တိုက်ဆိုင်ခြင်းလား၊ အဓိပ္ပါယ်တစ်ခုရှိနေလား?

မထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာတိုင်း တိုက်ဆိုင်လိုက်တာ… ဆိုတာမျိုးဖြစ်တတ်ကြပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ အဓိပ္ပါယ်တစ်ခုခုများရှိနေမလား၊ ဒါက ဘာသဘောပါလိမ့် ဆိုတာမျိုး ဖြစ်လာတတ်တယ်။ဆိုတော့… ဒါတွေကို မပြောခင် လူတွေရဲ့စိတ် ဘယ်လိုအလုပ်လုပ်လဲ အရင်ကြည့်ရအောင်ဗျာ။ ၁၈၉၈ တုန်းက Futiity ဆိုတဲ့ဝတ္ထုတစ်ပုဒ်ထွက်ခဲ့ဖူးပါတယ်။ Titanic သင်္ဘောကြီးမမြုပ်ခင် ၁၄ နှစ်မှာရေးခဲ့တာပါ။ ဘာအကြောင်းလဲဆိုတော့ Titan ဆိုတဲ့ သင်္ဘောကြီးပေါ်က ဇာတ်လမ်းတွေအကြောင်းပါ။ (Titanic နဲ့ နာမည်ခြင်း ဆင်ပါတယ်) ဒီသင်္ဘောကြီးက Titanic လိုပဲ ကမ္ဘာမှာ အကြီးဆုံးပါ။ သူလည်း Titanic လိုပဲ ရေခဲတုံးကြီးကို April ညသန်းခေါင်ယံမှာ ဝင်တိုက်တာပါ။ တိုက်တဲ့နေရာလည်း တူတူပါပဲ။ဒီတော့ မြုပ်သွားတာပေါ့၊ လူတစ်ဝက်ကျော်သေသွားကြတယ်။ (ဒါလည်း Titanic လိုပဲ…)သင်္ဘောပေါ်မှာ လူ ၃၀၀၀ ပါတာလည်း တူတယ်။ဒါဆိုရင်Continue reading “တိုက်ဆိုင်ခြင်းလား၊ အဓိပ္ပါယ်တစ်ခုရှိနေလား?”

အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)

ပထမပိုင်းရေးအပြီးမှာ စာဖတ်သူတချို့ကမေးကြတယ်။ သေးပေါက်ချလိုက်တော့ စက်တွေရော စိုပြီးထိခိုက်ကုန်လားတဲ့။ အာကာသဝတ်စုံက အကြမ်းဖျင်းခွဲလိုက်ရင် အဓိက ၂ထပ်အနည်းဆုံးပါပြီး ယာဥ်မှူးဝတ်တဲ့အပိုင်း ရယ် စက်တွေတပ်ထားတဲ့အပိုင်းရယ်ဆိုပြီး ၂ထပ် (၂ လွှာ) ပါပါတယ်။ အလွှာ ၂ခုကြားကိုတော့ အောက်ဆီဂျင်ပေးဖြတ်ထားပါတယ်။ ဝတ်စုံကြီးကလှောင်ပိတ်ပြီး အိုက်လို့ ချွေးတွေဘာတွေ ထွက်ရင် oxygen ကအမြဲဖြတ်စီးနေလို့ လေအေးပေးထားသလိုဖြစ်ပြီး ချွေးတွေခြောက်သွားပါရောတဲ့။ အခုလဲ မြေပြင်က မောင်ဉာဏ်ကောင်းသိပ္ပံပညာရှင်တွေက တပ်ထားတဲ့စက်တွေကို ခဏပိတ်ထားလိုက်ပြီး အာကာသယာဥ်မှူးကို သေးပေါက်ခွင့်ပေးလိုက်တယ်။ အလွှာကြားမှာ oxygen flow ကဖြတ်စီးနေလို့ ခဏအကြာမှာ ရှုးရှုးလေးများ ခြောက်တောက်တောက်ဖြစ်လာပါရော။ (ချွေးတွေခြောက်သွားသလိုပေါ့) အဲ့ကျမှ ပိတ်ထားတဲ့ စက်တွေပြန်ဖွင့်ပြီး လိုရာခရီးကိုဆက်သွားနိုင်ပါသတဲ့။ ကဲ မောင်ဉာဏ်ကောင်းတို့ တကွက်ပြလိုက်ပါပြီ။ အစောပိုင်းခေတ်တွေမှာ အာကာသယာဥ်မှူးဖြစ်ရတာက ထင်သလောက်ပျော်စရာမကောင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ဒီအညစ်ကြေးစွန့်ရတဲ့ ပြဿနာကလဲ တခုအပါအဝင်ပဲပေါ့။Continue reading “အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)”

အာကာသထဲမှာ ဘယ်လိုချီးပါသေးပေါက်ကြတုန်း? (Part 1)

ခေါင်းစဥ်က နည်းနည်းရိုင်းသွားရင် sorry ပါဗျ။ ဒါပေမယ့် စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းတဲ့ ကိစ္စတခုပါ။ အာကာသယာဥ်မှူးတွေ ကမ္ဘာပေါ်ပြန်ရောက်လာရင်လဲ အဲ့မေးခွန်းက အမေးခံရဆုံး မေးခွန်းထဲမှာပါပါတယ်တဲ့။ ဒါဆို ကျနော်တို့ သမိုင်းကြောင်းလေးကနေစပြီး ပြောကြည့်ရအောင်။ ၁၉၆၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ပထမဦးဆုံးအာကာသယာဥ်မှူး Alan Shepard ကို အာကာသထဲကိုလွှတ်လိုက်ပါတယ်။ အာကာသထဲကိုအသွားမှာ ကမ္ဘာ့ဆွဲငင်အားကနေအကွာ ၁၅မိနစ်လောက်လဲကြာတော့အာကာသယာဥ်မှူး Shepard က သမိုင်းဝင်စကားကြီးတခွန်းပြောခဲ့ပါတယ်။ “ဟကောင်တွေ လုပ်ဦး…ငါသေးပေါက်ချင်လာပြီ” တဲ့။ အဲ့စကားကိုကြားကြားခြင်း ကမ္ဘာမြေပေါ်ကသိပ္ပံပညာရှင်တွေလဲ တော်တော်ကြောင်သွားမှာပဲ။ သူတို့မမျှော်လင့်ထားမိတဲ့အရာတခုကို စကြုံနေတာမို့ပါ။ အာကာသထဲရောက်နေမှတော့ ဘယ်လိုလို့ အိမ်သာရှိမှာလဲပေါ့… သူတို့လဲ မစဥ်းစားထားမိဘူး… အိမ်သာကိစ္စကို…။ Shepard က တကယ်ကို သေးတော်တော်ပေါက်ချင်နေတာပါ။ ပေါက်ချလိုက်ဖို့ကလဲ အာကာသဝတ်စုံကြီးထဲဖြစ်နေ။တပ်ဆင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေက သေးစိုကုန်ရင် အကုန်ပျက်စီးသွားနိုင်ပါတယ်။ ကမ္ဘာမြေကိုလဲ သေးပြန်ပေါက်ဖို့တခုထဲနဲ့တော့ပြန်လာလို့ကလဲContinue reading “အာကာသထဲမှာ ဘယ်လိုချီးပါသေးပေါက်ကြတုန်း? (Part 1)”

ကိုမြင့်နိုင်ကြီးက လင်းနို့ကလာတာဆိုရင် လင်းနို့ကျဘာလို့ရောဂါမရတာလဲ?

ကျနော်တို့သိတဲ့ ကြားဖူးတဲ့ရောဂါပိုးတော်တော်များများက လင်းနို့ဆီကလာတာပါ။ အဆိုးဆုံးဆိုတဲ့ ကုရအခက်ဆုံးဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေကို လင်းနို့ကသယ်ဆောင်ထားတာပါ။ အီဘိုလာဗိုင်းရပ်စ်က လူကိုအသေအကြေဖျားစေပြီး တကိုယ်လုံးက သွေးတွေယိုထွက်ရင်း သေစေတာပါ။ ဒါလဲ လင်းနို့ကလာတာပါ။ (…လို့ယူဆထားပါတယ်။) 2002-2003 ခုနှစ်လောက်က လူတွအများကြီးကိုဒုက္ခရောက်စေခဲ့တဲ့ SARS ဆိုတဲ့ရောဂါပိုးကလဲလင်းနို့ကတဆင့် ကြောင်ကတိုး (civets) တွေကိုကူးပြီး လူဆီရောက်လာတာပါ။ တခါ MERS ဆိုတဲ့ရောဂါပိုးကလဲ လင်းနို့ကနေ ကုလားအုတ်တွေကို ကူးပြီး လူကိုဆက်ကူးပါတယ်။ အခုနောက်ဆုံး လက်ရှိ ကိုမြင့်နိုင်ကြီးကလဲ ဘယ်ကလာမှန်းငြင်းနေကြတုန်းဆိုပဲမယ့် သဘာဝမှာတော့ လင်းနို့မှာတွေ့ရတတ်ပြန်ပါတယ်။ ဆိုတော့ ဒီလင်းနို့က လူတွေကို ဒုက္ခပေးတဲ့ ပိုးပေါင်းစုံသယ်ထားပြီး သူကိုယ်တိုင်ကျ ဘာရောဂါမှမခံစားရဘူးလား။ တကယ်တမ်းက လင်းနို့က တော်တော်လေးကို ထူးဆန်းတဲ့တိရစ္ဆာန်တမျိုးပါ။ ဥပမာပြောရရင် ပျံနိုင်တဲ့ နို့တိုက်သတ္တဝါဆိုလို့ လင်းနို့ပဲရှိတာပါ။(အဲ့တာကြောင့်လဲ နာမည်မှာ “နို့”လို့ပါတာလားမသိပါ။) သူပျံသန်းတဲအခါContinue reading “ကိုမြင့်နိုင်ကြီးက လင်းနို့ကလာတာဆိုရင် လင်းနို့ကျဘာလို့ရောဂါမရတာလဲ?”

Maths & Physics memes (explanation)

ဒီ article မှာတော့ Maths နဲ့ Physics meme လေးတွေကို ရှင်းပြပေးသွားပါမယ်။ ပုံမှန် ဖတ်နေကျ article တွေလို မဟုတ်ဘဲ meme လေးတွေနဲ့ ဆိုတော့ taste တစ်မျိုး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီ meme ကတော့ အလင်းရဲ့ wave-particle duality ကို ပြောပြထားတာပါ။ အလင်း (light) ဟာ အမှုန် သဘာ၀ (particle nature) လည်း ရှိသလို လှိုင်း သဘာ၀ (wave nature) လည်းရှိပါတယ်။ အမှုန် ဆိုပေမယ့် ဒြပ်ထု (mass) မရှိပါဘူး။ Photon လို့ ခေါ်တဲ့ စွမ်းအင် အထုပ် (energy packet) လေးတွေနဲ့Continue reading “Maths & Physics memes (explanation)”

Design a site like this with WordPress.com
Get started