ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?

စာဖတ်သူတချို့ကလာမေးကြလို့ နည်းနည်းရှင်းပြရင်း စာတပုဒ်ရေးပေးလိုက်ပါတယ်။ လူ့ခန္ဓာကိုယ်ကို ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်က အခြေခံအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်တွေစုပေါင်းပြီးရင် ပိုကြီးတဲ့ တစ်ရှူး (tissues) ဆိုတာဖြစ်လာပါတယ်။ တစ်ရှူးတွေစုပေါင်းပြီးရင် ကိုယ်အင်္ဂါအစိတ်အပိုင်း (organ) ဆိုတာဖြစ်လာပါတယ်။ Organ ဆိုတာ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ ခြေလက် စသဖြင့် မျက်လုံးနဲ့မြင်ရတဲ့အရာတွေဖြစ်ပါတယ်။ Organs တွေအချင်းချင်းချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါ စနစ်ဆိုတဲ့ system ဖြစ်လာပါတော့တယ်။ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ သွေးလှည့်အဖွဲ့အစည်း၊ အစာအိမ်နဲ့အစာခြေအဖွဲ့အစည်း စသဖြင့်ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ဆဲလ်တွေက ပြန်ပွားနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အမျိုးအစား ၃ မျိုးခွဲလို့ရပါတယ်။ Labile cells (ကြိုက်သလိုပြန်ပွားနိုင်သော အချိန်မှန်အသစ်လဲနေသောဆဲလ်များ) Stable cells (လိုအပ်တဲ့အချိန်ရောက်မှပွားပြီး မလိုရင် အေးဆေးငြိမ်နေသောဆဲလ်များ) Permanent cells (မွေးကတည်းက မပြောင်းလဲပဲ အသစ်ထပ်မဖြစ်တော့သောContinue reading “ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?”

မျှော်လင့်ခြင်း (Expectation) ရဲ့ ကောင်းကျိုးများ

အရင်တစ်ခါက မျှော်လင့်ခြင်းတွေအကြောင်းရေးခဲ့ဖူးပါတယ်။ အဲ့မှာရေးခဲ့တဲ့အမြင်က Negative ဆန်ပါတယ်။ အခု ကောင်းကျိုးလေးတွေကို ပြောပြချင်ပါတယ်။ မျှော်လင့်ခြင်းတွေက စိတ်ဒဏ်ရာရစေသလား?https://ouo.io/YIf8RRZ ကိုယ့်တက္ကသိုလ်မှာ ကန်ကြတဲ့ ဘော်လုံးပွဲတွေ ကြည့်ဖူးကြမှာပါ။ တစ်နှစ်တစ်ခါကန်တဲ့ ကျောင်းပေါင်းစုံ ဘော်လုံးပြိုင်ပွဲတွေကိုလည်း သွားပြီးအားပေးဖူးကြမှာပါ။နှစ်ဖက်ပရိသတ်အချင်းချင်း ရန်ဖြစ်တာတွေ၊ အော်ကြဟစ်ကြတာတွေကို ခဏခဏမြင်နေရလို့ ရိုးတောင်နေပါပြီ။ဒါ့အပြင် ပွဲတိုင်းလိုလိုမှာ ဒိုင်လူကြီးက ဘက်လိုက်တယ်ဆိုပြီး တစ်ဖက်ပရိသတ်ကဖြစ်ဖြစ်၊ ကိုယ့်ကျောင်းကလူတွေကပဲဖြစ်ဖြစ် ပြောတတ်ပါတယ်။ အဲ့ဒီတုန်းကတော့ ဒိုင်ကတကယ်ပဲ ဘက်လိုက်နေတာလို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်ပရိသတ်တွေကတော့ ဘက်လိုက်တယ်လို့ မမြင်ပါဘူး။ပွဲတစ်ခုကို တူတူကြည့်နေကြပေမယ့် နှစ်ဖက်ပရိသတ်ရဲ့အမြင်ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဖြစ်ရပ်တစ်ခုကို လူ ၂ယောက်က တူတူမြင်လိုက်ပေမယ့် Interpret လုပ်တဲ့အခါ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။ အဲ့ဒီတော့ ဘက်တစ်ခုခုကိုရွေးလိုက်ရင် ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေမှာ မြူတွေဆိုင်းသွားလား သိဖို့လိုလာပါတယ်။ မျှော်လင့်ချက်တွေဟာ နေ့စဉ်ဘဝမှာ ဘယ်လောက်အရေးပါလဲContinue reading “မျှော်လင့်ခြင်း (Expectation) ရဲ့ ကောင်းကျိုးများ”

မသိစိတ်ရဲ့ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို ခန့်မှန်းနိုင်ခြင်းများ

လင်မယားတွေ၊ သမီးရည်းစားတွေမြဲမမြဲ လေ့လာတဲ့ စမ်းသပ်မှုတစ်ခုရှိခဲ့ပါတယ်။ တော်တော်များများက ၂၀ ကျော်အရွယ်တွေပါ။ စမ်းသပ်တဲ့သူက သူတို့တစ်တွဲစီကို အခန်းတစ်ခုထဲ ခေါ်ပြီးထိုင်ခိုင်းထားပါတယ်။ သူတို့ရဲ့ လက်တွေ၊ နားတွေမှာ နှလုံးခုန်နှုန်း၊ ချွေးထွက်နှုန်း၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတဲ့ Sensor တွေတပ်ပေးထားပါတယ်။ သူတို့ထိုင်တဲ့ထိုင်ခုံအောက်မှာလည်း ခန္ဓာကိုယ်ဘယ်လောက် လှုပ်ရှားမှုရှိသလဲဆိုတာကို တိုင်းတာတဲ့ Sensor တစ်ခုကိုလည်း တပ်ထားပါတယ်။ ဒါ့အပြင် တစ်ယောက်စီကို ကင်မရာတစ်လုံးစီနဲ့ ချိန်ထားပြီး ပြောသမျှကို မှတ်တမ်းတင်ထားပါတယ်။ သူတို့ရဲ့ ပြဿနာတွေကို ၁၅ မိနစ်လောက် ဆွေးနွေးပါဆိုပြီးတော့ ၂ယောက်ထဲထားခဲ့ပါတယ်။ ပညာရှင်က သူတို့ပြောတဲ့စကားတွေကို ၁၅ မိနစ်ပဲ နားထောင်ကြည့်ပြီး နောက် ၁၅ နှစ်နေရင် ဒီအတွဲဟာ ဆက်ပြီးတွဲနေဦးမလား… ကွဲသွားမလား… ဆိုတာ ပြောနိုင်ပါတယ်။ စဉ်းစားကြည့်ရင် မဖြစ်နိုင်သလိုပါပဲ။ အိမ်ထောင်ရေး၊Continue reading “မသိစိတ်ရဲ့ စွမ်းဆောင်ရည်နှင့် အနာဂတ်ကို ခန့်မှန်းနိုင်ခြင်းများ”

ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ

ခေါင်းစဥ်ကို စိတ်ဝင်စားအောင်ပေးထားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီလိုစိတ်ဝေဒနာမျိုးက ဗုဒ္ဓဘာသာတခုတည်းမှာကြုံရတာမဟုတ်ပါဘူး။ ဘာသာတရားတိုင်းမှာလိုလို ဘာသာရေးနဲ့ စိတ်အစွဲတွေရောပြီးဖြစ်တတ်တဲ့ စိတ်ရောဂါအုပ်စုကိုခြုံပြီးဆိုလိုချင်တာဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့ရောဂါကို Scrupulosity လို့ခေါ်ပါတယ်။ ဘာသာရေးအရဖြစ်ဖြစ် ကျင့်ဝတ်အရဖြစ်ဖြစ်မသင့်လျော်တဲ့ ကိစ္စတွေကို တွေးမိ လုပ်ချင်မိတဲ့စိတ်ရောဂါဆန်းဖြစ်ပြီးတော့ OCD (Obsessive Compulsive Disorder) ရဲ့အခွဲရောဂါတခုပါပဲ။ OCD အကြောင်းကိုတော့ အောက်က link မှာဖတ်ကြည့်လို့ရပါတယ်။ https://ouo.io/JHL0t7 ဒီရောဂါကဘာဖြစ်တာလဲဆိုတော့ ဘုရားဆင်းတုတွေမြင်ရင် ဆဲချင်လာတာတို့၊ ဘုရားပုံတော်ကိုမြင်မိရင် လိင်ပိုင်းဆိုင်ရာအတွေးတွေဝင်လာတာတို့၊ ဘုရားနဲ့ ညစ်ညမ်းတဲ့ပုံတွေကိုတွဲမြင်နေတာတို့ စတာတွေပါဝင်ပါတယ်။ တခါတုန်းက facebook မှာ အဲ့အကြောင်းဝန်ခံထားတဲ့ post တခုတောင်ဖတ်မိပါသေးတယ်။Post ပိုင်ရှင်အမျိုးသမီးက သူ့စိတ်ကြောင့် သူစိတ်ညစ်ရပုံကို ရေးထားတာပါ။ သူရေးထားတာကိုမှတ်မိသလောက်ပြန်ပြောပြရရင် သူကဘာသာတရား လိုက်စားပါတယ်။ဒါပေမယ့် ဘုရားရှိခိုးနေရင်း ဘုရားကိုအာရုံပြုနေရင်း ညစ်ညမ်းတဲ့ပုံတွေနဲ့ ဘုရားကိုတွဲမြင်မြင်မိနေပါတယ်တဲ့။ သူကမကောင်းမှန်းသိပေမယ့် စိတ်ကလုံးဝဖျောက်လို့မရဘဲContinue reading “ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ”

ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)

အရင့်အရင် post တွေတုန်းက OCD အကြောင်းကို အနည်းငယ်ဖော်ပြဖူးပါတယ်။အခုတော့ တောင်းဆိုတဲ့သူတွေများလာလို့ OCD သီးသန့်ရေးပေးလိုက်ပါတယ်။ OCD ဆိုတာ စိတ်ဝေဒနာတမျိုးဖြစ်ပြီး Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ သူ့အကြောင်းကို ၂ပိုင်းခွဲမြင်လို့ရပါတယ်။သူ့နာမည်အတိုင်းပဲ Obsessive အပိုင်းနဲ့ Compulsive အပိုင်းတို့ဖြစ်ပါတယ်။ Obsessive ဖြစ်တယ်ဆိုတာ အစွဲအလမ်းစိတ်တခုဖြစ်တာကိုဆိုလိုတာပါ။တနည်းအားဖြင့် အတွေးတခု ကိစ္စတခုကို စိတ်အာရုံထဲမှာဖျောက်လို့မရဘဲ ထပ်တလဲလဲတွေးမိနေတာမျိုးပါ။ ဥပမာ ညအိပ်ခါနီး ငါတံခါးတွေပိတ်ပြီးပြီလား… သူခိုးတွေဝင်လာရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။ ပုံမှန်လူဆိုရင် တခါတွေးမိမယ်။ တံခါးသွားပိတ်မယ်။ ပြီးရင် စိတ်ချလက်ချအိပ်မယ်ပေါ့။ OCD သမားကကျတော့ တွေးမိပြီး တံခါးသွားပိတ်လိုက်ပေမယ့် အိပ်ရာထဲရောက်ရင် ထပ်တွေးမိပြန်ပါတယ်။ ငါတံခါးပိတ်တာ သေချာရော သော့ခတ်မိရဲ့လားလို့ တွေးကာ နောက်တခါသွားစစ်ပြန်ပါတယ်။ တခါအိပ်ရာထဲရောက်ရင် တံခါးပိတ်ပြီးသလားကိုပဲထပ်တွေးမိပြန်ပါတယ်။ “ငါကိုယ်တိုင်သေချာပိတ်ခဲ့တာပဲလေ” လို့ဖြေတွေးတွေးလို့မရအောင်ကို ဖြစ်နေတာပါ။“နင်ကအမြဲContinue reading “ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)”

Design a site like this with WordPress.com
Get started