ခြင်ကလူရွေးကိုက်တယ်လို့သင်တွေးဖူးရင် အဲ့တာတကယ်ပဲဟုတ်ပါတယ်။ “ငါ့အသားကိုကချိုလို့လားမသိပါဘူး။ ခြင်ကြိုက်တတ်တဲ့အသား” ဆိုပြီး တချို့ခဏခဏ ပြောတတ်ကြပါတယ်။ သင်ကသူငယ်ချင်းပေါတယ်ဆို မေးကြည့်ကြည့်ပါ။ သူငယ်ချင်းတွေထဲမှာမှတချို့လူတွေက ခြင်ပိုအကိုက်ခံရတဲ့ ခြင်အချစ်တော်တွေဖြစ်ပါတယ်။တချို့ကျတော့လဲ ခြင်ဆိုတာချိုနဲ့လားလို့မေးရလောက်အောင် ခြင်အကိုက်မခံရတဲ့သူတွေရှိပါတယ်။ဘာလို့ ဒီလိုကွဲပြားနေရတာလဲဆိုတာ အကြမ်းဖျင်း ပြောပြပေးသွားပါမယ်။ ခြင်ထဲမှာမှ ခြင်အမကပဲကိုက်တယ်ဆိုတာအများသိကြမှာပါ။ ခြင်ကလူကိုကိုက်ဖို့ အနံ့ခံတဲ့အခါ အသက်ရှူထုတ်တဲ့ထဲမှာပါတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုအနံ့ခံပြီး လူကိုရှာတာပါ။ ခြင်ကိုက်တာနဲ့ပတ်သက်ပြီး စမ်းသပ်ချက်တခုလုပ်ထားတာပြောပြပါဦးမယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လုပ်အားပေး ၈၀၀ကျော်ခေါ်ပြီး ခြင်ကိုက်တဲ့ကိစ္စကို လေ့လာစမ်းသပ်ကြပါတယ်။ ဘယ်လိုစမ်းကြတာလဲဆိုတော့ ခြင်ပေါတဲ့နေရာမှာ လက်မောင်းတွေဖော်ထားစေပြီး ၃မိနစ်လောက်ငြိမ်ငြိမ်နေခိုင်းပါတယ်။ အဲ့လိုခြင်စာကျွေးတဲ့အခါ ပထမတကြိမ်မှာ အကိုက်မခံရတာဆိုလို့ volunteer 17 ယောက်ပဲရှိပါတယ်။ ကျန်တဲ့သူတွေအကုန်အကိုက်ခံရပါတယ်။ အဲ့တာနဲ့နောက်တကြိမ်ထပ်ပြီး ခြင်စာကျွေးကြပြန်ပါတယ်။ ဒီတခါတော့အကုန်နီးပါး အကိုက်ခံရပြီး တယောက်ပဲအကိုက်မခံရပါဘူးတဲ့။ အဲ့လိုမျိုး နောက်ထပ် ၉ကြိမ်လောက်ထပ်စမ်းကြတဲ့အခါ အဲ့မောင်ကံကောင်းတယောက်က သူပဲလုံးဝအကိုက်မခံရပါဘူး။ ကျန်တဲ့သူတွေအားလုံး ခြင်ကိုက်ဖုကိုယ်စီနဲ့ကုတ်ဖဲ့နေချိန်မှာ သူကတော့ အပြုံးမပျက်ပါဘူးတဲ့။Continue reading “သင့်ကိုမှရွေးပြီး ဘာလို့ခြင်ပိုကိုက်နေရတာလဲ?”
Author Archives: Science Nuts
Blame ခြင်းနောက်ကွယ်က စိတ်ပညာ
လူတွေက ကိုယ်လုပ်မယ့်ကိစ္စတစ်ခုဟာ မအောင်မြင်နိုင်မှန်း ခန့်မှန်းမိတဲ့အခါ နောက်ဆုတ်တတ်ကြပါတယ်။ ဒါပေမယ့် ရှောင်လွှဲလို့မရတဲ့ကိစ္စတွေက လောကကြီးမှာ အများကြီးပါပဲ။ ဒီတော့ မအောင်မြင်နိုင်မှန်းသိပေမယ့် တည့်တည့်ဝင်တိုးကြရတာပေါ့။ ဒီအခါမှာ ထူးခြားတာတွေ ဖြစ်လာပါတယ်။ အရင်ကလည်း ရေးဖူးပါတယ်။ လူတွေရဲ့ဦးနှောက်က ကိုယ့်ရဲ့ Self-esteem ကိုကာကွယ်ဖို့ အမြဲလုပ်နေပါတယ်။ ဒါကြောင့် အမှားတစ်ခုဖြစ်လာတဲ့အခါ၊ ကျရှုံးမှုတစ်ခုကြုံလာတဲ့အခါ ပြင်ပ Factor တစ်ခုခုကို အပြစ်ပုံချတတ်ပါတယ်။ ဒါဟာ သာမန်လူတွေလုပ်နေကြအလုပ်ပါ။ စာမေးပွဲကျတာ စာမကျက်လို့ဖြစ်ပေမယ့် မေးခွန်းထုတ်တဲ့လူကြောင့်၊ အိမ်ကလူတွေကြောင့် ဆိုပြီး Blame လုပ်တတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက သိသာပါတယ်။ ခုပြောချင်တာက မသိစိတ်ကနေ ကိုယ်ကျရှုံးတော့မှာအတွက် ကြိုပြင်ဆင်ပေးထားတဲ့အကြောင်းပါ။စိတ်ရောဂါတစ်ခုနဲ့ ဥပမာပေးချင်ပါတယ်။ ဒီရောဂါရှိရင် အမြဲတမ်း အစိုးရိမ်လွန်နေတတ်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် ဖျားနေတယ်၊ နှာစေးနေတယ်၊ ဗိုက်မကောင်းဘူး၊ ခါးနာတယ်၊ ဖင်နာတယ်Continue reading “Blame ခြင်းနောက်ကွယ်က စိတ်ပညာ”
ကမ္ဘာကြီးလုံးရာမှ ပြားလာရခြင်းအကြောင်း
ကျွန်တော့အနေနဲ့ စကြဝဠာအကြောင်းရေးချင်ပေမယ့် စိတ်ပညာအကြောင်း ရေးတာလောက် မဖတ်ကြလို့ မရေးဖြစ်တာပါ။ အဲ့တော့ နောက်တစ်ခေါက် Try ကြည့်တဲ့အနေနဲ့ သာမန်လူနားလည်လောက်တဲ့ အကြောင်းအရာတွေကနေ စပြီးပြန်ရေးချင်ပါတယ်။ဒီအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒါတွေသိပြီးသား ဖြစ်နေနိုင်ပါတယ်။ ဒါက မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ ခေတ်အဆက်ဆက် စကြဝဠာကြီးဘယ်လိုပုံစံရှိသလဲဆိုတာ လူတွေတွေးတောခဲ့ကြပါတယ်။ စကြဝဠာက ဒီလိုရှိပါလားဆိုပြီး သိလာတာ နှစ် ၁၀၀ လောက်ပဲရှိပါသေးတယ်။ ဒီမတိုင်ခင်တုန်းက အလွဲပေါင်းများစွာရှိခဲ့ပါတယ်။ အဲ့ဒီအလွဲတွေကနေ ဒီနေ့ထိ အဆင့်ဆင့် ပြောင်းလဲလာပုံကို ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက စကြဝဠာဆိုတာ ဘာလဲမပြောနဲ့… ကမ္ဘာကဘယ်လိုလဲဆိုတာတောင် သေချာမသိခဲ့ပါဘူး။ “ကမ္ဘာကအောက်မှာ ကောင်းကင်ကြီးက အပေါ်မှာ” ဆိုတဲ့သဘောလောက်ပဲ နားလည်ခဲ့ကြတာပါ။ ကမ္ဘာကြီးက အပြားကြီးလို့ပဲထင်ခဲ့ကြပါတယ်။ ဒီတော့ ခုခေတ်မှာ ကမ္ဘာပြားတယ်လို့ ယုံသေးတဲ့သူတွေ (Falt Earthers) ကိုမြင်ရတဲ့အခါContinue reading “ကမ္ဘာကြီးလုံးရာမှ ပြားလာရခြင်းအကြောင်း”
လူတွေရဲ့ Personality အပေါ်မြင်တဲ့အမြင် အလွဲများ
ကျွန်တော်တို့ လက်ခံထားတဲ့ “Personality ကဘာလဲ” ဆိုတဲ့အမြင်မှာ ဟာကွက်အကြီးကြီးတစ်ခုရှိနေပါတယ်။ အခုအဲ့ဒီအကြောင်းကို ပြောချင်တာပါ။ ငယ်စဉ်ဘဝထဲက အရမ်းတော်တဲ့၊ တည်ကြည်ဖြောင့်မတ်တဲ့ လူတစ်ယောက် ရှိတယ်ဆိုပါစို့။ အပေါင်းအသင်းတွေ ကြားထဲမှာလည်း ဒီလိုမျိုး အရည်အချင်းတွေ ရှိကြောင်း နာမည်ကြီးတယ်။ တစ်နေ့မှာ သူကြိုက်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်တယ်။ တည်ကြည်တဲ့သူဖြစ်လို့ အိမ်ထောင်ရေးမှာလည်း အရှုတ်အရှင်းကင်းတယ်။ ဒီလိုနဲ့ သူက သူ့မြို့မှာ မြို့တော်ဝန်ဖြစ်ဖို့ ဝင်အရွေးခံမယ်ဆိုပြီး တွေးမိတယ်။ သူ့ရဲ့ဂုဏ်သတင်းကို တစ်မြို့လုံးသိနေတော့ သူနိုင်မယ်လို့ ထင်တယ်။ ရွေးကောက်ပွဲမှာ တကယ်ပဲနိုင်သွားတယ်။ မြို့တော်ဝန်ဖြစ်နေတဲ့ကာလမှာလည်း ပြည်သူတွေရဲ့အခွန်တွေကို အလွဲသုံးစားမလုပ်ဘူး။ အစိုးရကောင်းကျိုးအတွက် အမြတ်များများရအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒီလို နေရာမျိုးကိုရထားတာတောင် လာဘ်မစားဘူးဆိုတော့ တော်တော်တည်ကြည့်ဖြောင့်မတ်တဲ့သူလို့ ပြောလို့ရတာပေါ့။ ခုချိန်ထိ ဒီလူရဲ့ Character ကိုသုံးသပ်ကြည့်ရင် မဟုတ်တာ ဘာမှမလုပ်တဲ့ လူမှန်တစ်ယောက်၊Continue reading “လူတွေရဲ့ Personality အပေါ်မြင်တဲ့အမြင် အလွဲများ”
သင့်ကိုတယောက်ယောက်စိုက်ကြည့်နေတာကို သင်သိနေတာဘာလို့လဲ?
တခါတခါ အနောက်ကများ တယောက်ယောက်လှမ်းကြည့်နေသလားမသိဘူးလို့ လှည့်ကြည့်မိရင် တကယ်လဲ စိုက်ကြည့်နေတဲ့သူရှိနေတတ်ပါတယ်။ တယောက်ယောက်က နောက်ကွယ်ကနေ ကြည့်နေရင် အလိုလိုစိတ်ထဲကသိနေသလို ခံစားရဖူးမှာပါ။ အဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲလား။ဒါမှမဟုတ် တကယ်ပဲ sixth sense လိုလိုရနေတာလား။စိုက်ကြည့်တဲ့သူနဲ့ အကြည့်ခံရတဲ့သူကြားမှာရော ဘာဆက်သွယ်မှုတွေများရှိနေလို့လဲ။ ကျနော်နားလည်မိသလောက် ရေးပြထားပါတယ်။ ဒီလိုအကြည့်ခံရတာ သိနေသလိုလိုဖြစ်တဲ့အကြောင်းကို သိပ္ပံပညာက လေ့လာထားတာသိပ်မကြာသေးပါဘူး။ အစောဆုံးလေ့လာထားတဲ့ theory တခုကတော့ Titchener theory ပဲဖြစ်ပါတယ်။ ၁၈၉၈ ခုနှစ်တုန်းက ဗြိတိန်စိတ်ပညာရှင် Edward Titchener က ဒီအကြောင်းကိုလေ့လာပြီး ရှင်းပြထားဖူးပါတယ်။ ကိုယ့်ကို တယောက်ယောက်ကြည့်နေတယ်လို့ ခံစားရတဲ့အခါ လူတွေက နဲနဲနေရခက်လာပါတယ်။ အဲ့လိုနေရခက်လာရင် တခုခုလုပ်မိတတ်ပါတယ်။ဥပမာ ပွနေတဲ့ဆံပင်ကို ပြန်သပ်တင်မိတာ၊ ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်တာ၊ မျက်မှန်ကိုပြန်ချိန်တာ၊ ကော်လံကိုပုံကျအောင် ပြန်ပြင်တာ စသဖြင့် လှုပ်ရှားမှုတခုခုကိုContinue reading “သင့်ကိုတယောက်ယောက်စိုက်ကြည့်နေတာကို သင်သိနေတာဘာလို့လဲ?”