ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)

ဒီလိုမျိုးရေးလာတာ ၆ပုဒ်မြောက်ပါပြီ။ ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ ခုရေးတဲ့စာကို “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?” ရဲ့နောက်ဆက်တွဲ (Sequel) အဖြစ်လည်း မြင်ကြည့်လို့ရပါတယ်။အဲ့ဒီမှာ ရေးခဲ့တဲ့ ကမ္ဘာကြီးစဖြစ်လာပုံကိုတော့ ဒီမှာ ထပ်မရေးတော့ပါဘူး။ https://ouo.io/5pKaUS (ဖတ်ချင်တဲ့သူတွေအတွက်ပါ) ဘုရားက သက်ရှိတွေဘယ်လိုဖြစ်လာသလဲဆိုတာ ဟောခဲ့ဖူးပါတယ်။အဂ္ဂညသုတ်မှာ ကမ္ဘာမြေကြီး ပြောင်းလဲတိုးတက်လာသည့်အခါ အဆင့်တစ်ခုတွင် မှောင်မိုက်နေပြီး ရေဖုန်းလွှမ်းနေသည်။ထိုအချိန်က တည်ရှိခဲ့သော သတ္တဝါများသည် လိင်ကွဲပြားမှုမရှိသေးချေ လို့ဆိုပါတယ်။ Science မှာလည်း ကမ္ဘာကြီးရဲ့အစက လေထုထဲမှာ Carbon Dioxide, Methane, Ammonia တွေပါတယ်လို့ ဆိုတယ်။ Oxygen မရှိသေးပါဘူး။ အဲ့ဒီကာလမှာ နေရောင်တွေ တိုးမပေါက်ခဲ့ဘူး။ (မှောင်နေခဲ့တာပေါ့)အဲ့ဒီအချိန်မှာတော့ ရေတွေလည်း သမုဒ္ဒရာတစ်ခုစာဖြစ်နေပါပြီ။ လိင်ကွဲပြားမှုမရှိသေးတဲ့ သတ္တဝါဆိုလို့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)”

Existential Crisis (Part 2)

Part 2 မှာတော့ ကြုံတွေ့ရတတ်တဲ့ ECrisis တွေကို ပြောပြပါဦးမယ်။ အဓိပ္ပာယ်ရှိမှုဘဝက အဓိပ္ပာယ်ရှိလို့လား။ ဘာလို့ ဒါတွေ ကြုံနေရတာလဲ။ သူများတွေက ဘာလို့ကြုံရတာလဲ။ မကြုံရတာလဲ။ ငါကျမှ ဘာလို့ မကြုံရတာလဲ။ ကြုံရတာလဲ။ စသဖြင့် မေးခွန်းတွေဟာ ECrisis ထဲက အဓိပ္ပာယ်ရှိမှုကို မေးခွန်းထုတ်နေရပါတယ်။ ဒါပေမယ့် သေချာစဥ်းစားကြည့်ပါ။ ဘဝနဲ့ အဓိပ္ပာယ်ရှိမှုမှာ ဘဝက အရင်လာတာမို့ အဓိပ္ပာယ်ရှိတယ် မရှိဘူးဆိုတာ ဘဝထဲက လူကိုယ်တိုင်ရှာမှာပဲ ရမှာပါ။ ဒါပေမယ့် ရှာဖွေလေ မတွေ့လေကနေ အကြပ်အတည်း ဖြစ်လာတတ်ပါတယ်။ စိတ်ခံစားချက်တွေတချို့ကျတော့ ကိုယ်ခံစားရတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှောင်လွှဲတာ၊ ရင်မဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေပေမယ့် သူငယ်ချင်းတွေနဲ့ ရယ်မောနေပြီးမှ ညတစ်ယောက်တည်း ရှိလာရင် ဒါတွေဟာ အဓိပ္ပာယ်မရှိပါလားလို့ တွေးပြီးContinue reading “Existential Crisis (Part 2)”

Existential Crisis (Part 1)

ဖြစ်တည်မှု အကြပ်အတည်းဆိုတာ လူတစ်ယောက်က သူ့ဘဝမှာ သူဖြစ်တည်နေရတာ အဓိပ္ပာယ်မှ ရှိပါတော့မလားဆိုတာကို မေးခွန်းစထုတ်ရာကနေ စတော့တာပါပဲ။ အဓိပ္ပာယ်ရှိတယ်လို့ လူက မခံစားရလို့သာ ဒီမေးခွန်းကို စမေးမိတာလည်း ဖြစ်ပါတယ်။ မေးမိတော့ လိုအပ်တဲ့အဖြေကို ရှာရင်း လိုချင်တဲ့အဖြေကို မရပါဘူး။ ဘာအဖြေမှ မရတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ ဘာကြောင့် မရတာလဲကို လိုက်ရှာပါတယ်။ ရှာတော့လည်း မတွေ့ပါဘူး။ ရှာလေ မတွေ့လေ၊ မတွေ့လေ ပိုရှာလေနဲ့ သံသရာလည်ခြင်းကိုပဲ ဖြစ်တည်မှု အကြပ်အတည်း Existential Crisis လို့ ခေါ်ကြပါတယ်။ ECrisis ဖြစ်တာက ပုံမှန်ဖြစ်ပြီး ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ ကျန်းမာပါသတဲ့။ ဒါပေမယ့် အနုတ်လက္ခဏာ ဆောင်လာမယ်၊ suicidal thoughts တွေ ဝင်လာမယ်ဆိုရင်တော့ ဆရာဝန်Continue reading “Existential Crisis (Part 1)”

ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 2)

(Part 1 အရင်ဖတ်ပေးပါ) ဟုတ်ပြီ။ ဘဝကြီးဟာ တည်ရှိနေတာ မဟုတ်ဘူး။ ဖြစ်တည်နေတယ်ပဲ ထားပါတော့။ ဘာလုပ်ရမှာလဲလို့ မေးတဲ့သူတွေ ရှိလာပါလိမ့်မယ်။ ဒါဆိုရင် စာရေးသူက ရိုးရိုးရှင်းရှင်းပဲ အဖြေပြန်ပေးရပါလိမ့်မယ်။ ဘဝဟာ ဖြစ်တည်နေတယ်ဆိုရင် လုပ်လို့ရတာတွေ အများကြီးပါ။ လူတွေဟာ ဟိုးသမိုင်း မတင်မီ ခေတ်ကတည်းက လူသားရဲ့ တည်ရှိမှု၊ လူသားရဲ့ ဖြစ်တည်မှုကို နည်းမျိုးစုံနဲ့ ရှင်းပြနေကြတာပါ။ လူဆိုတာ အာဒံ ဧဝကနေ ဘုရားသခင် ဖန်ဆင်းမှုမှ တစ်ဆင့် တည်ရှိလာတယ်။ ဗြဟ္မာကြီး ၄ဦးက မြေဆီမြေနှစ်တွေ စားသုံးပြီး ဖြစ်လာတယ်။ ဟော မျောက်က ဆင်းသက်လာတယ်။ မျောက်နဲ့ တူတဲ့ လူမျိုးစုကနေ ဖြစ်လာတယ် စသဖြင့် လူရဲ့ တည်ရှိမှုကို မျိုးစုံ အဖြေရှာကြပါတယ်။ လူရဲ့ဖြစ်တည်မှုကိုရော?သမိုင်းမှာContinue reading “ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 2)”

ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 1)

လူတစ်ယောက်ဟာ သူ့ကိုယ်သူ ငါဘာလဲ ပတ်ဝန်းကျင်က ဘာလဲ သိလာရင် ဘဝစပြီလို့ ပြောလို့ရပါတယ်။ ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွား ထမင်း မုန့် ရေ ဟီးဟီး ဗြဲ စတဲ့ ပတ်ဝန်းကျင်နဲ့ ပြင်ပ သက်ရောက်မှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လူတစ်ယောက် ရှင်သန်ကြီးထွား ဖွံ့ဖြိုးတိုးတက်လာတာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် သိတဲ့သိစိတ်ကနေ ဘဝဆိုတာ ရုပ်လုံးပေါ်လာပါတယ်။ တည်ရှိမှု ဆိုတာ ဖြစ်တည်မှုနဲ့ တူသလား? ဒါက မြန်မာ or ဗမာစကားလုံး ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုမှုပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီရဲ့ နက်နဲတဲ့ ဖွင့်ဆိုရှင်းပြမှုတွေကို သေချာလေ့လာ မေးကြည့်ရင် သိပ်ကွာမှာ မဟုတ်ဘူး။Continue reading “ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 1)”

Design a site like this with WordPress.com
Get started