၁။ ဘဝမှာ လက်ရှိအတွက် နေသင့်လား၊ အနာဂတ်အတွက် နေသင့်လား။ ဒီမေးခွန်းကို စိုးရိမ်ပူပန်မှုတွေဆီ ချဥ်းကပ်တဲ့အခါ မေးကြည့်သင့်ပါတယ်။ တချို့က ပျော်ပျော်နေကြတယ်။ တချို့က အနာဂတ်အတွက် တွေးပူနေကြပါတယ်။ တချို့က နောင် ၄၊ ၅၊ ၁၀နှစ်အတွက် ကြိုးစားပြီး ပစ္စပ္ပုန်ကို မေ့လျော့နေကြတယ်။ တချို့က လက်ရှိအတွက်ပဲ ကြိုးစားပြီး အနာဂတ်ကို ထည့်မတွေးပဲ ပေါ့ပေါ့ပါးပါး ဖြတ်သန်းကြတယ်။ သင့်ကိုသင် ဒီမေးခွန်းပြန်မေးခြင်းအားဖြင့် သင့်ရဲ့ နေ့စဥ်ဘဝ၊ အလုပ်အကိုင်၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး၊ ချစ်မှုရေးရာတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂။ ကျွန်ုပ်တို့မှာ လွတ်လပ်သော စိတ်ရှိလား (သို့) ကိုယ်လုပ်ချင်တာ လုပ်လို့ရလား။ လုပ်ချင်တာ လုပ်လို့ရတာပေါ့လို့ မဖြေခင် အောက်က စာလေးကို စိတ်ရှင်းရှင်းထားပြီး ဖတ်ကြည့်ပါဦး။ မျက်နှာပြင်ခြောက်ခုပါတဲ့Continue reading “ဘဝမှာ တစ်ခါလောက် မေးသင့်တဲ့ ဒဿနမေးခွန်း ၁၀ခု”
Author Archives: Science Nuts
အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)
အိပ်မက်အကြောင်းပြောကြရရင် လူတွေက တော်တော် စိတ်ဝင်စားကြပါတယ်။ အိပ်မက်တွေကလဲ တော်တော်ထူးဆန်းပြီး အခုထိကို သိပ္ပံနည်းအရ အဖြေရှာမရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။ ပိုထူးဆန်းတာက Lucid dreamer လို့ခေါ်တဲ့ အိပ်မက်မက်နေတာကို သိနေပြီး မိမိလိုသလို အိပ်မက်ကိုထိန်းချုပ်ခံစားနိုင်ကြတာပါ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းလောက်တဲ့ကိစ္စမို့ လူတိုင်းလိုလို Lucid dreaming မက်ဖူးချင်ကြပါတယ်။ နာမည်ကြီးဇာတ်ကား inception ထဲမှာဆို Lucid dream ကို ဆေးနဲ့ induce လုပ်ပြီး အိပ်မက်ထဲမှာ လိုသလိုလှုပ်ရှားကြတာကို မြင်ဖူးကြမှာပါ။ သမိုင်းကြောင်းကိုပြန်ပြောရရင် ဟိုးခေတ်ကထဲက အာရှတိုက်မှာ Lucid dream ဆိုတဲ့ အယူအဆရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိန္ဒူရှေးဟောင်းကျမ်းဂန်တွေမှာလဲ ပါသလို ဗုဒ္ဓဘာသာဆိုရင် တိဘက်ဘုန်းကြီးတွေရဲ့ကျမ်းစာတွေ ကျင့်စဥ်တွေထဲမှာလဲ ပါဝင်နေတယ်လို့ဆိုပါတယ်။ အနောက်တိုင်းမှာတော့ အိပ်မက်ကိုသိနေခြင်း၊ လိုသလိုထိန်းချုပ်လို့ရခြင်းဆိုတဲ့ အယူအဆကို ဂရိတွေးခေါ်ပညာရှင်Continue reading “အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)”
အမျိုးအချင်းချင်း မိဘမောင်နှမအချင်းချင်း သွေးမလှူသင့်ဘူးဆိုတာ တကယ်လား?
ဒီစာကိုရေးရတာ စာဖတ်သူတွေသေချာမသိကြဘူးထင်လို့ ရေးလိုက်တာပါ။ အထင်အမြင်မလွဲဘဲ အဆုံးထိသေချာဖတ်ကြည့်ကြဖို့ ကြိုပြောပါရစေ။ စာဖတ်သူတို့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ အရေးပေါ်သွေးလိုတဲ့အခါ မိဘမောင်နှမအမျိုးအချင်းချင်းဆီက သွေးကို မသွင်းသင့်ပါဘူးလို့ တချို့ဆရာဝန်တွေဖြစ်ဖြစ် အရပ်ထဲမှာဖြစ်ဖြစ် ပြောတတ်ကြပါတယ်။ အဲ့တာတကယ် ဟုတ်လား မဟုတ်ဘူးလားကို ဆေးပညာရှုထောင့်ကနေ တင်ပြသွားပါမယ်။ ပထမဆုံးအနေနဲ့ မိမိနဲ့ သွေးချင်းနီးတဲ့ ဆွေမျိုးတွေကို First degree relatives လို့ခေါ်ကြောင်း သိရပါမယ်။ မိမိရဲ့ အဖေအမေအရင်းရယ်၊ မောင်နှမ ညီအကို အရင်းအချာ တွေကို first degree relative လို့ခေါ်ပါတယ်။ အဒေါ်တွေ ဦးလေးတွေ မောင်နှမဝမ်းကွဲတွေကတော့ second degree relatives တွေပါ။ သွေးမလှူသင့်တာက first degree relative သွေးသားအရင်းအချာအချင်းချင်းပါ။ ဥပမာ သားသမီးက မိဘကို မလှူသင့်သလိုContinue reading “အမျိုးအချင်းချင်း မိဘမောင်နှမအချင်းချင်း သွေးမလှူသင့်ဘူးဆိုတာ တကယ်လား?”
Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)
Moral Paradox နဲ့ ပတ်သက်လာရင် ရထားပြသနာက နာမည်ကြီးပါတယ်။ ရထားတစ်စင်းဟာ ရထားလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနေလာပါတယ်။ လမ်းပေါ်မှာ လူ၅ယောက်ကို ကြိုးနဲ့ တုပ်ထားပါတယ်။ သင့်မှာ ရထားကို လမ်းလွှဲနိုင်တဲ့ ခလုတ်ရှိပါတယ်။ ဒါပေမယ့် ရထားကို လမ်းလွှဲရင်လည်း နောက်လမ်းမှာ လူတစ်ယောက်က ကြိုးနဲ့ တုပ်လျက်သား ဖြစ်နေပါတယ်။ ဆိုလိုချင်တာ လူ၁ယောက်နဲ့ ၅ယောက်ကို ရွေးရမှာပါပဲ။ သင်သာဆိုရင် ဘာကိုရွေးမှာပါလဲ။ နောက်တစ်ခုကလည်း ဒီရထား ပြသနာပါပဲ။ ဒီတစ်ခါကျတော့ ရထားဟာ ဂုံးကျော်တံတားအောက်က ဖြတ်လာနေတာ ဖြစ်ပြီး ရထားလမ်းမှာ ခုနက အတိုင်းပဲ လူ၅ယောက်ကို ကြိုးနဲ့ တုတ်ထားပါဦးမယ်။ သင်က တံတားပေါ်ကနေ ကျောက်တုံးကို ရထားပေါ် ပစ်ချလိုက်ရင် ရထားကို ရပ်လို့ရပေမယ့် တံတားပေါ်မှာ သင်နဲ့Continue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 2)”
Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)
Paradox နဲ့ ပတ်သက်ပြီး ယနေ့ခေတ် လူငယ်တွေ မစိမ်းလောက်ပါဘူး။ Grandfather paradox လို့ ခေါ်တဲ့ အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး အဖိုးဝိရောဓိလို့ သိကြပါတယ်။ အကျဥ်းပြောရရင် အတိတ်ကိုသွား၊ အဖိုးကို သတ်လိုက်ရင် အဖိုးသေ၊ အဖေမရှိ၊ ကိုယ်လည်းမရှိရင် ကိုယ်လည်း မရှိနိုင်၊ မရှိရင် အတိတ်ကို သွားလို့မရ ဆိုတဲ့ ရှေ့နောက်မညီညွတ်မှုကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဆိုရရင် ဝိရောဓိဆိုတာ ရှေ့နောက်မညီညွတ်ခြင်းလို့ နားလည်ထားလို့ ရပါတယ်။ Morality လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားကတော့ အတော် ကျယ်ပြန့်ပါတယ်။ လူမျိုး နိုင်ငံ ယဥ်ကျေးမှု မတူညီတာနဲ့အမျှ ကိုယ်ကျင့်တရားတွေကလည်း မတူနိုင်ဘူးလို့ ယေဘုယျ ယူဆလို့ရပါတယ်။ လူ့သမိုင်းမှာ ကိုယ်ကျင့်တရားဆိုတာ သက်ကြီး ဝါကြီးတွေကနေ တဆင့် ငယ်ရွယ်သူတွေကိုContinue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)”