သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ

အခုခေတ်မှာ personality အကြောင်းတော်တော်ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ အပေါင်းအသင်းတွေစုံရင်လဲ personality အကြောင်း မေးကြမြန်းကြပါတယ်။ အလုပ်လုပ်ရင်လဲ အင်တာဗျူးတွေ၊ အလုပ်ဝင်စာမေးပွဲတွေမှာ personality test တွေထည့်စစ်ကြတာ၊ personality အကြောင်းမေးကြတာ ရှိပါတယ်။ Personality အကြောင်းပြောကြရင် ပါလာလေ့ရှိတာက Introvert တွေအကြောင်းပါ။ Introvert ဆိုရင် လူတွေက အရှက်အကြောက်ကြီးတယ်… အပေါင်းသင်းမရှိဘူး… ဂွစာတွေလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ်တော့ Introvert ဆိုတဲ့စကားလုံး တစ်လုံးကို တော်တော်လေး ရှင်းပြရခက်ပါတယ်။ Introvert တိုင်းကလဲ Introvert မနေကြသလို အချိန်တိုင်းလဲ Introvert ဖြစ်မနေတတ်ပါဘူး။ ရှုပ်သွားရင် အောက်မှာပြန်ရှင်းပြပါမယ်။ Introvert ဆိုတာ introversion ဆိုတဲ့ personality trait ရှိတဲ့သူတွေကို ဆိုလိုပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတော့ လူစုလူဝေးထဲရောက်ရင် အာရုံစိုက်လို့မရတော့ဘဲ တယောက်ထဲContinue reading “သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ”

ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming

ငြင်းခုန်ကြတဲ့အခါ မျက်စိမှိတ်၊ ဖင်ပိတ်ငြင်းတတ်တဲ့ လူတွေအကြောင်းရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာသွားဖတ်ပေးပါ။ မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်https://ouo.io/EDMOXJ ခုရေးချင်တာလည်း ငြင်းခုန်ကြတဲ့အကြောင်းပါပဲ။ ဒီစာမှာတော့ တစ်ဖက်လူကို တိုက်ခိုက်ရန်ရှာတဲ့အကြောင်းရေးချင်တာပါ။ငြင်းခုန်ကြရင်း အရမ်း Heat တက်လာတဲ့အခါ တစ်ဖက်လူရဲ့ Argument ကိုငြင်းမနေတော့ဘဲ လူကို တိုက်ခိုက်တာပါ။ ဥပမာ မင်းက ဂျပုလေးမို့ မင်းပြောတဲ့စကားတွေက ဘောင်မဝင်ဘူး… တို့၊ အသားမည်းတဲ့ကောင်တွေပြောတာ မကြားချင်ဘူးကွာ… တို့ဆိုပါတော့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူပြောတဲ့အကြောင်းအရာတွေကို ငြင်းဆိုရလွယ်သွားစေတယ်။ စောင်ဂျပုစကား စိတ်ထဲထားနေစရာမလိုပါဘူးကွာ…၊ စောင်အသားမဲကောင်ရဲ့ စကားကို အချိန်ပေးပြီး နားထောင်မနေတော့ဘူးကွာ… ဆိုတာမျိုး ဖြစ်သွားတာပေါ့။ဒီလိုလုပ်လိုက်လို့ စိတ်သက်သာရာရပေမယ့် ကိုယ်ပြောတဲ့စကားတွေက ပိုမှန်မလာသလို၊ သူပြောတဲ့စကားတွေကလည်း ပိုပြီး မှားမသွားပါဘူး။ တရားခွင်မှာ Jury တွေနဲ့ဆုံးဖြတ်တယ်ဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ဒီလူအများကြီးကို Convince ဖြစ်အောင် လုပ်နိုင်မှContinue reading “ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming”

သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?

ညီလေးကို ရှင်ပြုပေးကြတဲ့အလေ့အထကို ဘာသာရေးယုံကြည်မှုအရ တချို့လူမျိုးတွေမှာ လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များနဲ့ ဂျူးလူမျိုးက ကလေးဘဝထဲက အမျိုးသားလိင်အင်္ဂါထိပ်ကို ဖြတ်ပြီး ရှင်ပြုပေးတတ်ကြပါတယ်။ ဒါကို circumcision လုပ်တယ်လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေမှာဆိုရင် ဒါက အလေ့အကျင့်တခုလိုဖြစ်နေပါပြီ။ ဒီတော့ ညီလေးကိုရှင်ပြုပေးတာနဲ့ မပြုပေးတာဘာများကွာမလဲ။ ကောင်းကျိုးပိုရှိသလား သို့မဟုတ် ဆိုးကျိုးပိုရှိသလားဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ရှင်းပြပေးသွားပါမယ်။ အမျိုးသားအင်္ဂါထိပ်က အရေပြားလေးက ဆီးသွားတဲ့အပေါက်ကို ကာကွယ်ပေးထားပါတယ်။ ဆီးသွားပြီးလို့ ကျန်တာဖြစ်ဖြစ်၊ မသန့်ရှင်းဘဲထားတာ ကြာရင်ဖြစ်ဖြစ် ချေးညော်တွေ အညစ်အကြေးတွေကပ်နေတတ်ပါတယ်။ အဲ့ အညစ်အကြေးတွေစုလာရင် ဆီးလမ်းကြောင်းပိုးဝင်တတ်တာ၊ အမျိုးသားအင်္ဂါထိပ်ဖူးယောင်ယမ်းတာ၊ မှိုရောဂါစွဲကပ်တာ စတာတွေအပြင် လိင်အင်္ဂါ ကင်ဆာအထိဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် ညီလေးထိပ်ကအရေပြားက အရမ်းတင်းကြပ်ပြီး အနောက်ကိုဆွဲလှန်မရတဲ့ ပြဿနာ (Phymosis)၊လှန်ပြီးသား အရေပြားကို ပြန်ဆွဲချလို့မရတဲ့ပြဿနာ (Paraphymosis)Continue reading “သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?”

ဆရာကို ဆရာပြန်လုပ်သင့်လား?

အခုရေးမယ့်စာက တော်တော်များများလက်ခံကြတဲ့ အမြင်နဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ ဒါပေမယ့် လောကကြီးက အမြဲတမ်းမေတ္တာနဲ့ လည်ပတ်နေတာမဟုတ်တော့ ဒီအကြောင်းကို သိသင့်ပါတယ်။ စာဖတ်ပြီး စိတ်ထဲတမျိုးဖြစ်သွားရင် ခုကတည်းက ကြိုပြီးတောင်းပန်ပါတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်ကတည်းက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုတာ ရှိကြပါတယ်။ အိမ်က အဖေ၊ အမေ အပါအဝင် ကျောင်းဆရာ၊ ဆရာမတွေလည်း ပါတာပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက်သွားပြီး ဘွဲ့တွေရကြတယ်။ အဲ့ကနေမှ အလုပ်ထဲရောက်ကုန်ကြတာပေါ့။ ပြောချင်တာက အလုပ်ထဲရောက်တဲ့အချိန်ကိုပါ။ ဒီအချိန်မှာ ဆရာဆိုတာ သင်ဆရာတွေ အများစုဖြစ်နေပါပြီ။ဆရာ၊ တပည့်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ဘက်ကို ပိုရောက်နေပါပြီ။ ဒီတော့ ဆရာ၊ တပည့်ဆိုတဲ့ ကန့်သတ်ချက်ကို မေ့လာကြတာရှိပါတယ်။ ဆရာကို ဆရာလို့မမြင်တော့ဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားလိုက်ပါတယ်။ (အလုပ်တူတူလုပ်နေမှတော့ လုပ်ဖော်ကိုင်ဖက်လို့ပဲ သဘောထားတာ မဆန်းပါဘူး…)Continue reading “ဆရာကို ဆရာပြန်လုပ်သင့်လား?”

လူတွေကို အရသာနဲ့တွဲမြင်ခြင်း၊ အသံတွေကို အရောင်နဲ့ကြားခြင်းဖြစ်စေတဲ့ ရောဂါ

အခု ပြောမယ့်ရောဂါက တော်တော်ထူးဆန်းပါတယ်။ ဒီရောဂါရှိတဲ့သူတွေက အသံကို ကြားရုံတင်မဟုတ်ဘဲ အရောင်တွေအနေနဲ့မြင်ရသလို အနံ့အနေနဲလည်း ရတတ်ပါတယ်။ စကားလုံးတွေကို အရောင်နဲ့တွဲမြင်တာတွေရှိသလို လူတွေကိုလည်း အရသာတစ်ခုခုနဲ့တွဲမြင်တာတွေရှိပါတယ်။ ဒီရောဂါကို Synesthesia လို့ခေါ်တယ်။ လူတွေရဲ့ 2-4% လောက်မှာ ဒီလိုဖြစ်နေတတ်တယ်လို့ ပြောကြတယ်။ ဒီတော့ စာဖတ်နေတဲ့သူတွေထဲမှာလည်း ဒီလိုဖြစ်နေတဲ့သူတွေ ပါကောင်းပါနိုင်ပါတယ်။စမ်းသပ်ချင်တဲ့လူတွေအတွက် စမ်းလို့ရအောင် နောက်ဆုံးမှာ ထည့်ပေးထားပါတယ်။ အပေါ်က ပြောခဲ့တဲ့ ဥပမာတွေလောက်နဲ့တင် မကသေးပါဘူး။ ဒီရောဂါဟာ လူတွေရဲ့ အာရုံငါးပါးထဲက ၂မျိုးသွားပူးနေတာဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။Synesthesia ဆိုတာ Greece စကား Synth (တူတူဖြစ်ခြင်း) နဲ့ Esthesia (ခံစားချက်) ကိုပေါင်းထားတာပါ။ ဒီတော့ Sense ၂ခုသွားပူးနေတာပေါ့။ ဒီလိုဖြစ်တဲ့လူတွေက မွေးကတည်းက (သို့) ငယ်ဘဝကတည်းက စဖြစ်တတ်တယ်။ ဒါကြောင့်Continue reading “လူတွေကို အရသာနဲ့တွဲမြင်ခြင်း၊ အသံတွေကို အရောင်နဲ့ကြားခြင်းဖြစ်စေတဲ့ ရောဂါ”

Design a site like this with WordPress.com
Get started