Cookies & Our Daily Lives

အပေါ်ကလိုမျိူး မေးခွန်းလေးတွေကို ကျွန်ုပ်တို့ အားလုံးမြင်ဖူးကြမှာပါ။ ခုဒီစာကို ဖတ်နေတဲ့ website မှာတောင် ရှိချင်ရှိနေမှာပါ။ Cookie တွေဟာ ကျွန်တော်တို့အားလုံးရဲ့ internet အသုံးပြုမှုကို များစွာသက်ရောက်နေပါတယ်။ ဒီနေ့ခေတ်မှာ Cookie မသုံးတဲ့ website ကြီးကြီးမားမားဆိုတာ မရှိသလောက်ပါပဲ။ Facebook, Twitter တို့လို social media service ကြီးတွေကအစ Amazon လို e-commerce site တွေနဲ့ personal blog လေးတွေအထိ Cookie တွေကို အသုံးပြုကြပါတယ်။ ဒီလို Cookie တွေကို သုံးခြင်းအားဖြင့် အကျိုးကျေးဇူးတွေ၊ တနည်းအားဖြင့် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်စေပါတယ်။ ဘယ်လို လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်စေမလဲဆိုတာကိုသိဖို့အတွက် Cookie တွေရဲ့ အခြေခံအလုပ်လုပ်ပုံကို သိဖို့လိုလာပါတယ်။Continue reading “Cookies & Our Daily Lives”

ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?

ရှေးခေတ် ဂရိကဗျာဆရာတယောက်ကတခါတုန်းက အောက်ပါအတိုင်း ရေးခဲ့ဖူးပါတယ်။ “What is beautiful is good, andwho is good will soon be beautiful” တဲ့။ ကြည့်လို့လှနေရင် အလိုလိုကောင်းတယ်ထင်မိတယ်၊ ကောင်းတာလုပ်နေရင်လဲ အလိုလိုလှလာတာပါပဲတဲ့။ ဒီစာကြောင်းကို စာဖတ်သူတို့ သဘောတူပါသလား။ ရုပ်ရည်ချောမောမှုက လူမှုဘဝမှာ ဘယ်လောက်အထိ အရေးပါနိုင်တယ်လို့ ထင်ပါသလဲ။ ၁၉၇၂ ခုနှစ်တုန်းက စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ လုပ်အားပေးမယ့်လူတွေကိုခေါ်လိုက်ပြီး စာအိတ် ၃ အိတ်စီပေးလိုက်ပါတယ်။ စာအိတ်တအိတ်စီမှာ ဓာတ်ပုံတပုံစီပါပြီး ရုပ်ချောတဲ့သူ၊ ရုပ်ရည်အသင့်တင့်ရှိသူနဲ့ ရုပ်ဆိုးသူ ၃ဦးရဲ့ ဓာတ်ပုံတွေထည့်ထားပါတယ်။ ဒီဓာတ်ပုံ ၃ပုံကိုကြည့်ပြီး ဒီဓာတ်ပုံထဲကသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကောင်းမကောင်း ခန့်မှန်းခိုင်းပါတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေကိုပဲကြည့်ခိုင်းပြီး သူတို့နှင့်ကိုက်ညီမယ့် အလုပ်ရာထူးနှင့် အဲ့ဒီလုပ်ငန်းခွင်မှာသူတို့ဘယ်လောက်အတိုင်းအတာContinue reading “ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?”

Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?

မနေ့က Facebook ပွတ်ရင်းနဲ့ Detox လုပ်ဖို့ လိုကြောင်း ပြောနေကြတာတွေ့လိုက်လို့ ဒီစာကို ရေးဖို့အကြံရသွားတာပါ။ Detox က မြန်မာပြည်မှာ ခေတ်မစားဘူးလို့ ထင်ခဲ့ပေမယ့် ရှာကြည့်လိုက်တော့မှ တော်တော်များများရှိနေပါလားဆိုတာ သိလိုက်ရပါတယ်။ အဲ့တော့ Detox လုပ်တဲ့ဖျော်ရည်တွေ၊ ကပ်ခွာတွေ၊ ခြေထောက်စိမ်တဲ့ဟာတွေက ထိရောက်လားဆိုတာ ပြောပြချင်ပါတယ်။ Detox Foot Baths အကြောင်းပထမဦးဆုံး ပြောပြချင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။ ဒီပုံအရ လုပ်ပြီး (After) ရေဟာ မလုပ်ခင် (Before) ရေထက် သိသိသာသာ မဲလာတာကို တွေ့ရမှာပါ။ ဒီတော့ တကယ်ပဲ ခန္ဓာကိုယ်က အဆိပ်တွေ (Toxin) ထွက်သွားတာလို့ ထင်စရာရှိပါတယ်။ Detox ကိုညွှန်းထားတဲ့ Interview တစ်ခုကို ပြောပြချင်ပါတယ်။ “ပထမဦးဆုံး စလုပ်တဲ့နေ့ကဆိုရင် ရေကContinue reading “Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?”

ဟော်မုန်းနဲ့ စိတ်ခံစားချက်၊ အပြုအမူ ဆက်နွယ်ပုံ

လူတွေရဲ့စိတ်ခံစားချက်တွေဟာ ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း ကြားဖူးကြမယ်ထင်ပါတယ်။ အခုပြောချင်တာက စိတ်ခံစားချက်တွေအတွက် အရေးပါတဲ့ဟော်မုန်းတွေ အကြောင်းပါ။ ဒါတွေကို မပြောခင်ဦးနှောက်က Information တွေကို ဘယ်လိုသယ်ဆောင်လဲဆိုတာ အရင်ပြောချင်ပါတယ်။ လျှပ်စီးကြောင်းတွေနဲ့ သယ်တာကိုတော့ သိကြမှာပါ။ အာရုံကြောတွေနေတစ်ဆင့် လျှပ်စီးကြောင်းတွေက စီးဆင်းကြပါတယ်။ သူတို့တစ်ခုနဲ့တစ်ခုကြားမှာ Synapse တွေနဲ့ ဆက်ထားပါတယ်။ မြင်အောင်ပြောရရင် ဟိုအရင်ခေတ်က မြင်းတစ်စီးနဲ့ အပြေးအလွှားသတင်းပို့ကြသလိုပါပဲ။ ဒါပေမယ့် တစ်နေရာအရောက်မှာ တံတားတစ်ခုက ပျက်စီးနေပါတယ်။ ဒီတော့ ဟိုဘက်ကမ်းကို ဒီ Message ရောက်အောင်ပို့ဖို့ စဉ်းစားရပြီပေါ့။ အဲ့ဒီအခါ မြားမှာ Message ကိုချိတ်ဆွဲလိုက်ပြီး တဖက်ကမ်းကို လှမ်းပစ်တယ်ဆိုပါစို့။ ဒါကို ဦးနှောက်နဲ့ပြန်ချိတ်ရရင် အာရုံကြောတွေဟာ လမ်းမတွေပါပဲ။ တံတားပျက်ကြီးက Synapse ပါ။ Message ကိုသယ်သွားပေးတဲ့ မြားကတော့ NeurotransmitterContinue reading “ဟော်မုန်းနဲ့ စိတ်ခံစားချက်၊ အပြုအမူ ဆက်နွယ်ပုံ”

လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ

ဟိုတလောက Messenger ကနေ လွတ်တဲ့ငါးကြီးနေရခြင်းအကြောင်းကို စိတ်ပညာအရရှင်းပြဖို့ လာပြောပါတယ်။ အရင်ကလည်း အဲ့ဒီအကြောင်း နည်းနည်းရေးခဲ့ဖူးပေမယ့် ဘယ်မှာရေးခဲ့လဲမမှတ်မိတော့ပါဘူး။ ဒါကြောင့် သီးသန့်တစ်ပုဒ်ထပ်ရေးလိုက်ပါတယ်။ တခါတုန်းက ဘောလုံးပွဲတစ်ခုကို ကြည့်ဖို့လက်မှတ်တွေ ရောင်းပါတယ်။ ကံစမ်းမဲလိုလုပ်ပြီး ပေါက်တဲ့လူက ဝယ်ခွင့်ရတာပါ။ ဒီတော့ ကံကောင်းတဲ့သူက လက်မှတ်ရပြီး ကံသိပ်မကောင်းတဲ့သူက ဘောလုံးပွဲမကြည့်ရတော့ဘူးပေါ့။ပညာရှင်တွေက လက်မှတ်မဲပေါက်တဲ့သူတွေ သူတို့လက်မှတ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိချင်တော့ စမ်းသပ်ကြည့်ကြပါတယ်။ ဖုန်းလှမ်းဆက်ပြီး စကားပြောကြည့်တာပါ။ “မင်းရဲ့လက်မှတ်ကို ပြန်ရောင်းချင်ရင် ရောင်းလို့ရတယ်။ အနည်းဆုံးဘယ်လောက်နဲ့ ရောင်းနိုင်မလဲ” လို့ မေးပါတယ်။ လက်မှတ်ရှင်က “အနည်းဆုံးစျေးဆိုတာ မရှိဘူး” ဆိုပြီး ပြန်ပြောပါတယ်။လူတိုင်းမှာ စျေးနှုန်းတစ်ခုတော့ ရှိပါတယ်လို့ ပြောတော့မှ သူက ဒေါ်လာ ၃၀၀၀ ဆိုပြီး ပြန်ပြောပါတယ်။ လက်မှတ်က ရွှေထွက်နေတာမဟုတ်တော့ အဲ့ဒီစျေးက တော်တော်များပါတယ်။Continue reading “လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ”

Design a site like this with WordPress.com
Get started