မြစ်တွေကြောင့် ဘာလို့ချိုင့်ကြီးတွေဖြစ်လာရတာလဲ? စကြဝဠာကြီးက ဘာလို့အမှတ်စက်ကလေး တစ်ခုကနေ စတင်ခဲ့တာလဲ? သစ်ပင်ကြီး တစ်ပင်က ဘာလို့ သစ်စေ့လေးကစတာလဲ? စတာတွေအတွက် သိပ္ပံမှာ အဖြေတွေရှိနေပါတယ်။ဒါတွေက ဘာလို့ဖြစ်လာရသလဲဆိုတာကို သေချာရှင်းပြနိုင်တယ်ဆိုတော့ ဒီနေရာမှာ အငြင်းပွားမှု သိပ်မရှိလှဘူး။ ဒါကို လာပြီး မဟုတ်ဘူးငြင်းရင် ဒီလူဟာ လောကကြီးနဲ့ ဘယ်လောက်အဆက်ပြတ်နေလဲ၊ စာဘယ်လောက် မဖတ်ဖူးလဲဆိုတာ သိသာတယ်။ ဒါပေမယ့် ပန်းကန်ပြားပျံ (UFO) ဆိုတာက ဂြိုလ်သားတွေလား? စကြဝဠာကြီးထဲမှာ ဂြိုလ်သားတွေ ဘယ်မှာရှိနေလဲ? လယ်ကွင်းတွေထဲမှာ ရုပ်ပုံအမျိုးမျိုးကို ဆွဲထားတာ (Crop Circles) စတာတွေမှာကျတော့ လက်ခံမှုအမျိုးမျိုးဖြစ်နေကြတယ်။ဘာလို့လဲဆိုတော့ သိပ္ပံပညာအရ အကြောင်းနဲ့အကျိုးကို သေချာမရှင်းပြနိုင်ကြသေးလို့ပါ။ (လံကြုတ်တွေဖြစ်နိုင်တယ်ဆိုတာတော့ ပြောထားတာတွေရှိပါတယ်)ဒီလို အုတ်ရောရော၊ ကျောက်ရောရော ကိစ္စတွေမှာကျတော့ လူတွေက အထူးဆန်းဆုံး အရာတွေကို ထင်တတ်တယ်။ အရင်ခေတ်ကContinue reading “မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်”
Author Archives: Science Nuts
COVID-19 Waste Management
Covid-19 တတိယလှိုင်း မြန်မာပြည်မှာတော်တော်ဆိုးနေပါပြီ။ ဆိုးတာဘယ်လိုသိလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ ခပ်စိပ်စိပ်တွေ့လာရလို့ပါ။ ဆရာဝန်တွေ၊ Volunteer တွေလည်း ရသလောက် ကူညီနေကြပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အကူအညီရဖို့ ခက်ခဲနေတဲ့သူတွေသိဖို့ ဒီစာကို ရေးလိုက်ပါတယ်။ ဘယ်ဆေးသောက်ရမလဲ၊ ဘယ်လိုကုရမလဲဆိုတာကတော့ Call Center တွေကိုဖုန်းဆက်မေးတာ ပိုကောင်းပါတယ်။ဒီစာရဲ့ရည်ရွယ်ချက်က Mask ကိုဘယ်လိုစွန့်ပစ်ကြမလဲ၊ COVID-19 လူနာရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့ အညစ်အကြေးကို ဘယ်လို Manage လုပ်ကြမလဲဆိုတာ သိစေချင်တာပါ။ COVID-19 ပိုးဟာ မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင်ပါတယ်။ အကြမ်းဖျင်း ၁နာရီကနေ ၇နာရီအထိ အသက်ရှင်ပါတယ်။ Plastic တွေပေါ်မှာ အကြာဆုံးပါပဲ။လေ့လာချက်တွေအရ ၇ ရက်အထိတောင် ဒီပိုးကို မျက်နှာပြင်တွေပေါ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။သိစေချင်တာက နေရာတိုင်းမှာ COVID-19 ပိုးတွေရှိနေနိုင်တယ်ဆိုတာပါ။ ပိုက်ဆံတွေ၊Continue reading “COVID-19 Waste Management”
How did life begin? သက်ရှိတွေ ဘယ်လို စ ဖြစ်လာတာလဲ? (From Physics perspective)
“သက်ရှိတွေ ဘယ်က စ ပေါ်လာ သလဲ?” ဆိုတဲ့ မေးခွန်းက လူတိုင်း တွေးမိကြတဲ့ မေးခွန်းပါ။ Life ဆိုတာကတော့ Biology နဲ့ အသက်ဆိုင် ဆုံးပေါ့။ ဒါပေမယ့် ဒီ article မှာတော့ သက်ရှိတွေ ဘယ်လို စပေါ်လာ သလဲ ဆိုတာကို Physics ရဲ့ ရှုထောင့် က နေ သုံးသပ် ကြည့်မှာ ဖြစ်ပါတယ်။ “Life” ကို နားလည်ဖို့ အတွက် Physics က “entropy” ဆိုတာကို နားလည်ဖို့ လိုပါတယ်။ Entropy ဟာ ဘာလဲ? Entropy ဆိုတာ “disorder” ပါ။ Second law of Thermodynamics အရContinue reading “How did life begin? သက်ရှိတွေ ဘယ်လို စ ဖြစ်လာတာလဲ? (From Physics perspective)”
ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း
ဆေးပညာမှာ ယုံကြည်မှုကိုအခြေခံပြီး ကုသတဲ့နည်းနာတွေရှိပါတယ်။ အဲ့တာကို Placebo effect လို့ခေါ်ပါတယ်။ Latin စကားမှာတော့ placebo ဆိုတာ I shall be pleasing လို့ဆိုသတဲ့။ ကောင်းချီးပေးခံရတယ်… ကျေနပ်စေတယ်ဆိုတဲ့သဘောပေါ့။ ယုံကြည်မှုနဲ့ဆေးကုတာက တကယ်ရောသက်သာလားဆိုတော့ သက်သာတဲ့ သာဓကတွေရှိပါတယ်။ စမ်းသပ်မှုတခုမှာ ဒူးနာနေတဲ့ လူနာတွေကိုရှာပြီးအုပ်စု၂စုခွဲလိုက်တယ်။ ပထမအုပ်စုကို ဒူးနာပျောက်ဆေးလို့ရေးထားတဲ့ ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်တအုပ်စုကိုကျတော့ ဘာမှရေးမထားတဲ့ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်ထပ် နာရီအနည်းငယ်ကြာတော့ ပထမအုပ်စုက ဒူးနာသက်သာတဲ့သူများပြီး ဒုတိယအုပ်စုကတော့ တံဆိပ်မပါတဲ့ မဟုတ်တဲ့ဆေးတွေလိမ်းခိုင်းတယ်ဆိုပြီး ပိုတောင် ဒူးနာကြပါသတဲ့။ တကယ်တမ်းက အဲ့ဆေး ၂မျိုးလုံးက အတူတူပါပဲ။ဆေးမဟုတ်ဘဲ ရိုးရိုးဟင်းချက်ဆီတွေပါ။ ပုလင်းပဲကွာတာပါ။ ပထမအုပ်စုက ဒူးနာပျောက်ဆေးလို့ ယုံကြည်စွာနဲ့ လိမ်းတဲ့အခါ တကယ်လဲ နာတာသက်သာသွားပါတယ်။ ဒုတိယအုပ်စုကျတော့ ပြောင်းပြန်ပါ။Continue reading “ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း”
အိုင်ကျူ test လား၊ ဂျင်းတက်လား?
အိုင်ကျူစစ်ဆေးတဲ့နည်းလမ်းဆိုပြီး online မှာ ခဏခဏတွေ့ရပါတယ်။ ဒီတိုင်းရိုးရိုး newsfeed မှာပေါ်လာရင် သိပ်စိတ်မဝင်စားပေမယ့် ကိုယ်နဲ့သိတဲ့ဘော်ဒါတယောက်ကများ My IQ score is 130 ဆိုပြီးများ share ထား တင်ထားရင် အတော်လေး စိတ်လှုပ်ရှားလာပါတယ်။ ဟာ..ဒီကောင်ဖြေတာတောင် IQ 130မှတ်ရတယ်။ငါဆို ပိုများမှာပဲ…ဝင်ဖြေကြည့်ဦးမှဆိုပြီး ပြိုင်ဆိုင်ချင်စိတ်ကလေး ကြွားချင်စိတ်ကလေးဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိ IQ test ဆိုတာဝင်ဖြေရော။ Test ထဲမှာက ကိန်းဂဏန်းတွေရွေးရတာပါမယ်။Pattern တွေရွေးရတာ….တြိဂံပုံ လေးထောင့်ပုံရွေးရတာတွေ အစုံပဲပါပါတယ်။ ဖြေရင်း ခေါင်းမူးရင်း ရမ်းဖြေရင်း အဖြေတခုထွက်လာပါတယ်။ Your IQ score is 110 ပေါ့… အဲ့တာနဲ့ ရလာတဲ့အမှတ်ကို ဘဝင်ကျမှာမဟုတ်ပါ။ သူများတွေဖြေတာကျ အမှတ်ကောင်းတယ်… ငါကျအမှတ်က သူတို့လောက်မများဘူး… ဘာလဲContinue reading “အိုင်ကျူ test လား၊ ဂျင်းတက်လား?”