ကျနော်ငယ်ငယ်က အတော်ကြောက်တဲ့ အကောင်က ဓားခုတ်ကောင်ပါ။ နာမည်ကိုက ဓားပါနေလို့လား…သူတို့ပုံစံကိုက အစိမ်းရောင်ဂြိုဟ်သားပုံပေါက်နေလို့လားမသိ။ ဓားခုတ်ကောင်ကို အတော်ကြောက်ပါတယ်။ တခြားကြွက်တို့ ပိုးဟပ်တို့ အိမ်မြှောင်တို့ထက် ဓားခုတ်ကောင်ပျံလာရင် အတော်လေး ကြောက်လန့်ပြီး ထွက်ပြေးရပါတယ်။ အင်္ဂလိပ်လို Orthopterophobia လို့ ခေါ်ပါတယ်။ ကြီးလာတော့ အဲ့အကောင်ကိုမကြောက်အောင်ဘယ်လိုလုပ်ရမလဲရှာဖတ်ရင်း ကိုယ့်ဘာသာ လိုက်လုပ်ရပါတယ်။ တလောကပဲ Page မှာလဲ စာဖတ်သူတယောက်က လာပြောပြတယ်။ သူ့မှာ phobia တခုရှိတယ်ပေါ့။အဲ့အကြောင်းရေးပေးဖို့နဲ့ ၊ မိသားစုက မယုံလို့ ခဏခဏ စနောက်တဲ့အကြောင်းကြားရတော့ ကိုယ်ချင်းစာမိပါတယ်။ လူတိုင်းမှာကြောက်တတ်တဲ့အရာတွေရှိပါတယ်။ အဲ့ကြောက်တဲ့အရာတွေက ခဏတဖြုတ်မဟုတ်ဘဲ လနဲ့ချီပြီးကြောက်နေရတဲ့အရာမျိုးဆို ဆေးပညာအရ Phobia လို့ခေါ်ပါတယ်။ Phobia ကို ၄ မျိုး အကြမ်းဖျင်းခွဲကြည့်လို့ရပါတယ်။ ပထမတမျိုးက Situational Phobia ပါ။အခြေအနေတခုခုဖြစ်လာမှ ကြောက်တာပါ။Continue reading “Phobia များကို တွန်းလှန်ကြည့်ခြင်း”
Author Archives: Science Nuts
ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?
သင်အခု ခွဲစိတ်မှုတခု ခံယူရတော့မယ်ဆိုပါတော့။သင့်ကိုခွဲစိတ်ပေးဖို့ဆရာဝန် ၂ယောက်ရှိတယ်။ ပထမဆရာဝန်တယောက်က သူခွဲစိတ်လိုက်ပေးတိုင်း လူနာ ၉၀% က ပြန်ကောင်းလာကြတယ်။ ဒုတိယဆရာဝန်ကတော့ ခွဲတဲ့လူနာအယောက်၁၀၀မှာ ၁၀ ယောက်သေထားဖူးတယ်။ ဘယ်ဆရာဝန်နဲ့ သင်အခွဲခံချင်သလဲ? လူတိုင်းလိုလို ပထမဆရာဝန်ကိုပဲရွေးတတ်ကြပါတယ်။ သေချာ ပြန်စဥ်းစားကြည့်ရင် ဆရာဝန်၂ယောက်လုံးရဲ့ အောင်မြင်နှုန်း ကျဆုံးနှုန်းကတူတူပါပဲ။ သင်္ချာသဘောအရ နည်းနည်းကစားပြီးပေးထားတာပါ။ ဒါပေမယ့် လူတွေက အောင်မြင်တယ်လို့ပေးထားတာမြင်ရင် ပိုသဘောကျကြပါတယ်။ ဥပမာ- ဒီလိုခွဲစိတ်မှုက 80% ပြန်ကျန်းမာတယ်လို့ ပြောတာနဲ့ ဒီလိုခွဲစိတ်မှုက 20% သေသွားကြတယ်လို့ ပြောတာမှာ လူနာတွေရဲ့ လက်ခံပုံခြင်းမတူကြပါဘူး။ ဒါကို psychology မှာ Framing effect လို့ခေါ်ပါတယ်။ ပေးထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး လူတွေရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲတတ်ကြတာကို ပြောထားတာပါ။ အကောင်းတွေချည်းပဲ ပေးထားရင် ဆုံးဖြတ်ချက်ကတမျိုး… အဆိုးတွေချည်းပဲ ပေးထားရင်Continue reading “ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?”
The Mathematics of Rubik’s Cube
Rubik’s Cube ကို ကျွန်တော်တို့အားလုံး ရင်းနှီးကြပါတယ်။ ငယ်ငယ်တုန်း ကတော့ “မသိဘူး လှည့်မယ်” ဆိုပြီး လျှောက်ဆော့ ခဲ့ကြတာပေါ့။ နောက်ပိုင်း internet တွေ ဘာတွေ သုံးတတ်လာတော့ “How to solve Rubik’s cube” ဆိုပြီး ရိုက် ရှာရတာပေါ့လေ။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ပြန်သင်ပေးကြနဲ့ ဟုတ်နေတာပဲ။ ဆိုတော့ …. Rubik’s cube ရဲ့ puzzle က သင်္ချာ ပုစ္ဆာ တစ်ပုဒ် ပါ လို့ ပြောရင် သင်ငြင်းမှာ မဟုတ်ပါဘူး။ ဒီ article မှာ 3 x 3 x 3 Rubik’s cubeContinue reading “The Mathematics of Rubik’s Cube”
တရားထိုင်ခြင်းနဲ့ သိပ္ပံအယူအဆ (Mindfulness Meditation)
တရားထိုင်တယ်ဆိုတာ လူကြီးတွေလုပ်တဲ့အလုပ်၊ ဘုန်းကြီးတွေလုပ်တဲ့အလုပ်လို့ တော်တော်များများကထင်ကြတယ်။ ဒါကိုလုပ်လိုက်ရင် ဘာသာရေးနဲ့ဆက်နွယ်သွားပြီလို့ တွေးကြတာလည်း ပါမယ်ထင်တယ်။ဒါပေမယ့် ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံတွေမှာ မူလတန်းကျောင်းတွေကနေစပြီး တရားထိုင်ဖို့ ကလေးတွေကို သင်ပေးနေကြတယ်။ သူတို့နိုင်ငံတွေက လူတွေလည်း ဒီအလုပ်ကို စိတ်ဝင်တစားနဲ့လုပ်နေတာ မြင်ရတော့ ကျွန်တော်တို့ ဘာလို့ ဒါကို စမ်းမလုပ်ကြပါလိမ့်ဆိုတဲ့ အတွေးဝင်လာတယ်။ တရားထိုင်တာ ငယ်ငယ်တုန်းကပဲ လုပ်ဖူးတာပါ။ ကလေးဆိုတော့ ဘာမှန်းမသိဘူးလေ… ထိုင်ဆိုထိုင်လိုက်တာပဲ၊ စိတ်ကို ဘယ်လိုထားရမယ်တွေ ဘာတွေလည်း မသိဘူး။မဟာစည်မှာ ကိုရင်ဝတ်တော့လည်း တစ်နေ့ ၃ခါ တရားထိုင်ခိုင်းတယ်၊ ဒါပေမယ့် နားမှမလည်တာ…။ သံဃာတွေတရားထိုင်နေတဲ့ ကြားထဲသွားပြီး ချီးပေါက်တဲ့လူကပေါက်၊ တခွိခွိရယ်တဲ့လူကရယ်ဆိုတော့ ဗရုတ်သုတ်ခနဲ့ တရားထိုင်တာ ဘာမှန်းသေချာမသိလိုက်ပါဘူး။ အသက်ကြီးလာတော့လည်း ခုချိန်ထိ အဲ့ဘက်ကို ပြန်မလှည့်ဖြစ်တော့ဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ဖတ်မိပြီး နည်းနည်းတော့စိတ်ဝင်စားလာတယ်။ နိုင်ငံခြားသားကရေးတာဆိုတော့Continue reading “တရားထိုင်ခြင်းနဲ့ သိပ္ပံအယူအဆ (Mindfulness Meditation)”
How did life begin? သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ? (From Biology perspective)
(ဒီ article က တော့ Physics perspective က ရေးတဲ့ article ရဲ့ အဆက်ပါ။)မဖတ်ရသေးရင် ဒီ link မှာ ဖတ်နိုင်ပါတယ်။ https://ouo.io/NfeywV Origin of life ဟာ ဘယ်က စတင် ခဲ့တာလဲ? 1952 မှာ Stanley Miller ဆိုတဲ့ scientist ဟာ experiment တစ်ခု လုပ်ခဲ့ပါတယ်။ Methane, Ammonia, Hydrogen စတဲ့ ရိုးရှင်းသော chemical တွေပါတဲ့ “primordial soup” ကို ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ အဲ့ soup ထဲကို လျှပ်စစ် ဖြတ်စီး လိုက်တယ်။ ရက်အနည်း ငယ်ကြာတော့ amino acidContinue reading “How did life begin? သက်ရှိတွေ ဘယ်လို စဖြစ်လာတာလဲ? (From Biology perspective)”