အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်

အာခိလိဆိုတာ ဂရိသူရဲကောင်း တစ်ယောက်ပါ။ မွေးကတည်းက အမေဖြစ်သူရဲ့ ဖနောင့်ကိုင် မြစ်ရေထဲ နှစ်ပေးမှုကြောင့် ဖနောင့်ကလွဲပြီး တစ်ကိုယ်လုံး တုတ်ပြီး ဓားပြီးသူကြီးပေါ့။ နောက်ဆုံးတော့ စစ်ပွဲမှာ ဖနောင့်ကို အဆိပ်လူးမြား မှန်ပြီး သေသွားရပါတယ်။ ဒါကြောင့် ဖနောင့်က အရွတ်တစ်ခုကို Archilles’ Tendon လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ Zeno of Elea ဆိုတဲ့ Elea မြို့က philosopher Zeno ဟာ နာမည်ကြီး ဝိရောဓိတွေကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဝိရောဓိတွေဟာ အခုခေတ်ကနေ ပြန်ကြည့်ရင် အတော့်ကို အူကြောင်ကြောင် နိုင်နေတာကို တွေ့ရပါမယ်။ အာခိလိနဲ့ လိပ်အပြေးပြိုင်တာကိုပဲ ကြည့်ရအောင်ပါ။ အာခိလိနဲ့ လိပ်အပြေးပြိုင်တော့ အာခိလိက သဘောထားကြီးစွာ လိပ်ကို မီတာContinue reading “အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်”

ငါ သူတပါး ယောက်ျား မိန်းမ

ဒါ ဟိုးအရင် မြန်မာရုပ်ရှင် ဇာတ်ကား နာမည်ကို ယူထားတာပါ။ အခုရေးမှာနဲ့ မဆိုင်သလို ဆိုင်သလိုလေး ဖြစ်နေလိုပါ။ ခွဲခြားတယ်ဆိုတာ လူ့သမိုင်းမှာ သိပ်ကို အရေးကြီးတဲ့ အတွေးအခေါ် တိုးတက်မှုမှာ ပါဝင်ခဲ့ပါတယ်။ ရန်သူနဲ့ မိတ်ဆွေ၊ ဆေးနဲ့ အဆိပ်၊ ကောင်းမှုနဲ့ ဆိုးမှု စသဖြင့် အမျိုးမျိုး ခွဲခြားမှုကြောင့် လူ့အဖွဲအစည်း တိုးတက်လာရတာ ဖြစ်ပါတယ်။ ကွဲပြားလို ခွဲခြားတာလား၊ ခွဲခြားလိုက်လို ကွဲပြားတာလားကတော့ အတော်ရှင်းရခက်တဲ့ ဒဿန ပြသနာ တစ်ပုဒ်ပါပဲ။ ခွဲခြား ဆက်ဆံတာ (discrimination) ကလည်း တော်တော့ကို အရေးပါတဲ့ လူ့လုပ်ငန်းစဥ်ပါပဲ။ ဘုရင်နဲ့ အသည်၊ သမ္မတနဲ့ အရပ်သား၊ အုပ်စိုးသူနဲ့ ဖိနှိပ်ခံရသူ စသဖြင့် ခွဲခြားဆက်ဆံနေခဲ့၊ နေကြဆဲ၊ နေကြရဦးမှာပဲ။ ဒါဟာContinue reading “ငါ သူတပါး ယောက်ျား မိန်းမ”

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 3)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာ ဖြစ်ပါသည်။) ယခု တတိယအပိုင်းတွင် ရွေးချယ်ထားသောစာအုပ်သည် ဆရာ့၏ နာမည်ကျော်လူသိများသော ရုပ်ရှင်အဖြစ်လဲ အသက်သွင်းထားသော “မိုးညအိပ်မက်မြူ” ဝတ္ထုပဲဖြစ်ပါတယ်။ ဒီဝတ္ထုလေးမှာ လူတို့ရဲ့ စိတ်များ ဆန်းကြယ်လှပုံ ၊ စိတ်ကိုရင့်ကျက်တည်ငြိမ်အောင် မွေးမြူရာတွင် ငယ်ငယ်ကတည်းက မိဘမေတ္တာအပြည့်အဝရရှိခိုလှုံမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်မျိုးရရှိမည်ဖြစ်ကြောင်း အထင်ရှားဆုံးတွေ့ရပါသည်။ ဒီဇာတ်လမ်းထဲမှာ စိတ်ရောဂါပညာရှင်ဆရာမလေး မသက်ရီဟာ သူ့မိတ်ဆွေ တယောက်ကြုံတွေ့နေရတဲ့ မိသားစုပြဿနာတခုကို ဖြေရှင်းပေးဖို့ ဖိတ်ခေါ်ခံရပါတယ်။ မသက်ရီရဲ့ မိတ်ဆွေအိမ်မှာ တည်းခိုနေစဥ် ထူးခြားသောလူတယောက်နဲ့ တွေ့ဆုံရပါတယ်။ သူ့နာမည်က မောင်ညိုမှိုင်းတဲ့။ ပိုထူးခြားတာက သူတို့၂ဦးဟာ အရင်က တခါမှမတွေ့ဖူးပေမယ့် မောင်ညိုမှိုင်းကContinue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 3)”

Fan, Fandom နဲ့ စိတ်ပညာ အယူအဆ

Fan ဆိုတာ ပရိသတ်လို့ပဲ ဆိုကြပါစို့။ ပန်ကာ မဟုတ်ဘူးနော်။Fandom ဆိုတာ တူညီတဲ့ အကြောင်းအရာ တစ်ခုအောက်မှာ စုစည်းထားတဲ့ Fan တွေကို ခေါ်တာပါပဲ။ Fan ပဲဖြစ်ဖြစ် Fandom ပဲ ဖြစ်ဖြစ် လူတွေကိုပဲ အခြေပြုပြီး ဖြစ်လာတာ ဖြစ်လို့ လူတွေရဲ့ မူလဇာစ်မြစ်ကိုပဲ ပြန်ပြီး လေ့လာရပါတယ်။ Decartes ဆိုတဲ့ philosopher တစ်ယောက်က လူမှာ ရုပ်နဲ့ နာမ်ရှိတယ်လို့ ပြောပါတယ်။ Cartesian Dualism ဆိုပြီး နာမည်ကြီးပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာနဲ့ စိတ်ကို အခြားတစ်နည်းနဲ့ ဖော်ပြတာမျိုးပါ။ စိတ်ဆိုတာ အတွေးနဲ့ ခံစားချက် နှစ်မျိုးပေါင်း ထားတာလို့လည်း ရေးခဲ့ဖူးပါတယ်။ ဒီအတွေးတွေ နဲ့ ခံစားချက်ဟာ လူရဲ့ သိစိတ်Continue reading “Fan, Fandom နဲ့ စိတ်ပညာ အယူအဆ”

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 2)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။) ဒုတိယပိုင်းမှာရွေးချယ်ထားတဲ့ စာအုပ်ကတော့ ဆရာရဲ့လက်ရာကောင်းတပုဒ်ဖြစ်သော“သာ၍ဝေးရာဆီကိုပါ” ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဇာတ်ကောင်က ရထားစီးပြီး တကိုယ်ထဲ ခြေဦးတည့်ရာ ခရီးထွက်လာခဲ့တယ်။ သူ့မှာသွားစရာ နေစရာမရှိလို့ ရောက်တတ်ရာရာသွားနေရင်း ဒေသတခုကိုရောက်လာပြီး ထမင်းစားဖို့မရှိလို့ နယ်ခံတချို့က ထမင်းကျွေးရာက ရင်းနှီးသွားခဲ့တယ်။ သူ့ကိုနာမည်မေးတော့လဲ မဖြေနိုင်။ ဘယ်ကလာသလဲဆိုတော့လဲ သံသရာခရီးသွားတဦးပါတဲ့။ အရပ်ထဲကလူတွေက သူ့ကို “ကိုသာဓု” လို့နာမည်ပေးရင်း အရူးတယောက်ရောက်လာတယ်လို့ပဲ တွေးကြတယ်။ ကိုသာဓုဆိုတဲ့ လူနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါ ပညာတတ်ပုံစံပေါက်နေပြီး ဘာလို့ဒီဒေသကိုရောက်လာလဲဆိုတာ ပုစ္ဆာတပုဒ်လိုဖြစ်နေပါတော့တယ်။ အထူးသဖြင့် သူ့ကိုတွေ့စက ဝတ်ထားတဲ့ အင်္ကျီက မြို့နေလူတန်းစားဝတ် အကောင်းစား တက်ထရွန်စဖြစ်နေခြင်း ၊ကော်လာကContinue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များအကြောင်း (Part 2)”

Design a site like this with WordPress.com
Get started