Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 3)

(Part 1 & 2 ကို အရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါ) အခြေခံလေးတွေ သိပြီဆိုတော့ ကျွန်တော်တို့ တကယ့်လက်တွေ့ internet သိုမဟုတ် web မှာ ကျနော်တို့ ဆက်သွယ်တဲ့ အဆင့်လေးတွေကို ကြည့်ကြပါမယ်။ ကျနော်တို့ browser သုံးသုံး facebook app လိုမျိုး ဖုန်းထဲက app တွေပဲ သုံးသုံး စစချင်းမှာ ကျတော်တို့ လိုတဲ့ data ကိုရဖို့ ကျနော်တို့ဘက်ကစပြီး request လုပ်ရမှာဖြစ်ပါတယ်။ ဆိုပါစို့ ကျနော်တို့က google.com ဆိုတာကို လိုချင်တယ်ဆိုပါစို့။ URL bar မှာရိုက်ထည့်လိုက်ရင် browser က google.com ဆိုတဲ့ webpage ရှိရာ google ရဲ့ server တွေဆီကိုContinue reading “Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 3)”

ကြက်ဥအစိမ်းစားတာက ပြုတ်စား၊ ကြော်စားတာထက်ပိုအားရှိသလား နှင့် ဥဋီကာနိဂုံး (Part 3)

(၇) ကြက်ဥအစိမ်းစားတာ မကျက်တကျက်စားတာက အားပိုရှိတယ် ၊ ပြုတ်စား ကြော်စားတာက အားသိပ်မရှိဘူး စသဖြင့် ပြောတာ ခဏခဏကြားဖူးမှာပါ။ သူတို့ဆိုလိုတဲ့အားက ဘာအားလဲတော့မသိပေမယ့် အာဟာရဆေးပညာနဲ့ သိပ္ပံအရတော့ အာဟာရပမာဏ တူတူပဲရပါတယ်။ ပြုတ်လိုက်တာဖြစ်စေ ကြော်လိုက်တာဖြစ်စေ အပူနဲ့တွေ့ တဲ့အခါ အသားဓာတ် protein က ပုံပြောင်းသွားပါတယ်။ နဂိုထက်ပိုခဲသွားပြီး ပိုးမွှားတွေလဲသေသွားပါတယ်။ Denaturation ဖြစ်သွားတယ်လို့ဆိုပါတယ်။ ကျက်သွားတဲ့အသားဓာတ်က Denature ဖြစ်သွားလို့ အစာအိမ်ကပိုပြီးချေဖျက်လို့လွယ်သွားပါတယ်။ အာဟာရတွေကို ပိုပြီးစုပ်ယူရလွယ်လို့ အစာမကြေဖြစ်တာ ရင်ခေါင်းတောင့်နေတာ သက်သာမှာပါ။ ကြက်ဥအစိမ်းကို ဖောက်သောက်တာက သူ့ရဲ့အညှီနံ့ကြောင့်လဲ မအီမလည်ခံစားရနိုင်သလို အစာခြေရတဲ့အခါ ကျက်ပြီးသားကြက်ဥထက်ပိုကြာလို့ ရင်ပြည့်တာမျိုးခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကြက်ဥအစိမ်းမှာ Salmonella ပိုးပါလာခဲ့ရင် ဝမ်းရောဂါပါထပ်ခံစားရမှာပါ။ သေချာသန့်ရှင်းစွာစားရင်တော့ ကြက်ဥအစိမ်းကလဲ ကြက်ဥအကျက်လိုပဲ အားရှိပါတယ်။ သို့သော်Continue reading “ကြက်ဥအစိမ်းစားတာက ပြုတ်စား၊ ကြော်စားတာထက်ပိုအားရှိသလား နှင့် ဥဋီကာနိဂုံး (Part 3)”

ဗုဒ္ဓရဲ့တရားနဲ့ String Theory တူသလား?

ကျွန်တော့အတွက် ကြိုးတန်းလမ်းလျှောက်ရတဲ့ နောက်ထပ်ခေါင်းစဉ်တစ်ခုပါပဲ။ဒါကိုရေးတဲ့အတွက် ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။ဒါပေမယ့် စိတ်ဝင်စားစရာကောင်းပါတယ်။စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။ ဗုဒ္ဓရဲ့ဝါဒမှာ “ရုပ်” ဆိုတဲ့ အနှစ်သာရသဘောမရှိပါဘူး။ရုပ်ဆိုတာ ထင်ယောင်ထင်မှားသာ ဖြစ်တယ်လို့ ဆိုတယ်။ဒါကြောင့် ရုပ်နာမ်ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုရောက်အောင် ဉာဏ်နဲ့ရှုလို့ဟောကြားခဲ့တာဖြစ်တယ်။ ဗုဒ္ဓရဲ့ဟောကြားချက်အရ ရုပ်ဆိုတာ ဓာတ်ကြီး ၄ပါးနဲ့ဖွဲ့စည်းထားတယ်လို့ဆိုတယ်။ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောတို့ပဲဖြစ်တယ်။(ရုပ်ဖြစ်ဖို့ နောက် ၄ခုထပ်လိုသေးပေမယ့် ဘုရားဟောတာကို ဦးတည် ပြောမှာမဟုတ်လို့ ထားခဲ့ပါပြီ) ရုပ် တကယ်မရှိဘူးဆိုတာ သာမန်လူတွေအတွက်တော့ တော်တော်နားလည်ရခက်တဲ့စကားပါ။ခု မြင်နေရတာ ရုပ်မဟုတ်ဘူးလား၊ ကိုင်ကြည့်လို့ရနေတာ ရုပ်မဟုတ်ဘူးလား စသဖြင့် စောဒဂ တက်စရာရှိပါတယ်။ ရူပဗေဒမှာလည်း အဲ့ဒီသဘောရှိပါတယ်။ကျွန်တော်တို့တွေ Fundamental Particles တွေအကြောင်းကို သင်ခဲ့ရဖူးပါတယ်။ဒါပေမယ့် ကျွန်တော်ဆယ်တန်းအောင်တဲ့အထိ Fundamental Particles (ထပ်မံခွဲစိတ်ကြည့်လို့မရတော့သော အမှုန်များ) ဆိုတာ Proton,Continue reading “ဗုဒ္ဓရဲ့တရားနဲ့ String Theory တူသလား?”

သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence

ပန်းလေးတွေကိုကြည့်ပြီး လှလိုက်တာလို့ တွေးမိဖူးမှာပါ။သူတို့ကို ဒီလျှို့ဝှက်ချက်နဲ့ အလှဆင်ထားပါတယ်။ခုပြောချင်တာကတော့ Fibonacci Sequence အကြောင်းပါ။ ဒီအကြောင်းကို စသိခဲ့တာက India က သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ ဒါပေမယ့် အီတလီလူမျိုး Leonardo Fibonacci က ဒီအကြောင်းကို စတွေ့တယ်လို့ လွဲမှားယူဆကြပြီး Fibonacci Sequence လို့ပေးထားတာပါ။(Italian နာမည်နဲ့ဆိုတော့ ကဗျာဆန်သွားသလိုပဲ၊ Indian နာမည်ပေးရင် Kumar Sequence တို့၊ Kapoor Sequence တို့ဖြစ်ချင်ဖြစ်နေမှာ… No offence) Fibonacci Sequence ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။သူတို့က Number လေးတွေပါပဲ။0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, …ပထမ Number နဲ့Continue reading “သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence”

သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)

ဒီတခါမှာတော့ အများပြောနေကျ ဥအကြောင်းလေးတွေ မှန် မမှန်ဖတ်ကြည့်ရအောင်။ (၃) ဘဲဥကိုစားရင် ပိုဝလာတတ်သလား? ဘဲဥတလုံးနဲ့ ကြက်ဥတလုံးမှာ fat လို့ခေါ်တဲ့ အဆီပါဝင်မှုမတူပါဘူး။ ဘဲဥက ပိုပြီး fat ရော cholesterol ပါတာရော များတယ်လို့ဆိုရမယ်။အဲ့တာကြောင့်လဲ အရသာက ကြက်ဥနဲ့သိပ်မတူဘဲပိုပြီးစားလို့ကောင်းနေတာပါ။ Weight တက်မှာစိုးလို့ diet လုပ်နေတယ်….ဥလဲစားချင်ရင်တော့ ကြက်ဥကိုပိုရွေးစားလိုက်ပါ။ဘဲဥကတော့ အဆီနည်းနည်းပိုများပြီး ကယ်လိုရီလဲပိုများလို့ပါ။ (၄) အခုစားနေတဲ့ဥတွေက အကောင်ပေါက်မလာဘူးလား ? ဟုတ်ကဲ့ …မပေါက်ပါဘူးခင်ဗျ။ အခုစားနေတဲ့ ပုံမှန် မွေးမြူရေးကြက်ဥတွေက လေဥလို့ခေါ်တဲ့ unfertilized egg တွေပါ။ ကြက်မ တွေက မိတ်မလိုက်ဘဲနဲ့လဲ ဥတွေသူ့ဘာသာဥပါတယ်။ ဥ အုတဲ့ရာသီတော့ရှိတယ်လို့ဆိုပြီး နေ့တိုင်း ၁လုံးကနေ ၂လုံးလောက် ဥချလေ့ရှိပါတယ်တဲ့။ မွေးမြူရေးခြံက ဥစားကြက်မတွေကို သီးသန့်ထားပြီးContinue reading “သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)”

Design a site like this with WordPress.com
Get started