လူတွေဟာ ကိုယ့်ကိုလာကြောရင် မခံချင်ကြတာများတယ်။ ကိုယ့်ဆီက ငွေကြေး၊ အချိန် တစ်ခုခုမပါသွားရင်တောင်မှ “အကြောခံလိုက်ရတယ်ကွာ…” ဆိုတဲ့ စိတ်ကဝင်နေတတ်တယ်။ တနုံ့နုံ့နဲ့ဖြစ်နေတတ်တယ်။ ရရင်ရသလို ပြန်ဆော်ထည့်လိုက်မယ်ဆိုတာမျိုး တွေးနေတတ်တယ်။ဒီလိုလုပ်ခြင်းမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲ ပြောပြချင်ပါတယ်။ (တရားဟောမှာ မဟုတ်ပါဘူး၊ Logic ကျကျပြောချင်တာပါ) ငါးတွေအပြည့်ရှိတဲ့ကန်ကြီးတစ်ကန်ရှိတယ် ဆိုပါစို့။ လူတွေက ဒီအကြောင်းကို သိပ်မသိသေးတော့ ငါးလာမျှားတာ ကိုယ်အပါအဝင် ၅ ယောက်ပဲရှိတယ်။ အစပိုင်းမှာတော့ ငါးမျှားတံလေးတစ်ချောင်းစီကိုင်ပြီး လာကြတာပေါ့။ ကိုယ်စားဖို့ တစ်ရက်စာရရင် ပြန်သွားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီကန်ကြီးမှာ ငါးတွေနည်းမသွားနိုင်ဘူး ဆိုပါတော့။ ဒါပေမယ့် တစ်ရက်မှာ လူတစ်ယောက်က တစ်ရက်စာထက်ပိုပြီး မျှားနေတာကို တွေ့လိုက်ရတယ်။ မေးကြည့်တော့ ရောင်းစားဖို့မျှားနေတာတဲ့။ ဒါနဲ့ တစ်ယောက်တည်းပိုမျှားတာ မျှားပါစေဆိုပြီး ဘယ်သူ့ကိုမှ မပြောဘဲထားလိုက်တယ်။ စိတ်ထဲမှာတော့Continue reading “Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?”
Author Archives: Science Nuts
ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?
အခုတလော ခေတ်စားနေတဲ့ ကြက်သွန်ဖြူစားမယ်၊ အရွက်တွေလျောက်ရှုမယ်ဆိုတာတွေဟာ လွဲမှားကြောင်း Facebook မှာ တင်ပြီးပါပြီ။ ဒါပေမယ့် အဲ့လိုတုံးတိကြီးပြောလိုက်တော့ လက်မခံချင်တဲ့သူတွေရှိမှာပါ။ငါ့အမေတုန်းက ဟိုအရွက်ရှုတာ ပျောက်သွားတယ်၊ ငါ့အဖွားကိုတော့ Vitamin D တွေတိုက်လိုက်တာ ကောင်းသွားတာပဲ ဆိုတာမျိုး စောဒဂတက်ချင်ကြတဲ့သူတွေ ရှိမှာပါ။ ကျွန်တော်တို့ Page မှာဒီလိုတွေ လာမပြောသေးပေမယ့် အခြားသူတွေတင်တဲ့ စာတွေမှာတော့ ပြောနေကြတာ တွေ့ရပါတယ်။ လူတွေကလည်း ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဝိုင်း Share ကြတော့ Information အမှားတွေက သံသရာလည်နေပါတယ်။ Facebook ပေါ်မှာ သတင်းမှားတွေ Share ပြီး ဒုက္ခများနေရတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ဒီတော့ ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြောခင် အထောက်အထားခိုင်လုံဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ ဆရာဝန်တွေ ဆေးပေးတဲ့အခါ ပေးချင်သလိုပေးနေတယ်လို့Continue reading “ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?”
ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ
နိဒါန်းချီမနေတော့ပါဘူး။အောက်မှာရေးထားတဲ့ စာကိုဖတ်ပြီး ဘယ်သူ့ကိုသွားသတိရမိလဲ စဉ်းစားကြည့်ပါဦး။ “သင်ဟာ လူတွေကိုယ့်ကို သဘောကျလေးစားတာ ခံချင်တယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ် ချက်ကျလက်ကျတွေးခေါ်သုံးသပ်တတ်တယ်။ကိုယ့်မှာအားနည်းချက်တွေရှိပေမယ့် ယေဘုယျအားဖြင့် ဒါတွေကို မကြုံရအောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်တတ်တယ်။ကိုယ့်မှာ ကိုယ့်အကျိုးအတွက် အသုံးမချရသေးတဲ့ စိတ်စွမ်းအားတွေရှိနေတယ်။ အပေါ်ယံကြည့်ရင်တော့ စာဖတ်သူဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်။ စည်းကမ်းရှိတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ စိတ်မလုံမလဲဖြစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်။ တခါတခါ ကိုယ်ဆုံးဖြတ်လိုက်တာ မှန်မှမှန်ပါ့မလားလို့ ဒွိဟလေးတွေ ဝင်နေတတ်တယ်။လွတ်လပ်မှုကို မြတ်နိုးတယ်။ အတော်အသင့် ပြောင်းလဲမှုကို လက်ခံနိုင်တယ်။ ချုပ်ချယ်တာ၊ ကန့်သတ်တာတွေကို မကြိုက်တတ်ဘူး။ ကိုယ့်ကိုကိုယ် တွေးခေါ်တတ်တယ်လို့ ထင်တယ်။ သူများပြောသမျှကို လက်ခံလောာက်တဲ့ အထောက်အထား သက်သေမခိုင်လုံဘဲနဲ့ မယုံတတ်ဘူး။ကိုယ်က ပွင့်ပွင့်လင်းလင်းရှိပေမယ့် အခြားလူတွေကို ကိုယ့်အကြောင်းပြောပြနေရတာ မကြိုက်ဘူး။တခါတခါ ကိုယ်က Extrovert တစ်ယောက်ဖြစ်နေတယ်။Continue reading “ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ”
PMS နှင့် Mood Swing
PMS လို့ပြောလိုက်ရင် တော်တော်များများကြားဖူးကြပြီးသားဖြစ်မှာပါ။အများစုကတော့ ဒေါသထွက်တာမျိုး စိတ်အမျိုးမျိုး ပြောင်းတာမျိုးကို ပြေးမြင်ကြမှာပါ။တကယ်တော့ PMS ဆိုတာ Premenstrual syndrome လို့ခေါ်တဲ့ အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို ဆိုလိုတာပါဓမ္မတာလာတဲ့ မိန်းကလေးတွေတိုင်းနီးပါးလိုလို ခံစားရတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ရာသီလာတဲ့ မိန်းမ ၄ ယောက်မှာ ၃ ယောက်လောက် ဟာ PMS ရှိကြတယ်လို့ဆိုကြပါတယ်။PMS က ရာသီမလာခင် တစ်ပတ် (သို့) နှစ်ပတ်လောက်မှာ စတတ်ပြီး ရာသီစလာရင် (သို့) ရာသီစပြီးနောက် ၄ ရက် အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ PMS မှာ mood swing အပြင် တစ်ခြား လက္ခဏာတွေပါပါတယ်ရင်သားနာခြင်း ဝက်ခြံတွေထွက်လာခြင်း ဗိုက်ပူလာခြင်း အချိုတွေစားချင်လာခြင်း စိတ်တိုလွယ်ခြင်း စိတ်ဓါတ်ကျခြင်း စသဖြင့်Continue reading “PMS နှင့် Mood Swing”
ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?
ကိုဗစ်ကာကွယ်ဖို့ mask တပ်ရမယ်ဆိုတဲ့အသိရှိကြပေမယ့် ဘယ် mask ကိုရွေးရမလဲဆိုတာ သေချာမသိကြပါဘူး။ မှန်ကန်တဲ့ mask ကိုတပ်မှပဲ ကိုဗစ်ကိုကာကွယ်မှာပါ။ လူအသေအပျောက်များခဲ့တဲ့ India မှာဆို ၅၀% လောက်က mask မတပ်ကြသလို Mask တပ်တဲ့လူရဲ့ ၅၀% လောက်ကလဲ mask ကိုမှားယွင်းစွာတပ်ထားကြတာ တွေ့ရပါတယ်။ စာတွေအများကြီးနဲ့မရေးပေးတော့ဘဲ ပုံလေးတွေအဓိကထည့်ပေးထားလို့ တပုံချင်းကြည့်လိုက်ရအောင်။ သင်တပ်ထားတဲ့ mask က အောက်ကလို လေဝင်ပေါက်(valve)ပါတဲ့ maskမျိုးဆို လုံးဝမတပ်သင့်ပါဘူး။ အောက်ကပုံလိုမျိုး အလှတပ်တဲ့ mask မျိုးတွေလဲမတပ်သင့်ပါဘူး။ကိုဗစ်ရောဂါပိုးကအလွန်သေးငယ်တဲ့အတွက် ဒီလိုအလှတပ် mask တွေကမကာကွယ်နိုင်ပါဘူး။ အခုလို ခြုံပဝါတွေ၊ မာဖာလာတွေကိုလဲ mask အနေနဲ့ မသုံးသင့်ပါဘူး။ အောက်ကပုံထဲကလို face shield မျက်နှာအကာကိုလဲ သူတခုထဲလုံးဝမတပ်သင့်ပါ။ face shieldContinue reading “ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?”