Coffee သောက်ရမလား မသောက်သင့်ဘူးလား (သို့) Caffeine ဓာတ်နှင့်ကျန်းမာရေး

ကျနော် ငယ်ငယ်တုန်းက Health digest တို့လို စာစောင်တွေဖတ်ကြည့်ရင် သတင်းတွေမှာ တစ်ခုက coffee သောက်တာကောင်းပါတယ်လို့ သုတေသနတစ်ခုက သက်သေပြကြောင်းဆိုတဲ့ သတင်းတစ်ခုရယ်၊ coffee သောက်တာ မကောင်းဘူးဆိုတဲ့ သုတေသန သတင်းတစ်ခုရယ် အဲ့လို သတင်း၂ခု ပြိုင်တူဖတ်ခဲ့ရဖူးပါတယ်။ စိတ်ထဲမှာတော့ ဒီလူတွေက ဘာလဲပေါ့။ တစ်ဖွဲ့ကကောင်းတယ် ပြောပြီး နောက်တစ်ဖွဲ့က မကောင်းဘူးပြောတယ်။ ၂ခုလုံးကလည်း သုတေသနစာတမ်းတွေ ဆိုတော့ ဘယ်ဟာကို ယုံရမှန်းမသိဖြစ်ခဲ့ပါတယ်။ (ဘယ်လို သုတေသန စာတမ်းမျိုးကို ယုံသင့်လဲဆိုတာကိုတော့ ကျနော် နောက်မှ သပ်သပ်အကျယ်တဝင့်ရေးပါ့မယ်) အခုတစ်ခေါက်ရေးမယ့်အကြောင်းအရာကတော့ Coffee သောက်ခြင်းနဲ့ coffee မှာပါတဲ့ caffeine ဓာတ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ရေးမှာဖြစ်ပါတယ်။ Caffeine ဓာတ်အကြောင်း Caffeine ဓာတ်ကို coffeeContinue reading “Coffee သောက်ရမလား မသောက်သင့်ဘူးလား (သို့) Caffeine ဓာတ်နှင့်ကျန်းမာရေး”

ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း

ပင်လယ်ဂဏန်း (Lobster) တွေဟာ နေဖို့ နေရာတစ်ခုအတွက် တိုက်ပွဲဝင်ကြရတယ်။သူတို့နေရာကောင်းတစ်ခုကို ရထားရင် လိုချင်တဲ့သူတွေများတဲ့အတွက် အချင်းချင်းရန်ဖြစ်နေကြတာများတယ်။နေရာကောင်းဆိုတာ ဘာလဲဆိုတော့ စားကျက်နဲ့နီးလေကောင်းလေပေါ့၊ ဂဏန်းမလေးတွေနဲ့ နီးလေကောင်းလေပေါ့၊ ကိုယ့်ကိုစားမယ့် သတ္တဝါတွေ ရန်က ကာကွယ်နိုင်လေကောင်းလေပေါ့။ဒီတော့ နေရာကောင်းရဖို့က သူတို့အတွက် အဓိက အရေးကြီးဆုံးပဲ။ ကိုယ်က လိုချင်တဲ့သူတွေများတဲ့ နေရာတစ်ခုကို ရထားပြီးဆိုရင် စိန်လာခေါ်တဲ့ အထီးတွေရှိတယ်။တချို့ကလည်း သွေးတိုးလာစမ်းကြတာပေါ့။ ဒီတော့ နေရာကောင်းကိုရထားတဲ့ ကောင်က စိန်လာခေါ်တဲ့ကောင်ကို ပညာပြရတာပေါ့။ပထမအဆင့်အနေနဲ့ လက်မကြီးကို ထောင်ပြပြီး ညှပ်ပြတယ်၊ ရှေ့တိုးနောက်ဆုတ်နဲ့ ဟန်ရေးပြတယ်။ (လက်ဝှေ့သမားတွေလိုပေါ့)တချိန်တည်းမှာပဲ စိတ်လာခေါ်တဲ့ကောင်ကို အရည်တစ်ခုနဲ့ လှမ်းပြီးပန်းလိုက်တယ်။ ဒီအရည်ထဲကနေ သူ့ရဲ့အရွယ်အစား၊ လိင်၊ ကျန်းမာရေးကောင်းမကောင်း၊ ခံစားချက် စတာတွေကို တဖက်ကောင်က သိနိုင်တယ်။ငါက ကျန်းမာတယ်၊ အကောင်လဲကြီးတယ်၊ လတ်တလော Mood ကတော့Continue reading “ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း”

ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ

ဗုဒ္ဓဝါဒကို Physics နဲ့ချိတ်ဆက်ရေးတဲ့အခါ ဖတ်တဲ့လူများတဲ့အတွက် ဝမ်းသာမိပါတယ်။ခုတော့ ဘာဆက်ရေးရမလဲ စဉ်းစားမရသေးလို့ ဒီခေါင်းစဉ်ကို ရေးလိုက်တာပါ။ ဒါက ငြင်းခုန်စရာသိပ်မရှိတဲ့ Topic မို့ အရင်လို “စိတ်ရှင်းရှင်းနဲ့ဖတ်ပါ” မပြောတော့ပါဘူး။ (မပြောတော့ဘူးဆိုပြီး ခုပဲ ပြောလိုက်ပါပြီ…)အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ အင်္ဂုတ္တရနိကာယမှာတော့ ဒီလိုရေးထားပါတယ်။“အို… ရဟန်းတို့၊ မြတ်စွာဘုရားတို့ ပွင့်ထွန်းလာလျှင်ဖြစ်စေ၊ မပွင့်ထွန်းလာလျှင်ဖြစ်စေ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် အနိစ္စ (မတည်မြဲခြင်း)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနတ္တ (အတ္တမရှိခြင်း) သဘောတရားအနေဖြင့်၊ သဘာဝနိယာမအနေဖြင့် တည်ရှိနေမည်သာတည်း။ ဤအမှန်သဘောကို မြတ်စွာဘုရားသည် သိမြင်တော်မူပြီးနောက် ထိုသဘောကို ဟောကြားတော်မူ၏၊ သင်ပြတော်မူ၏၊ မှန်ကန်ကြောင်း အတည်ပြုပေးတော်မူ၏။ ဤသို့ဖြင့် သင်္ခါရတရားတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ထင်ရှားစေတော်မူ၏” အနှစ်ချုပ်လိုက်တော့ အရာရာမတည်မြဲဘူး၊ ဘဝဟာContinue reading “ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ”

မင်းဂွတ်သီးကို သကြားနဲ့တွဲစားရင်သေတတ်တာဟုတ်လား အဖြေရှာကြခြင်း

ဒီတခါလဲ အများလက်ခံထားတဲ့ common belief လေးတခုအကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။ ဟိုတနေ့က အိမ်မှာ မင်းဂွတ်သီးစားကြတော့ အမြဲကြားနေကျစကားကို ထပ်ကြားရပြန်ပါတယ်။ “ဟိုကောင်လေး မင်းဂွတ်သီးစားပြီး သကြားမစားနဲ့နော်”“နိဗ္ဗာန်ကိုရက်တိုတိုနဲ့ရောက်နေဦးမယ်”တဲ့။ အဲ့တာနဲ့ လူကစဥ်းစားမိပြန်ရောတခြားအသီးတွေလဲ သကြားနဲ့တွဲစားနေတာပဲ… ဘာလို့ ဒီမင်းဂွတ်သီးကျမှ သကြားနဲ့တွဲစားရင်သေတတ်တာလဲဆိုပြီး ရှာဖွေကြည့်မိပါလေရော… လူကတော့ သိပ်မယုံချင်ဘူး။ Fruit ဆိုမှတော့ အသီးထဲမှာကိုယ်က သကြားဓာတ်ကပါပြီးသားပဲ အနည်းဆုံး Polysaccharide တို့ Sucrose တို့ Fructose တို့တော့ ပါမှာပဲ။ အိမ်သုံးသကြားဆိုတာလဲ ကြံကရတဲ့ Sucrose ပဲဆိုတော့ တွဲစားလို့ရမှာပါပေါ့။ အဲ့တာနဲ့ ရှာဖတ်မိတော့ ဒီမှာတင်မဟုတ်ဘူး၊ အာရှတိုက်ရဲ့နေရာတော်တော်များများမှာကိုက အဲ့လိုယုံကြတာဗျ။ အထူးသဖြင့် ကမ္ဘောဒီးယားမှာဆို ပညာတတ်တွေကအစ ဒါကိုယုံကြသတဲ့။ ဘာလို့ယုံတာလဲ အကြောင်းပြချက်မေးတော့ မဖြေနိုင်ပေမယ့် လူကြီးတွေပြောထားလို့ဆိုတာကြောင့် တွဲမစားကြတာပါ။ ဒါဆိုContinue reading “မင်းဂွတ်သီးကို သကြားနဲ့တွဲစားရင်သေတတ်တာဟုတ်လား အဖြေရှာကြခြင်း”

Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး?)

ဟိုရက်ကပဲ စာဖတ်သူတယောက်က commentလာမန့်ပြီး မေးခွန်းတခု မေးထားတယ်ဗျ။ သခွားသီးပေါ် မြွေတက်ရင် ခါးတယ်ဆိုတာ ဟုတ်လားပေါ့။ သူမေးတော့မှပဲ အိမ်ကအမေပြောတာ သတိရမိတယ်။ မြွေဖြတ်သွားလို့ မြွေလျှပ်ပြေးသွားလို့ သခွားသီးတွေခါးကုန်ပြီ လို့ ခဏခဏကြားဖူးတယ်။ ဒီလိုပဲ…ခပ်ပေါ့ပေါ့နေလိုက်မိတာ… အခုတော့ စာဖတ်သူတွေမေးတော့မှ “ဟုတ်သားပဲ အဲ့တာဘာလို့လဲမသိဘူး” ဆိုပြီး စာရေးသူတယောက် ရှာဖွေဖတ်ရှုမိပါတော့တယ်။ ကဲ …သခွားသီးပြဿနာကို ဖြေရှင်းကြည့်ရအောင်လား။ သခွားသီးကို cucumber လို့ခေါ်ပြီး melon တို့ squash တို့စတဲ့ ဘူးဖရုံ၊ ဖရဲသီး တွေနဲ့ အမျိုးအရင်းကြီးဖြစ်ပါတယ်တဲ့။ သခွားသီးက အမျိုးအစား အများကြီးရှိတယ်ဗျ။ကျနော် တွေ့သလောက် အမျိုး ၃၀ – ၄၀ လောက်ရှိပြီး တချို့ဟာတွေကပဲ စားလို့ကောင်းတာပါ။ သခွားသီးအမျိုးအစားပေါ်မူတည်ပြီး ခါးတဲ့အမျိုး မခါးတဲ့အမျိုးဆိုပြီး ရှိတယ်တဲ့။ ကျနော်တို့Continue reading “Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး?)”

Design a site like this with WordPress.com
Get started