Control (Part 2)

Part 1 မှာ လူတွေက ကိုယ့်ရဲ့ထင်မြင်ချက်ကို ပေးလိုက်ရလို့ အခြေအနေတစ်ခုအပေါ်မှာကိုယ့်ရဲ့ထိန်းချုပ်မှု (Control) ရှိကြောင်း ထင်သွားကြတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ခုပြောချင်တာကတော့ လူတွေက ရွေးချယ်ရတာကို ကြိုက်တဲ့အကြောင်းပါ။ဒီပစ္စည်းကို ရွေးလိုက်ရခြင်းသည် ကိုယ့်ရဲ့ထိန်းချုပ်မှုနဲ့ ကိုယ်လိုချင်လို့ Voluntarily ရွေးလိုက်တာဖြစ်တယ် ဆိုတာမျိုးပေါ့။ဒီအတွက်ကြောင့် ကိုယ်ရွေးလိုက်တဲ့ ပစ္စည်းက မကောင်းနေရင်တောင် အပြစ်သိပ်မမြင်ဘဲ ရှိတတ်ကြတယ်။ City Mart ကို ခေါင်းလျှော်ရည်ဝယ်ဖို့ သွားတယ်ဆိုပါစို့။အဲ့ဒီမှာ ခေါင်းလျှော်ရည်အမျိုးအစားပေါင်းများစွာရှိတဲ့အပြင် Brand တစ်ခုစီမှာလည်း ဗောက်ပျောက်တာတို့၊ ဆံပင်ကိုပျော့ပြောင်းစေတာတို့၊ ပျက်စီးနေတဲ့ဆံပင် ကောင်းလာစေတာတို့… စတဲ့ ဝိသေသတစ်ခုစီရှိနေတဲ့ ခေါင်းလျှော်ရည်တွေ အများကြီးပဲ။ ဆိုတော့… ရွေးရတော်တော်ခက်တယ်။ (Brand အစွဲမရှိသေးတဲ့ လူတစ်ယောက်အတွက်)ဒါပေမယ့် ရွေးစရာတွေများလွန်းရင် လူတွေက မရွေးတော့ဘဲ လှည့်ပြန်သွားတတ်တယ်။တစ်ခုခုကို ရွေးမိရင်တောင် စိတ်က မပြတ်ဘူး။ ငါမရွေးလိုက်တဲ့Continue reading “Control (Part 2)”

တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)

အိမ်ကအမေတွေ အဖေတွေ အဘိုးဘွားတွေပြောနေကျ စကားတွေထဲမှာ “တောကြက်ဥလေးတွေဝယ်လာတယ်…ပိုအားရှိအောင် လို့ပြောကြတာ” မကြာမကြာ ကြားဖူးမှာပါ။ တောကြက်ဥကို လှမ်းကြည့်လိုက်တော့ ခပ်ညိုညိုနဲ့ ခပ်သေးသေးလေးတွေပေါ့… “သေးသေးလေးတွေက အားရောရှိပါ့မလား” လို့သာ ပြောလိုက်မိရင် “ဟဲ့…နင်ဘာနားလည်လို့လဲ….တောကြက်ဥကစျေးကြီးတယ်….ရှာရခက်တယ်” လို့ ဘောက်ဆက်ဆက်ပြန်ဖြေပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ငြိမ်နေလိုက်ရင်း တောကြက်ဥက တကယ်ပဲပိုအားရှိသလိုလို ဒီလိုပဲ စိတ်ထဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားပြန်ပါတယ်။ ဒီနေ့မှာတော့ စာရေးသူနဲ့အတူ ဥအမျိုးမျိုးအကြောင်း နေ့စဥ်ကြားနေကျစကားတွေ မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။ (၁) တောကြက်ဥက မွေးမြူရေးကြက်ဥထက်ပိုအားရှိသလား? ဒီမေးခွန်းကိုမဖြေခင် အရင်ဆုံး ကြက်ဥအကြောင်းအရင်လေ့လာကြည့်ရအောင် ကြက်ဥအကာမှာ အသားဓာတ် (protein) နဲ့ အဆီ (fat) အနည်းငယ်ပါဝင်ပြီး ဥအနှစ်မှာတော့ အသားဓာတ် (protein), အဆီဓာတ် (fat ရော cholesterol ရော) ပါကာအဆီမှာပျော်ဝင်တဲ့ VitaminContinue reading “တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)”

နွေဦးကပေးသော စိုးရိမ်ကြောင့်ကျမှုများနှင့် ဖြေရှင်းမှုများ (Part 2)

ကျနော်အရှေ့တစ်ခေါက်မှာ မှားယွင်းတဲ့ ဖြေရှင်းနည်းတွေအကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။ (၁) ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း ဟာ တော်တော်များများလည်း ကျင့်သုံးကြသလို တော်တော်လေးထိရောက်ပါတယ်။ တခြားကမ္ဘာတစ်ခုထဲမှာ ခဏနှစ်မြုပ်နေထိုင်ရင်း လက်တွေ့ဘဝက စိတ်မချမ်းမြေ့စရာတွေကို လျော့ကျအောင် လုပ်နိုင်ပါတယ်။ (၂) အားကစား လိုက်စားခြင်း ဟာ ကိုယ်ရော စိတ်ရော ကျန်းမာဖို့ ကြံ့ခိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စိတ်ကို အပန်းဖြေစေသလို သက်လုံကောင်းအောင် ကြံ့ခိုင်အောင် လေ့ကျင့်ထားတာကြောင့် အရေးကြုံလာရင်လည်း အများကြီးအထောက်အကူပေးနိုင်ပါတယ်။ လူတိုင်း ဒီအချိန်မှာ အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း/ပြေးခြင်းတွေကို နေ့တိုင်း ပုံမှန်လုပ်သင့်ပါတယ်။ (၃) ကိုယ့်ရဲ့လုပ်အားကို ကျေနပ်ပါ။ ပြီးရင် ဘာထပ်လုပ်သေးနိုင်သလဲ စဥ်းစားရှာဖွေပါ။ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ သူ့ဘဝနဲ့ သူ့အကြောင်းတရားချည်းပါပဲ။Continue reading “နွေဦးကပေးသော စိုးရိမ်ကြောင့်ကျမှုများနှင့် ဖြေရှင်းမှုများ (Part 2)”

Control (Part 1)

အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် အချက်အလက်တွေ ပြောပြရုံနဲ့မရဘူးဆိုတာ ရှေ့မှာရေးခဲ့ပြီးပါပြီ။မဖတ်ခဲ့ရသေးရင် ဥပမာတစ်ခုပေးပြီး ခပ်တိုတို ပြောပြချင်ပါတယ်။လေယာဉ်စီးရမှာကြောက်တဲ့လူတစ်ယောက်ကို လေယာဉ်ပျက်ကျဖို့ ဖြစ်တန်စွမ်းသည် လမ်းဘေးမှာ လမ်းလျှောက်နေရင်း ကားတိုက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းထက် နည်းတယ်လို့ ပြောလိုက်ရုံနဲ့ သူ့အကြောက်တရားက ပျောက်သွားမှာဟုတ်ပါဘူး။ ဒီလူအဆိုးမြင်တတ်ရန်ကော… လို့ဆိုစရာရှိပါတယ်။လေယာဉ်စီးတိုင်း ပျက်ကျနိုင်တယ် တွေးနေမိလို့ ကြောက်နေတယ်ထင်ရင်တော့ အဲ့ဒီတစ်ခုတည်းတော့ မဟုတ်နိုင်ပါဘူးလို့ ငြင်းရမှာပါ။လေယာဉ်ပေါ်တက်လိုက်တာနဲ့ ကိုယ်ထိန်းချုပ်လို့ရတာ ဘာမှမရှိတော့ပါဘူး။ကိုယ့်အသက်ကို လေယာဉ်မှူးတွေလက်ထဲအပ်လိုက်ရတာပါ။လေယာဉ်ကြီး တုန်ခါသွားရင်တောင် လေ (turbulence) ကြောင့်လား၊ စက်တစ်ခုခုချွတ်ယွင်းလို့လားဆိုတာ မသိနိုင်ပါဘူး။ကိုယ့်ရဲ့ထိန်းချုပ်မှုမရှိတော့တာကို လူမှန်ရင် မကြိုက်ကြတာများပါတယ်။ ဒီပြဿနာကို စိတ်ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကြောင်းပြချင်တဲ့အခါ အစာမစားဘဲနေတာ၊ စားသမျှအစာတွေကို လက်ထိုးအန်တာ စသဖြင့်ဖြစ်လာတတ်ပါတယ်။ကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း (Suicide) ဆိုတာလည်း လောကကြီးမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့အထဲက တစ်မျိုးကို ရွေးချယ်သွားတာဖြစ်တယ်လို့ မြင်ကြည့်လို့ရပါတယ်။ ဆိုတော့…Continue reading “Control (Part 1)”

စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)

Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါ။ The Dark Ages (380,000 years to 150 million years) Atom တွေစဖြစ်တဲ့အချိန်နဲ့ ကြယ်တွေစဖြစ်တဲ့အချိန်ကြားက ကာလကို Dark Ages လို့ခေါ်တာပါ။Photon တွေရှိနေပြီဖြစ်ပေမယ့် အမှောင်ခေတ်လို့ပဲ ခေါ်ကြပါတယ်။ဒီကာလမှာ Cold Dark Matter (Hypothetical Dark Matter) တွေရှိမယ်လို့ဆိုကြတယ်။ လွယ်လွယ်ပြောရရင် Dark Matter တွေက စကြဝဠာကြီး ပြန့်ကားတာကို ပိုပြီးပြန့်ကားအောင် လုပ်ပေးတာပါ။ (Dark Matter အကြောင်းကလည်း Article တစ်ခုစာရေးရမှာမို့ ကျော်လိုက်ပါပြီ) Reionization (150 million years to 1 billion years)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)”

Design a site like this with WordPress.com
Get started