လူတိုင်း ကြိုက်တဲ့အရောင်ဆိုတာရှိသလားနဲ့ colour psychology

အရောင်တွေအကြောင်းပြောကြတဲ့အခါ အရောင်တွေကဘယ်မှာရှိနေတာလဲဆိုတဲ့စကားနဲ့စပြောကြရအောင်။ သင်မြင်ရသမျှ ပတ်ဝန်းကျင်ကအရာဝတ္ထုတွေအကုန်လုံးမှာ အရောင်ရှိနေတာပဲလို့ ထင်နေရင် သင်လွဲနေပါပြီ။ အရောင်တွေက ပတ်ဝန်းကျင်မှာရှိနေတာမဟုတ်ပါဘူး။ သင့်မျက်လုံးထဲက မြင်လွှာ (retina) ထဲက အရောင်ဆိုပြီး အာရုံခံတဲ့ဆဲလ်တွေကြောင့် အရောင်တွေဖြစ်လာတာပါ။ သင့်ပတ်ဝန်းကျင်မှာက အလင်းရောင်ပဲရှိတာပါ။ photon လို့ခေါ်တဲ့အမှုန်လေးတွေက သူ့ချည်းသက်သက်ဆိုရင် အရောင်ကိုမထုတ်ပေးပါဘူး။မျက်လုံးထဲရောက်မှ အရောင်ဆိုပြီး encode လုပ်ကာ brain ကိုပို့ပေးပါတယ်။ brain ရှိနေလို့ အရောင်ကိုအရောင်မှန်းသိရတာပါ။ အရောင်တွေက လူတွေမြင်ရသမျှကို ပိုပြီးကြွတက်လာအောင်လုပ်ပေးတာပါ။သင်မြင်သမျှက အရောင်မပါတဲ့အခါ ဆားမပါတဲ့ဟင်းတခွက်လိုဖြစ်နေမှာပါ။ အရောင်တွေကဒါကြောင့် mood ကိုအမျိုးမျိုး ပြောင်းလဲစေပါတယ်။ ဥပမာ အနီရောင်က urgency ဆိုတဲ့သဘောကိုဆောင်ပါတယ်။ အချိန်မရှိဘူး မြန်မြန်လုပ်ကြဆိုတဲ့ အဓိပ္ပာယ်ရလို့ Fastfood ဆိုင်တွေရဲ့ logo မှာ အနီရောင်ကိုအဓိကသုံးပါတယ်။ဥပမာ KFC တို့ Lotteria တို့Continue reading “လူတိုင်း ကြိုက်တဲ့အရောင်ဆိုတာရှိသလားနဲ့ colour psychology”

ယုံရခက်တဲ့ စိတ်ရောဂါအဆန်းများ

စိတ်ဆိုတာ အလွန်ဆန်းကြယ်တဲ့ အရာတခုပါ။ စိတ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေကလဲ “မယုံစဖူး ကြုံဖူးမှသိ” လို့ဆိုရအောင် ထူးခြားလှပါတယ်။ ဒီ post မှာ စိတ်ရောဂါဆန်း တချို့ကို ရှာပြီးတင်ပေးလိုက်ပါတယ်။ ပထမဆုံး ရောဂါကတော့ Paris syndrome လို့ခေါ်ပါတယ်။ ဒီရောဂါကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပဲရစ်ကိုရောက်တဲ့ ခရီးသည်တွေက သူတို့ထင်ထားသလို ခမ်းနားတဲ့ ရှေးဟောင်းဆန်တဲ့ ပဲရစ်မြို့နဲ့ လက်တွေ့ဘဝထဲက ပဲရစ်မြို့ မတူတာကိုမြင်ပြီး culture shock တွေရ၊ စိတ်တွေကမှောက်ကမ ဖြစ်ကုန်တာပါ။ အထူးသဖြင့် အနောက်နိုင်ငံကိုအခုမှစရောက်ဖူးတဲ့ အရှေ့တိုင်းကခရီးသည်တွေမှာ အဖြစ်များပြီး ဂျပန်လူမျိုးတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။ မျှော်လင့်ထားသလို တည်ငြိမ်တဲ့ ပဲရစ်မဟုတ်ဘဲ လူတွေပျားပန်းခတ်မျှရှုပ်ယှက်ခတ်ကာ ကားတွေပြည့်ကြပ်နေတတ်တဲ့ ပဲရစ်မြို့မှာ ခရီးပန်းတဲ့ဒဏ်နဲ့ စိတ်ဂယောင်ဂချားတွေဖြစ်ကုန်တာပါ။ စိတ်တွေမောလာပြီး ချွေးစီးတွေထွက်လာတာ၊ အထင်တွေလွဲမှားပြီး မမြင်ရ မကြားရတာတွေ မြင်နေသလိုContinue reading “ယုံရခက်တဲ့ စိတ်ရောဂါအဆန်းများ”

“ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာ

ငယ်ငယ်တုန်းက မှတ်မှတ်ရရကိစ္စတစ်ခုကို ပြောပြချင်ပါတယ်။ ကျောင်းမှာအဖြူနဲ့အစိမ်းဝတ်တဲ့အခါ တော်တော်များများက ဘောင်းဘီတွေပဲဝတ်ကြပါတယ်။ အတန်းငယ်သေးတော့ ပုဆိုးလည်း မဝတ်တတ်ကြသေးပါဘူး။အရမ်းဆော့တော့ ခွတွေပြဲပြဲကုန်ပြီး ဝယ်လို့ကို မပြီးနိုင်ဘူး။ အဲ့တော့ အိမ်က ဘောင်းဘီအဟောင်းတွေပါ ရောပြီး အထည်များအယားပြေ ဝတ်ခိုင်းတတ်တယ်။ ဘောင်းဘီတွေဆိုရင် အတန်းငယ်တုန်းက ဟာတွေပြန်ပြန်ဝတ်တော့ သိပ်မတော်ချင်တော့ဘူးပေါ့လေ။ ဒါနဲ့ တစ်ရက်လည်းကျရော ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်မှာ စာသင်မယ့်ဆရာမက ရောက်မလာဘူး။ ထုံးစံအတိုင်း အတန်းထဲမှာ ဗျောင်းဆန်အောင် ကမြင်းကြတာပေါ့။ နည်းနည်းမောသွားတဲ့အချိန်မှာ ခဲသားဘောပင်အောက်ပြုတ်ကျသွားလို့ ကုန်းအကောက်မှာ ဖင်တည့်တည့်က ချုပ်ရိုးကြီးကွဲထွက်သွားပါလေရော…။ လေတိုးတာတောင် ခံစားနေရတယ်ဆိုတော့ တော်တော်ပြဲသွားတဲ့ပုံပဲလို့ တွေးလိုက်မိတယ်။ အဲ့ဒီအရွယ်က ဘာမှသိပ်မသိသေးပေမယ့် လူမြင်ရင် အရှက်ကွဲမယ်ဆိုတာတော့ သိနေပြီ။ အထူးသဖြင့် ကြိတ်ပြီးသဘောကျနေတဲ့ ကောင်မလေးမြင်သွားရင် ငါ့ ဘဝတော့ သွားပြီလို့တွေးမိတယ်။ (ဘာမှမသိပေမယ့် သူငယ်တန်းကတည်းက မိန်းကလေးဆိုContinue reading ““ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာ”

စိတ်ကူးနဲ့လက်တွေ့ဘဝ အလွဲများ

Facebook ပေါ်မှာ လူတွေဟာ သူတို့ လွန်ခဲ့တဲ့အချိန်တစ်ခု (၅နှစ်ဆိုကြပါစို့) က တင်ခဲ့တဲ့ Post တွေကို ပြန် Share ပြီး ဟာသအနေနဲ့ တင်ကြတာမြင်ဖူးမှာပါ။ တခါတခါလည်း သူငယ်ချင်းတွေ ပြန် up လုပ်လို့ အရင်ကရေးခဲ့တဲ့ ပေါတောတောစာတွေ၊ ကြောင်တောင်တောင် မျက်နှာတွေ ပြန်ပြန်တက်လာတတ်တယ်။ စိတ်ပညာအရတော့ လူတွေဟာ “လက်ရှိ သူတို့” သည် “အတိတ်က သူတို့” ထက် ပိုပြီး သာတယ်လို့ တွေးကြတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့ရဲ့ အတိတ် Version ကို လှောင်ပြောင်နေကြတာပါ။ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်ရင်လည်း အတိတ်ကထက် လက်ရှိကို ပိုသဘောကျကြတာများပါတယ်။အဲ့လိုဖြစ်အောင် ဦးနှောက် ဘယ်လိုတွန်းပို့နေလဲ ပြောပြချင်ပါတယ်။ လူတွေက ကိုယ့်ကိုကိုယ် “သာမန်” ဆိုပြီးContinue reading “စိတ်ကူးနဲ့လက်တွေ့ဘဝ အလွဲများ”

First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?

လူတွေက Snap Judgment ချတဲ့နေရာမှာ သိပ်ကျွမ်းကျင်ကြတယ်။ ဒီကောင်ကတော့ တက်တူးတွေနဲ့…. လူမိုက်ပဲနေမှာ…။ဒီကောင်မလေးက အတိုအပြတ်တွေတတ်တယ်… လျပ်ပေါ်လော်လီတဲ့သူပဲနေမှာ…။သူစကားပြောတာက ယဉ်ကျေးတယ်… လူကောင်းဖြစ်ဖို့များတယ်…။ခန္ဓာကိုယ် Posture က မတ်မတ်ပဲ… တည်ကြည်မယ့်သူဖြစ်ဖို့များတယ်… စသဖြင့် ကိုယ်မသိသေးတဲ့လူအကြောင်းကို အပေါ်ယံနဲ့ဆုံးဖြတ်နေကြတယ်။ ဒီတော့ First Impression က တော်တော်ကို အရေးကြီးပါတယ်။ မှန်တာများတဲ့အတွက်လည်း အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့ရနေတာပါ။ မှားတဲ့အခါလည်း မှားတာပေါ့။ လူတွေက ဒီလူတစ်ယောက်ကို သိလာတဲ့အခါ ပိုနားလည်လာမယ်လို့ တွေးစရာရှိတယ်။ ဥပမာ First Impression သိပ်မကောင်းထားတဲ့ လူတစ်ယောက်က ကိုယ်နဲ့အလုပ်ကိစ္စအရ ဆက်ဆံမိရင်း ခင်မင်လာတဲ့အခါ သူ့ရဲ့ First Impression ကို မေ့သွားမယ်လို့ ထင်စရာရှိတယ်။ဒါပေမယ့် အဲ့လိုလွယ်လွယ်နဲ့ မမေ့တတ်ဘူးလို့ လေ့လာမှုတွေကဆိုတယ်။ စမ်းသပ်ထားတာတစ်ခုကို ပြောပြချင်ပါတယ်။ VolunteerContinue reading “First Impression နဲ့လူတွေကို အပေါ်ယံ ဆုံးဖြတ်လို့ရလား?”

Design a site like this with WordPress.com
Get started