(Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပေးပါ) Part 2 မှာ ဘယ်စာအုပ်ကို ယုံရမလဲဆိုတဲ့ ပြဿနာရှိလာတယ်ဆိုတာ ပြောခဲ့ပါပြီ။ ခုအပိုင်းဟာ ရှုပ်ထွေးမှာဖြစ်တဲ့အတွက် သေချာဖတ်ပေးစေလိုပါတယ်။ ယုံကြည်မှုပြဿနာကို ဖြေရှင်းဖို့အတွက် စာအုပ်တစ်အုပ်ချင်းစီက Data တွေကို Block တွေခွဲလိုက်ပါတယ်။ (တစ်လလုံးစာ စာရင်းမတွက်ဘဲ တစ်ရက်စာ တစ်ရက် စာရင်းတွက်သလိုပေါ့) Block တစ်ခုချင်းစီဟာ မှန်ကန်မှုရှိကြောင်း Proof of Work လိုပါတယ်။ (ဒါမှသာ နောက်ရက် စာရင်းနဲ့ပေါင်းပြီး လကုန်တဲ့အခါ လချုပ်စာရင်းလုပ်လို့ရမှာပါ) Proof of Work ဆိုတာလည်း နံပါတ် ၁ခုပါပဲ။ကိုယ့် Block ထဲက Data တွေနဲ့ Proof of Work နံပါတ်နဲ့ ပေါင်းပြီးContinue reading “Bitcoin အကြောင်း (Part 3)”
Author Archives: Science Nuts
Bitcoin အကြောင်း (Part 2)
(Part 1 ကိုအရင်ဖတ်ပေးပါ) ဒီလောက်ဆို ယုံကြည်လို့ရပြီလားလို့ မေးစရာရှိပါတယ်။A က အသုံးအဖြုန်းကြီးတဲ့အတွက် သူပေးရမယ့် ပိုက်ဆံတွေမပေးဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။အဲ့ဒီအတွက်ကြောင့် စာအုပ်ထဲမှာ စရေးမယ်ဆိုရင် ဘုံပိုင်ငွေထဲကို ပိုက်ဆံပမာဏတစ်ခုအရင်ထည့်ရပါတယ်။(ဘဏ်တွေဆီက ပိုက်ဆံချေးမယ်ဆိုရင် ကိုယ်ကပြန်ဆပ်နိုင်ကြောင်း အထောက်အထားတစ်ခုခုပြရသလိုပေါ့) အဲ့ဒီတော့ သူငယ်ချင်း ၄ယောက် ၁သောင်းစီထည့်ထားကြတယ်ဆိုပါစို့။ဒါဆိုရင် သူတို့ငွေထည့်ထားတဲ့အတွက် မပေးဘဲထွက်ပြေးဖို့ခက်သွားမှာပေါ့။ ပြီးတော့ သူတို့တစ်ယောက်ချင်းစီကို စာအုပ်ထဲမှာ ရှိတဲ့ငွေထက် ပိုပြီး အသုံးမခံဘူး။ဥပမာ A က စာအုပ်ထဲမှာ ၁သောင်းခွဲပိုင်ထားရင် အဲ့ဒီထက်ပိုမသုံးနိုင်အောင် တားထားတာမျိုးပေါ့။ အဲ့ဒီတော့… ဒီစာအုပ်ထဲမှာပဲ တစ်သက်လုံး ငွေပေးလိုက်၊ ယူလိုက်လုပ်နေကြရင် ပိုက်ဆံ (Dollar, Euro, ကျပ်) ဆိုတာ ဘယ်လိုတော့မလဲ။Cryptocurrency ဆိုတာ ဒီသဘောပါပဲ။Dollar နဲ့ ကျပ်ငွေကို လဲသလိုပဲ သူ့ကိုလဲ DollarContinue reading “Bitcoin အကြောင်း (Part 2)”
Bitcoin အကြောင်း (Part 1)
(Public Key Cryptography အကြောင်းမဖတ်ရသေးဘဲ ဒါကို မဖတ်သင့်ပါဘူး၊အဲ့ဒီ Article မှာရေးထားတဲ့အချက်တွေထဲက အနည်းအကျဉ်းပဲ ဒီမှာပြန်ရှင်းပြတော့မှာပါ) Bitcoin က Digital Currency (လေလှိုင်းပေါ်ကငွေကြေး) တစ်ခု ဆိုတာတော့ လူတိုင်းသိကြမှာပါ။ဒါပေမယ့် ထူးခြားတာက သူ့ကိုထိန်းချုပ်တဲ့ အစိုးရမရှိသလို၊ ဘဏ်တွေမှာလည်း Account သွားဖွင့်စရာမလိုပါဘူး။အဲ့ဒါဆို ဘယ်သူက တီထွင်ထားတာလဲဆိုတာမေးစရာ ရှိလာပါတယ်။ (စိတ်ချရရဲ့လားပေါ့)ဆိုတော့… ဘယ်သူတီထွင်ထားလဲဆိုတာကို သေသေချာချာမသိကြပါဘူး။ Cryptography နည်းကိုသုံးထားတဲ့အတွက် Cryptocurrency လို့ခေါ်ပါတယ်။Cryptography ဆိုတာ ကိုယ့်ရဲ့ information တွေကို မသက်ဆိုင်တဲ့လူတစ်ယောက် ကြားဝင်ရယူမသွားနိုင်ဘဲ ကိုယ်ရည်ရွယ်တဲ့လူဆီကို တိုက်ရိုက်ရောက်အောင် ကာကွယ်ပေးထားတဲ့နည်းပါ။(သေချာသိချင်ရင် “အင်တာနက်ပေါ်မှာ လျှို့ဝှက်ဆက်သွယ်ခြင်းနည်းနာများ” ဆိုတာကိုတင်ပေးထားပါတယ်၊ ဖတ်ကြည့်ပေးပါ) https://ouo.io/ouheba (Part 1) https://ouo.io/H09gObh (Part 2) Bitcoin တစ်မျိုးတည်းမဟုတ်ဘဲContinue reading “Bitcoin အကြောင်း (Part 1)”
သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း
သင်သိပါသလား။ သင့်ပခုံးပေါ်မှာ သင့်ကိုကောင်းတာတွေလုပ်ဖို့အကြံပေးနေတဲ့ နတ်သားတပါးနဲ့ သင့်ကိုစိတ်အလိုလိုက်ဖို့ အမြဲအတို့အထောင်လုပ်ပေးနေတဲ့ မိစ္ဆာတကောင် ရှိနေပါတယ်။ သူတို့ကို သင်မမြင်ရပေမယ့် ရှိနေမှန်း သင်ခံစားမိမှာပါ။ သင်ဟာ တခါတခါ အကျိုးရှိတာ ကောင်းတာလေးတွေလုပ်နေမိတတ်ပြီး တခါတခါမှာတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ပျော်ရာ နေလိုက်မိတတ်တယ်။ စားချင်ရာစားလိုက်မိတတ်တယ်။ ကဲချင်ရာ ကဲလိုက်မိတတ်ပါတယ်။ ဒီလိုဖြစ်ရတာက သင့်ကိုလွှမ်းမိုးနေတဲ့ အဲ့ငတိလေး ၂ကောင်ကြောင့်ပါ။ ဒီအကြောင်းကို စပြီးတင်ပြခဲ့တဲ့သူကတော့ Psychology လောကရဲ့ ဘိုးအေကြီးPsychoanalysis ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ စိတ်ရောဂါပညာရဲ့ ဦးဆောင်သူလို့လဲ တင်စားကြတဲ့ Sigmund Freud ပဲဖြစ်ပါတယ်။ Freud လို့အများကသိကြတဲ့ ဤပုဂ္ဂိုလ်ကြီးရဲ့ theory ကို Freudian Theory လို့ခေါ်ကြတယ်။ သူ့ရဲ့ theory တွေထဲက တခုအကြောင်းကို ဒီနေရာမှာရှင်းပြပါ့မယ်။ ကလေးတယောက်က မွေးဖွားလာတဲ့အခါContinue reading “သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း”
ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့
ညီကိုတို့ရေ…. ညီကိုတို့တွေက တစ်နေ့တစ်နေ့ ဂျပန်သိုင်းကား အမေရိကန်သိုင်းကားတွေကြည့်ပြီး အဲ့သိုင်းကားတွေထဲက မင်းသားကိုင်တဲ့ ဓားရှည်ရှည်ခိုင်ခိုင် ကောင်းကောင်းတွေကို ကြည့်ပြီး အားကျနေကြမှာပဲ။ အဲ့လိုအားကျပြီးတဲ့သကာလ ကိုယ့်ရဲ့ ဓားကို ကြည့်ပြီး သိမ်ငယ်ကောင်း သိမ်ငယ်မယ်။ ဓားကို ရှည်အောင် ကောင်းအောင် ဆိုပြီး နည်းမျိုးစုံ သုံးမယ် ပန်းပဲဖိုဆီ သွားကြမယ်။ ပန်းပဲဖိုက တော်ရင်တော့ တစ်မျိုးပေါ့။ အဲ့ ပန်းပဲဖိုက ဂျင်းဆိုလို့ကတော့ ညီကိုတို့ရှိပြီးသား ဓားတွေက ရှည်ပါရဲ့ ကြီးပါရဲ့ အရွယ်အစားမမှန် အသွားမထက် ကြာရင် ပျက်ဆီးပုပ်ပွပြီး ဓားတစ်ချောင်းလုံး ပစ်ရတဲ့အထိ ဖြစ်သွားမယ်ဆိုတာလေးလည်း သတိရှိကြဖို့ပါ။ တကယ်တော့ ညီကိုတို့ သတိမထားမိတာ မေ့နေတာက ဓားရှည်ရှည်ကိုင်ထားလည်း သိုင်းမတတ်ရင် ကားယားကားယားနဲ့ အလကားပါပဲ ရန်သူကိုလည်း နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာက သိုင်းကျမ်းကြေညက်ဖို့ပါလို့Continue reading “ဓားရှည်ရှည်နဲ့ ကျမ်းကြေကြေ ဘာရွေးမလဲ ညီကိုတို့”