Comment မှာ တစ်ယောက်က Nihilism အကြောင်း ရေးပါလားဆိုလို ကြိုးစားပြီး ဖတ်ကြည့်ရာမှ စိတ်ဝင်စားစရာလေးတွေ တွေ့လာလို ကြိုးစားရေးကြည့်ပါတယ်။ Nihilism ဆိုတာဘာလဲ? Nihil ဆိုတဲ့ Latin စကားက လာတာဖြစ်ပြီး Nothing ဘာမှမရှိခြင်း နတ္ထိလို အဓိပ္ပာယ်ရပါတယ်။ Nihilism ဆိုတာ တကယ်တော့ နတ္ထိကို ယုံကြည်ခြင်းလို ပြောလိုရပါတယ်။ ဘာမှမယုံတဲ့ ဝါဒလို ပြောလည်း ရပါတယ်။ Belief in Nothing လိုလည်း ပြောလိုရပါတယ်။ Anihiliate ဆိုတဲ့ စကားကလာတယ်လိုလည်း ပြောပါသေးတယ်။ အလုံးစုံ ပျက်သုဥ်ခြင်းလို ဘာသာပြန်ရင် နားလည်ကောင်းပါရဲ့။ Nihilism ဘယ်ကစတာလဲ? ဘာမှမယုံခြင်းဆိုတာဟာ ယုံကြည်ခြင်းက လာရတာ ဖြစ်ပါတယ်။ ခပ်လွယ်လွယ် ပြောရရင် ရည်းစားပေါင်း မြောက်မြားစွာနဲ့Continue reading “Nihilism နတ္ထိဝါဒ (Part 1)”
Author Archives: Science Nuts
ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?
ဒီခေါင်းစဉ်ကို ရေးရတာ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့ပဲ ရေးလိုက်ပါတယ်။ကျွန်တော်တို့တွေ တော်တော်များများကတော့ တစ်ဝမ်းကွဲအချင်းချင်းလက်ထပ်တာကို ဒါမျိုး မိမိလက်မခံ လို့ သတ်မှတ်ထားကြပါတယ်။ ဘာလို့လက်မခံရသလဲလို့ မေးလိုက်ရင် ကလေး ဂေါက်သီးလေးမွေးလာတတ်တယ်၊ ကလေးမှာ ရောဂါထူမယ် စသဖြင့် Science နဲ့ကိုင်ပေါက်ကြတဲ့လူရှိသလို အမျိုးချင်းယူရအောင် ခွေးတွေမို့လို့လား၊ ယူရမယ့်သူ အဲ့လောက်တောင်ရှားနေလား ဆိုပြီး Culture နဲ့ကိုင်ပေါက်ကြတာလည်း ရှိပါတယ်။ ဒီတော့ Culture သမားကို ခဏမေ့ထားလိုက်ပါမယ်။ (တိကျတဲ့ အချက်အလက်တွေ မပါဘဲ ပြောရတာ အဆင်မပြေလို့ပါ)Science နဲ့ ကိုင်ပေါက်တဲ့သူရဲ့ အကြောင်းပြချက်တွေက မှန်နေလားဆိုတာ Science နဲ့ပဲ ပြန်ချိန်ကိုက်ကြည့်ရအောင်…။ ရာဇဝင်ထဲမှာတော့ ဒီလိုလက်ထပ်ကြတာ မဆန်းပါဘူး။ဗုဒ္ဓတောင်မှ လူဝတ်ကြောင်ဘဝမှာ ဝမ်းကွဲနှမကို လက်ထပ်ခဲ့တာပဲ၊ ရာဟုလာလေး ရူးမသွားပါဘူး။ (ဒီလိုContinue reading “ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?”
Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)
၃။ Uncle Ugo Luca animation ထဲမှာ ထူးထူးခြားခြားနဲ့ ပရိသတ်တွေ မှတ်မိနေလောက်မယ့် character တကောင်ကတော့ Luca ရဲ့ ဦးလေး Uncle Ugo ပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ရုပ်နဲ့ မျက်လုံးကလဲ စွေစောင်းနေသလို ခန္ဓာကိုယ်ကလဲ ထူးထူးခြားခြား (transparent) ဖောက်ထွင်းမြင်နေရပါသတဲ့။ ဇာတ်လမ်းထဲမှာတော့ Luca ကို သူ့အမေက ဒဏ်ပေးတဲ့အနေနဲ့ သူ့ဦးလေးဆီသွားနေခိုင်းတာဖြစ်ပြီး သူ့ ဦးလေး Ugo က Deep sea ထဲမှာ နေပါသတဲ့။ စာဖတ်သူတို့ သတိထားမိမလားမသိဘူး…Uncle Ugo က Luca တို့မိသားစုနဲ့ ပုံစံချင်း မတူပါဘူး။ တကယ်တမ်းလဲ Luca ဦးလေးကိုဆွဲတဲ့အခါ တခြားတိရစ္ဆာန်တကောင် ပုံစံကို ယူပြီးရေးဆွဲထားတာပါ။ Uncle Ugo ရဲ့Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 2)”
Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)
စာဖတ်သူတို့အားလုံး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Luca ဆိုတဲ့ကာတွန်းကားလေးကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။ Disney နဲ့ Pixar တို့ရဲ့ masterpiece animation တခုဖြစ်တဲ့ Luca က တော်တော်လေးအသက်ဝင်တဲ့ ရိုက်ချက်တွေနဲ့ story လေးကလဲချစ်စရာကောင်းလို့ မကြည့်ရသေးရင် အမြန်ကြည့်ဖို့လက်တို့ပါရစေ။ ဒီ animation ထဲမှာပါတဲ့ စိတ်ဝင်စားစရာအကောင်လေးတွေ real life ထဲမှာတကယ်ရှိမရှိ ရှာရှာဖွေဖွေတင်ဆက်ပေးလိုက်ပါတယ်။ ၁။ Mona Lisa, Giuseppe, Enrico ပထမဆုံး ပြောပြမယ့်အကောင်လေးကတော့Luca ထိန်းကျောင်းနေတဲ့ ငါးလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Luca ရဲ့ နေ့စဥ်အလုပ်က အဲ့ငါးတသိုက်ကို စားကျက်ထဲခေါ်သွားပြီး နွားကျောင်းဆိတ်ကျောင်းသလို ကျောင်းရတာပါ။ ငါးတွေကလဲ မျက်လုံးကပြူးပြူးနဲ့ ကြောင်တောင်တောင် နုံအအရုပ်ကလေးတွေနဲ့ပါ။ အဲ့ငါးလေးတွေကို အပြင်မှာ Goatfish လို့ခေါ်ပါတယ်။ အနီရောင်Continue reading “Luca ကာတွန်းကားထဲက ထူးဆန်းတဲ့သတ္တဝါတွေအကြောင်း (Part 1)”
ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)
(Part 1 ကိုအရင်ဖတ်ပေးပါ) ဘုရားဟောနဲ့ပြန်ဆက်ပါမယ်။သတ္တဝါတို့သည် ရေပေါ်တွင်ပျံနှံ့နေသည့် မြေဆီကို စတင်စားသုံးကြ၏။ အရသာသည် အလွန်နှစ်သက်ဖွယ်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာသည် သူတို့သန္တာန်တွင် ဖြစ်ပေါ်လာ၏။ သူတို့စားသုံးသောအတိုင်းအတာပေါ်မူတည်ပြီး သူတို့ခန္ဓာကိုယ်များသည် အစိုင်အခဲဖြစ်လာကြပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ရုပ်အဆင်းအမျိုးမျိုးကွဲပြားလာကြသည်။ ဤဖြစ်စဉ်သည်ရှည်လျားလှသော ကာလပတ်လုံး ဆက်လက်ဖြစ်ပေါ်နေ၏။ Science ဖက်က ပြောပါဦးမယ်။Eukaryote တွေပေါင်းမိကြပြီး ရေနေသတ္တဝါတွေဖြစ်လာပါတယ်။ရေနေသတ္တဝါဆိုလို့ ငါးတို့၊ ရေဘဝဲတို့ကို မမြင်ပါနဲ့။ အဆင့်မြင့်သတ္တဝါတွေ မဖြစ်လာသေးပါဘူး။ဒီသတ္တဝါလေးတွေဟာ ရေထဲကမြေကြီးတွေ၊ ကုန်းမြေအနီးကမြေကြီးတွေကို အာဟာရအတွက် စားသုံးကြပါတယ်။တချို့တွေဆို မြေကြီးထဲမှာ ပေါပေါများများရတဲ့ Calcium တွေကို သုံးပြီး သူ့ကိုစားမယ့် အခြားအကောင်တွေရန်က ကာကွယ်ဖို့ ခန္ဓာကိုယ်မှာ အကာအကွယ် အမာတစ်ခုဖြစ်လာပါတယ်။ ဒါက အရိုးတွေဖြစ်လာတာရဲ့အစပါ။ ဒီသတ္တဝါတွေဟာ အာဟာရအတွက် စားသုံးနေကြပြီဆိုတော့ “ငါ စားဖို့ ရှာရဦးမယ်” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။ (တဏှာဆိုတဲ့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)”