြုအမူတွေကနေ ဖြစ်လာတာပါ။ ထို့အတူ အပြုအမူဆိုတာလည်း ကြိုတင်ခန့်မှန်းတာရဲ့နောက်ဆက်တွဲရလဒ် တစ်ခုပါ။ဒီတော့ ကြိုတင်ခန့်မှန်းတတ်တာနဲ့ အနာဂတ်နဲ့ဆက်စပ်မှုတွေရှိနေပါတယ်။ ဒါကို Thomas Theorem လို့ခေါ်ပါတယ်။သူက ဘာပြောခဲ့လဲဆိုတော့ “လူတစ်ယောက်က အခြေအနေတစ်ခုကို ဖြစ်နိုင်တယ်လို့ တွေးရင် တကယ်ပဲဖြစ်လာတယ်” လို့ဆိုပါတယ်။ ဒီလိုတွေ ပြောနေလို့ Supernatural ထဲကို ဝင်သွားပြီလို့ မထင်ကြပါနဲ့။ နတ်တွေ၊ သိကြားတွေ၊ တန်ခိုးရှင်တွေအကြောင်း ပြောဖို့ရည်ရွယ်လိုက်တာ မဟုတ်ပါဘူး။ပြောချင်တာက လက်ရှိကိုယ့်ရဲ့ယူဆချက်တွေက တော်တော်များများမှန်နေတယ်Continue reading “ကြိုတင်ယူဆချက် (Preassumption) များနှင့် နောက်ဆက်တွဲအလွဲများ”

လူတွေမှာရှိတဲ့ စိတ်၃မျိုး

လူတိုင်းမှာ စိတ် ၃မျိုးရှိကြောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရပါတယ်။ တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ပြန်ဝေမျှချင်ပါတယ်။ စဆရကလို ရေးထားတာမို့ အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ စိတ် ၃မျိုးရှိတယ်ဆိုတာထက် Ego ၃မျိုးဆိုပိုမှန်ပါတယ်။ Parent (မိဘ)၊ Adult (လူကြီး)၊ Child (ကလေး) ဆိုပြီး ၃ခုရှိပါတယ်။ ပြောချင်တာက မိဘလိုစိတ်မျိုး၊ လူကြီးတစ်ယောက်လိုစိတ်မျိုး၊ ကလေးစိတ်မျိုး လူတိုင်းမှာရှိနေတာပါ။ စကားပြောနေရင်းနဲ့ကိုပဲ State တစ်ခုကနေ တစ်ခုကို ကူးပြောင်းသွားနိုင်ပါတယ်။ ဆက်မရေးခင်ပြောချင်တာလေးတွေ ရှိပါတယ်။ ကလေးစိတ်ဆိုတာကို မကောင်းဘူးလို့ မမြင်ကြပါနဲ့။ ဒါက လူတစ်ယောက်အတွက် မရှိမဖြစ်အရေးပါပါတယ်။ပြီးတော့ လောကကြီးမှာ မရင့်ကျက်တဲ့လူဆိုတာ မရှိပါဘူး။ သူတို့ရဲ့ ကလေးစိတ် (Child) ကိုမထိန်းချုပ်နိုင်တဲ့သူတွေပဲရှိပါတယ်။ထို့အတူပဲ ရင့်ကျက်တဲ့လူဆိုတာလည်း မရှိပါဘူး။ သူတို့ရဲ့ လူကြီးစိတ်က နေရာယူတာများနေတဲ့သူတွေပဲ ရှိပါတယ်။ ဒီလိုနားလည်လိုက်ရင်Continue reading “လူတွေမှာရှိတဲ့ စိတ်၃မျိုး”

ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?

စာဖတ်သူတွေထဲမှာ တိရစ္ဆာန်ချစ်သူတွေပါကြမှာပါ။ကြောင်ချစ်သူတွေ၊ ခွေးချစ်သူတွေကို ဒီစာလေးကရည်ရွယ်ပါတယ်။ ဘာကြောင့်ဘယ်လို ခွေးလေးရယ် ကြောင်လေးတွေရယ်က လူတွေရဲ့အချစ်တော် pet လေးတွေဖြစ်လာကြတာပါလဲ။ ကြောင်တွေအကြောင်းအရင်စပြောရရင် ကြောင်တွေက ခွေးနဲ့ယှဥ်ရင် လူတွေနားကိုရောက်လာတာနည်းနည်းနောက်ကျပါတယ်တဲ့။ လူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကြောင်နဲ့လူရဲ့ ဆက်ဆံရေးကို မြင်နိုင်ပါတယ်။ နှစ်ပေါင်း ၁သောင်းလောက်ကြာပြီလို့ယူဆရတဲ့ လူအရိုးစုတွေကို ဆိုက်ပရပ်ကျွန်းမှာ တွေ့ရှိရတုန်းက လူအရိုးဘေးမှာ ကြောင်အရိုးတွေကိုပါမြှုပ်ထားတာကို အံ့အားသင့်စွာ တွေ့ရပါတယ်။ ကြောင်က ကျွန်းပေါ်ရောက်အောင် ပင်လယ်ကိုတော့ ရေကူးမလာလောက်တဲ့အတွက် ကြောင်ကို လူတွေကခေါ်လာတာလို့ယူဆကြပါတယ်။ ကြောင်ကိုမြှုပ်ထားတာကလဲ ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ သေချာမြှုပ်ပေးထားလို့ ကြောင်ချစ်သူ ဒါမှမဟုတ် ကြောင်သခင်ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီအထောက်အထားအရ ကြောင်တွေကို Pet အဖြစ်မွေးခဲ့တာ ဒီထက်မကကြာပြီလို့ယူဆနိုင်ပါတယ်။ အိမ်မွေးကြောင်တွေရဲ့ မူလဇာစ်မြစ်ကိုတော့ အရှေ့အလယ်ပိုင်း Middle East ဒေသကနေစခဲ့တယ်လို့ ဆိုကြပါတယ်။ Middle East ဒေသဆိုတာကContinue reading “ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?”

ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း

သင်ကခေါက်ဆွဲပြုတ်ကြိုက်တဲ့သူဆိုရင် ဒီစာကသင့်အတွက်ဖြစ်ပါတယ်။ ကျနော်လဲခေါက်ဆွဲပြုတ်ကြိုက်တတ်သူမို့လို့ ခေါက်ဆွဲပြုတ်ကိုမကြာခဏစားလေ့ရှိပါတယ်။လူကြီးတွေကတော့ ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး မစားခိုင်းတာ ခဏခဏကြားရမှာပါ။ လူကြီးတွေက ခေါက်ဆွဲခြောက်တွေမစားအောင် အမျိုးမျိုးခြောက်ကြပါတယ်။ ခေါက်ဆွဲပြုတ်တွေစားရင်ဘာဖြစ်တတ်တယ်… ညာဖြစ်တတ်တယ်… ဆိုပြီးပြောတတ်ပါတယ်။ ဒီ post မှာတော့ အဲ့လိုခြောက်လှန့်တဲ့စကားတွေက တကယ်မှန်မမှန် ပြောပြပေးသွားပါမယ်။ ၁။ ခေါက်ဆွဲခြောက်ထဲမှာ ဖယောင်းတွေပါတယ်။ ဒီသတင်းက social media မှာဘယ်သူစပြီးလွှင့်လိုက်သလဲမသိပေမယ့် လူတိုင်းစီကို ဒီသတင်းရောက်နေတာသေချာပါတယ်။ ခေါက်ဆွဲခြောက်တွေမကျိုးမကြေပဲ တောင့်တင်းနေအောင်၊ ကြာကြာအထားခံအောင် ဖယောင်းကိုအပြင်ကနေအုပ်ထားတယ်ဆိုပြီး ပြောကြတာပါ။ ဒါက သတင်းမှားတခုပါပဲ။နိုင်ငံတကာ FDA တွေရဲ့စမ်းသပ်ချက်တွေအရ ဖယောင်းပါတယ်ဆိုတာမဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ခေါက်ဆွဲခြောက်စက်ရုံတွေကလဲ ဒီသတင်းကိုပြန်လည်ရှင်းပြထားပါတယ်။ ခေါက်ဆွဲခြောက်ကိုထုတ်လုပ်တဲ့နေရာမှာ ရေပါဝင်မှုနည်းအောင်လုပ်ရတဲ့အဆင့်တွေရှိပါတယ်။ ခေါက်ဆွဲခြောက်ကို ရေနည်းသွားအောင် ပေါင်းခံတာ၊ အခြောက်ကြော်တာ စတဲ့နည်းတွေနဲ့လုပ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကပုံသွင်းခံရသလိုဖြစ်ပြီး တွန့်လိမ်တဲ့ပုံစံဖြစ်သွားတာပါ။ မည်သည့်ဖယောင်းမှ တကူးတကသုံးထားတာမရှိပါဘူး။ တကယ်လို့များ ဖယောင်းပါတယ်ပဲထား…Continue reading “ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း”

Design a site like this with WordPress.com
Get started