ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?

ခေါင်းစဉ်ဖတ်ပြီး စာရေးတဲ့ကောင်က ရင့်လိုက်တာလို့ မထင်ပါနဲ့။ ကောင်းတဲ့အကြောင်းလေးတွေရေးမှာပါ။ ကြက်တူရွေးလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်။ သူတို့က အသိဉာဏ်မြင့်ပြီးတော့ ပျော်ပျော်နေတတ်ကြတဲ့ အကောင်လေးတွေပါ။သူတို့အကြောင်းကို သို့လော…၊ သို့လော… တော့သိထားကြမှာပါ။ခု ရှင်းရှင်းလင်းလင်း သိရအောင် ရေးလိုက်ပါတယ်။ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ လောက်ရှိတဲ့အတွက် သူတို့အကုန်လုံးကို ချုံငုံမိအောင် ပြောဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားလောက်မယ့် အကြောင်းတွေကိုပဲ ရွေးထုတ်ထားပါတယ်။ လူစကားကို နားလည်လို့ လိုက်ပြောတာလား၊ အသံတုအရမ်းကျွမ်းကျင်တာလား? ကြက်တူရွေးလို့ပြောလိုက်ရင် စကားသင်ပေးလို့ရတာကို လူတွေသိကြပါတယ်။ ဒါပေမယ့် ဒီကောင်တွေ တကယ်ရောနားလည်ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။စားလို့သောက်လို့ ကောင်းအောင် ဖောရှောလုပ်နေတာများလား? ကြက်တူရွေးတွေက ပတ်ဝန်းကျင်နဲ့သူတို့ အဆက်မပြတ်ရလေအောင် အသံလိုက်တုတာလို့ဆိုတယ်။ (စကားမပြောရရင် မနေနိုင်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလိုပေါ့…)စမ်းသပ်ချက်တွေအရတော့ ပစ္စည်းတွေနဲ့ စကားလုံးတွေကို တွဲဆက်မိတယ်လို့ ဆိုပါတယ်။ဥပမာ သော့ယူပေးလို့ပြောရင် သော့ဆိုတာ ဘာမှန်းသူတို့သိကြပါတယ်။Continue reading “ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?”

“ငါထင်သားပဲ…” နှင့် ကြားချခြင်းများ

လူတွေ အသိအမြင်အသစ်တစ်ခုကို သိလိုက်ရတဲ့အခါ “အော်… ငါ အရင်က ထင်ခဲ့တာ လွဲခဲ့လေခြင်း” ဆိုပြီး မဖြစ်သွားကြဘူးလို့ဆိုတယ်။အဲ့ဒီလိုဖြစ်မယ့်အစား“ငါထင်သားပဲ၊ ဒီလိုဖြစ်တော့မယ်ဆိုတာ…”“ငါထင်တယ်၊ မန်ယူ ရှုံးတော့မယ်ဆိုတာ…”“ငါထင်တယ်၊ ဒီမင်းသားနဲ့ ဒီမင်းသမီး ကြိုက်နေကြတယ်ဆိုတာ…”“ငါထင်တယ်၊ ဒီနေ့ မိုးရွာတော့မယ်ဆိုတာ…” မျိုးတွေ ပြောကြတာများတယ်။ အရင်က တကယ်သိခဲ့တာလည်း မဟုတ်ဘဲ Outcome တစ်ခုခုကို သိမှ “ငါသိတာပေါ့…” ဆိုပြီး တကယ်သိသလိုလိုနဲ့ လုပ်တတ်ကြတယ်။(လိမ်တာလို့ ပြောချင်တာမဟုတ်ပါ၊ ဦးနှောက်က အဲ့ဒီလိုပဲ အလုပ်လုပ်တာပါ) အထူးသဖြင့် ဖြစ်တန်စွမ်း ဆတူရှိနေတဲ့ ကိစ္စတွေမှာပေါ့။ (လုံးဝမဖြစ်နိုင်ဘူးထင်ထားတဲ့ ကိစ္စတစ်ခုက ဖြစ်သွားတယ်ဆိုရင်တော့ ငါထင်ပါတယ်… မပြောကြပါဘူး) အောက်က စမ်းသပ်ချက်ကို ဖတ်ကြည့်ပြီး ကိုယ်သိပြီးသားလား၊ မသိရသေးဘူးလား စည်းစားကြည့်ပါ။အသက်ကြီးတဲ့သူတွေက College မှာပညာသင်ကြတဲ့အခါ ၁၈ နှစ်အရွယ်လူငယ်တွေထက် စာပိုလိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့Continue reading ““ငါထင်သားပဲ…” နှင့် ကြားချခြင်းများ”

ကိုမြင့်နိုင်ကြီးနှင့် အနံ့ပျောက်ခြင်းဒုက္ခ

အခုတလော ကိုမြင့်နိုင်ကြီးကတော်တော်အခြေအနေဆိုးလာပြီး ကူးစက်ခံရသူတွေ ဆက်တိုက်ကို များပြားလာနေပါတယ်။ စာဖတ်သူတို့အားလုံးလဲ နီးစပ်ရာအချင်းချင်း ကျန်းမာရေးသတိပေးကြဖို့ လိုအပ်လာပါပြီဗျ။ Mask တပ်ဖို့၊ လက်ဆေးဖို့ ၊ နေမကောင်းသလိုဖြစ်လာရင် အိမ်ထဲမှာပဲနေဖို့ ၊ လူစုလူဝေးဆီမသွားဖို့ လိုအပ်လာပါပြီ။ အိမ်နီးချင်းတိုင်းပြည်တွေမှာ Lock down ချနေတာတွေ ၊ ဆေးရုံမဆန့်တော့လို့ အိမ်မှာပဲ isolation နေခိုင်းတဲ့ သတင်းတွေအများကြီးတက်လာပါတယ်။ Covid-19 စဖြစ်ပြီဆို အစောဆုံးသတိထားမိတာက အနံ့ပျောက်တာပါ။ အနံ့ပျောက်တာတိုင်း covid 19 လားဆိုတော့အဲ့လိုလဲမဟုတ်ပါဘူး။ တခြား viral infection တွေဖြစ်တဲ့ ရာသီတုပ်ကွေး influenza virus, parainfluenza virus တို့ ဖြစ်ရင်လဲ နှာစေးပြီး အနံ့မရတာဖြစ်တတ်ပါတယ်။ Covid 19 မှာကျတော့ နှာစေးတာသိပ်မရှိဘဲနဲ့ကို နှာခြောက်ကြီးနဲ့ အနံ့မရတော့တာမို့Continue reading “ကိုမြင့်နိုင်ကြီးနှင့် အနံ့ပျောက်ခြင်းဒုက္ခ”

သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?

အပေါင်းသွေး အနုတ်သွေးဆိုတာဘာလဲ? ဆေးရုံဆေးခန်းသွားပြရင် သွေးအုပ်စုအမေးခံရတဲ့အခါ Aသွေး B သွေး O သွေး ပြောရုံနဲ့မရပါဘူး။ အမြဲလိုလို အပေါင်းသွေးလား အနုတ်သွေးလားဆိုတာပါ ထည့်ထည့် အမေးခံရပါတယ်။ အဲ့ ဆရာဝန် သူနာပြုဆရာမတွေ ပြောနေတဲ့ အပေါင်းသွေးအနုတ်သွေးဆိုတာ ဘာလဲ။ အဲ့အကြောင်းမပြောခင် A,B,O သွေးအုပ်စုအကြောင်းအရင် နဲနဲပြောရအောင်။ သင့်သွေးထဲမှာ သွေးနီဥ (Red blood cell) ဆိုတာရှိတယ်။ အတိုကောက် RBC လို့ခေါ်ရအောင်။ RBC ပေါ်မှာ သကြားမှုန်လေးတွေကပ်နေသလို အမှုန့်လေးတွေရှိပါတယ်။ အဲ့အမှုန်လေးတွေကို 2 မျိုးအဓိကခွဲထားပါတယ်။ A antigen ရယ် B antigen ရယ်ဆိုပြီးA အမှုန် B အမှုန်လို့ ခွဲလိုက်တယ်။ A အမှုန်ကပ်နေတဲ့ လူတွေကို Aသွေးအုပ်စုလို့သတ်မှတ်တယ်။Continue reading “သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?”

Nihilism နတ္ထိဝါဒ (Part 2)

ကိုယ်ဟာ Nihilist ဖြစ်နေမလား? ဘာစည်းမျဥ်းစည်းကမ်း ခံယူချက်ရှိမနေဘူးယုံကြည်ခြင်းတွေလည်း ကင်းမဲ့နေမယ်သံယောဇဥ် အတွယ်အတာတွေ မခံစားတတ်ဘူးအရာရာတိုင်းဟာ ဖြစ်နိုင်မလားဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်နေမယ် ဒါဆိုရင် သင်ဟာ Nihilist ဖြစ်နေပြီလို ပြောလိုရပါတယ်။ ဒါပေမယ့် True Nihilist တော့ မဖြစ်နိုင်ပါဘူး။ Nihilsim ကို ယုံကြည်နေခြင်းကိုကNihilist ဖြစ်စေမလားဆိုတဲ့ ဝိရောဓိကို မွေးဖွားလာပြန်ပါတယ်။ Nihilism အမျိုးအစားတွေ ဆိုခဲ့သလိုပဲ True Nihislist မရှိတာကြောင့် Nihilist တွေက ရွေးချယ်ပြီး မယုံကြည်ရတော့ပါတယ်။ ဒါကြောင့် Nihilism ၄မျိုး ဖြစ်လာပါတယ်။ Moral Nihilism ကိုယ်ကျင့်တရားတွေကို မယုံကြည်တာပါ။ အမှား အမှန်၊ လုပ်သင့် မလုပ်သင့်ကို မယုံကြည်ဘဲ “လုပ်ပြီးမှ ကြည့်” ဆိုတဲ့ စည်းမျဥ်းကို ကိုင်စွဲပါတယ်။Continue reading “Nihilism နတ္ထိဝါဒ (Part 2)”

Design a site like this with WordPress.com
Get started