ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

ပထမပိုင်းက အိပ်မက် ၁၀မျိုးကို အခု တခုစီ အဖြေရှာကြည့်ကြရအောင်။ အောက်မှာပြောပြမယ့် အိပ်မက်တွေရဲ့ message တွေက အများလက်ခံယူဆထားတဲ့ အယူအဆ (Freud theory) ပေါ်မူတည်ပြီး ဖွင့်ဆိုထားတာဖြစ်ပါတယ်။ သိပ္ပံနည်းကျ 100% မှန်ကန်မည်လို့တော့ အာမ မခံနိုင်ပါခင်ဗျ။ ၁။ အဆင်သင့်မဖြစ်သေးတဲ့ စာမေးပွဲတွေဖြေရတယ်လို့ မက်တတ်ကြပါတယ်။ လူတိုင်းလိုလို အဲ့လို အိပ်မက်တွေမက်ဖူးကြပြီး တယောက်နဲ့တယောက် စာမေးပွဲအမျိုးအစားမတူကြပါဘူးတဲ့။ ဥပမာ ဆယ်တန်းစာမေးပွဲဖြေဖူးတဲ့သူက ဆယ်တန်းကိုပြန်စွဲပြီး မက်ကြတယ်။ သရုပ်ဆောင်မင်းသားမင်းသမီးတွေဆို သရုပ်ဆောင်လူရွေးပွဲကိုမက်လေ့ရှိတယ်။ ဝန်ထမ်းတွေဆို အလုပ်ဝင်စာမေးပွဲ interview စတာတွေကိုမက်တတ်ပါတယ်။ မက်လိုက်တိုင်း အေးအေးဆေးဆေး စာမေးပွဲကိုမဖြေရတတ်ဘဲ စာတွေမေ့ကုန်တာ ၊ အချိန်မမှီတော့တာ ၊ interview ဆိုရင် ပြောရမယ့်စကားတွေမေ့ကုန်တာ ထစ်ကုန်တာ စတဲ့ အလွဲအချော်တွေပဲမက်လေ့ရှိပါတယ်။ ဒီလို အိပ်မက်တွေရဲ့Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)”

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)

လူတွေဘာလို့ အိပ်မက်မက်ရတာလဲ။ အိပ်မက်မက်ခြင်းက အတိတ်ကဖြစ်ရပ်ကိုစွဲပြီးမက်ကြတာလား။ ဒါမှမဟုတ် မဖြစ်သေးတဲ့ အနာဂတ်ရဲ့ ရှေ့ပြေးနိမိတ်ပုံအနေနဲ့ အိပ်မက်မက်ကြတာလား။ အိပ်မက်ထဲက အရာတွေက ဘာအဓိပ္ပာယ်တွေရှိကြလဲ။ အမှန်ပြောရရင် သိပ္ပံပညာရှင်များအနေနဲ့ အပေါ်ကမေးခွန်းတွေကို ယနေ့တိုင် မဖြေနိုင်သေးပါဘူး။ လူတွေအိပ်ရင် ဘာလို့ အိပ်မက်မက်တာလဲ ကိုလဲ လေ့လာနေဆဲ အဖြေရှာနေဆဲပါ။ အိပ်မက်တွေနဲ့ပတ်သက်ပြီး စိတ်ပညာရှင်တွေကတော့ အယူအဆအမျိုးမျိုးရှိပါတယ်။ အိပ်မက်အယူအဆတွေထဲမှာ ဆရာကြီး Sigmund Freud ရဲ့ အယူအဆက တော်တော်လွှမ်းမိုးမှုရှိပါတယ်။ သူ့ယုံကြည်ချက်အရ လက်တွေ့ဘဝရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ၊ အတွေးတွေ ၊ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ ၊ ငုံလျှိုးနေတဲ့ စိတ်ကူးတွေ ထင်ဟပ်ပြီး အိပ်မက်မက်အနေနဲ့ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ Freud က အိပ်မက်တခုစီကို အနက်ဖွင့်တဲ့အခါ ၂ပိုင်းရှိတယ်လို့ ဆိုပါတယ်။Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)”

ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 2)

ဒုတိယပိုင်းမှာတော့ ပထမပိုင်းကမေးခွန်းတွေကို ပြန်လည်အဖြေရှာကြမှာဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို အောင်မြင်စွာ ပုံတူပွားပြနိုင်ခဲ့တဲ့အချက်က သိပ္ပံလောကကို ဆူဆူညံညံဖြစ်သွားစေခဲ့ပါတယ်။ ဒီနည်းပညာကို စိတ်ဝင်စားလာကြပြီး တချို့သော သူဌေးတွေဟာ သူတို့ပိုင်တဲ့ မြင်းမျိုးစိတ်တွေကို clone ထားကြပါတယ်။ မြင်းကောင်းမျိုးသန့် တွေရဖို့ကိုလဲ မျိုးစပ်တဲ့နည်းတွေ Clone နည်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ တခုရှိတာက ပုံတူပွားထားတဲ့ အကောင်က မူလအကောင်နဲ့ 100% တူမယ်လို့ အတိကျမပြောနိုင်ပါ။ တကယ်လဲ လက်တွေ့မှာ ခပ်ပါးပါး မတူတဲ့အချက်တွေတွေ့ရပါတယ်။ ပြိုင်ပွဲတိုင်းနိုင်တဲ့ ပြိုင်မြင်းတကောင်ကို ပုံတူပွားပြီး မွေးလာတဲ့မြင်းဟာ ပြိုင်မြင်းဖြစ်ချင်မှဖြစ်လာနိုင်သလို တကယ်သန်မာချင်မှလဲသန်မာမှာပါ။ သူ့ကိုကျွေးမွေးတဲ့အစာပုံစံ ၊ ပတ်ဝန်းကျင်ရဲ့စနစ် ၊လေ့ကျင့်ပေးတဲ့ပုံစံ ၊ သူ့ရဲ့စိတ်နေစိတ်ထား (ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကောင်လား) စတာတွေက Clone လိုက်ရုံနဲ့ ကွက်တိတူမလာပါဘူးတဲ့။ ဒါပေမယ့်လဲ အပျော်တမ်းမွေးကြတဲ့ တိရစ္ဆာန်ချစ်သူတွေကတော့ သူတို့မွေးထားတဲ့အကောင်လေးတွေ သေသွားတဲ့အခါContinue reading “ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 2)”

ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)

သင်သာ Jurassic Park ရုပ်ရှင်ကြည့်ဖူးရင် ဒိုင်နိုဆောတွေ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး သောင်းကျန်းဒုက္ခပေးကြပုံကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာတော့ ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ ခြင်ဗိုက်ထဲက ဒိုင်နိုဆောသွေးကနေ DNA ကိုယူပြီး ဒိုင်နိုဆောတွေကို ပြန်အသက်သွင်းခဲ့ပါတယ်။ လက်တွေ့ဘဝမှာရော အဲ့လိုလုပ်လို့ရတဲ့ နည်းပညာရှိနေပြီလား။ ဒီလိုခပ်ဆင်ဆင်တူတဲ့ နည်းပညာကို genetic engineering မှာ Cloning လို့ခေါ်ပြီး တကယ့်သက်ရှိတချိူ့ကို ပုံတူပွား မွေးနိုင်ခဲ့ပါတယ်။ Clone နည်းပညာနဲ့ ပထမဆုံး ပုံတူပွားနိုင်ခဲ့တဲ့ တိရစ္ဆာန်ကတော့ Dolly လို့ခေါ်တဲ့ သိုးမလေးပဲဖြစ်ပါတယ်။ 1996 ခုနှစ်မှာ စတင်ပုံတူပွား မွေးဖွားခဲ့တာဖြစ်ပြီး Scotland နိုင်ငံက ဇီဝဗေဒပညာရှင်အဖွဲ့က ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သူတို့လုပ်ခဲ့တဲ့ ပုံတူပွားနည်းလမ်းကတော့ သိုးမလေးတကောင်ကနေ မျိုးဥကို ယူပြီး သူ့ရဲ့ nucleus ကိုထုတ်လိုက်ပါတယ်။Continue reading “ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)”

မောင်းသူမဲ့လေယာဥ် Drone အကြောင်း သိသမျှ (Part 1)

Drone လို့အများကခေါ်ကြတဲ့ Unmanned aerial vehicles (UAV) တွေဟာ 2010 အလွန်ကာလတွေမှာ တော်တော်လေးတွင်ကျယ်ရေပန်းစားတဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ Drone တွေပေါ်ကာစမှတော့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်ပဲ သုံးခဲ့ကြပေမယ့် အခုခေတ်မှာတော့ စူးစမ်းလေ့လာရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တွေမှာ ကူညီကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ သာမန်လူတွေအတွက် အပန်းဖြေဖို့နဲ့ စီးပွားရေးအကျိုးအမြတ်ရရှိရေးတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးချလာကြတာကိုတွေ့ရပါတယ်။ Drone တွေရဲ့သမိုင်း မောင်းသူမဲ့လေယာဥ်တွေနဲ့ ပတ်သက်တဲ့ concept တစ်ခုကို စတင်တွေ့ရှိခဲ့တာကတော့ ၁၈၄၉ ခုနှစ် အီတလီနဲ့ သြစတီးယား (Austria) စစ်ပွဲမှာ ဖြစ်ပါတယ်။ အဲဒီ့စစ်ပွဲမှာ သြစတီးယားစစ်သားတွေဟာ ဗင်းနစ်မြို့ထဲကို ဗုံးတွေချိတ်ထားတဲ့ hydrogen နဲ့ helium မိုးပျံဗူဗောင်းကြီးတွေ လွှတ်တင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၈ မှာ အမေရိကန်က မောင်းသူမဲ့ flyingContinue reading “မောင်းသူမဲ့လေယာဥ် Drone အကြောင်း သိသမျှ (Part 1)”

Design a site like this with WordPress.com
Get started