ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကို ဟောကြားခဲ့သလား။

ခုလိုခေါင်းစဉ်မျိုးကိုရေးရတာ ကြိုးတန်းလမ်းလျှောက်ရသလိုပါပဲ။ ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အတွက် ကျွန်တော်ရေးသားရခြင်းဖြစ်ပါတယ်။စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။ တာဝတိံသာနတ်ပြည်မှာရှိတဲ့နတ်သားတစ်ပါးဟာ ရံရွှေတော်နတ်သမီးတစ်ထောင်နဲ့ ဥယျာဉ်ထဲမှာပျော်ပါးနေတယ်။အဲ့ထဲက နတ်သမီးတစ်ပါးဟာ နတ်သက်ကြွေပြီး လူ့ပြည်မှာလူဖြစ်သွားတယ်။လူ့ပြည်မှာ အိမ်ထောင်ပြုပြီး ကလေး ၅ယောက်တောင်ရခဲ့တယ်။အဲ့ဒီအမျိုးသမီးသေတဲ့အခါ နတ်ပြန်ဖြစ်သွားပြီး နတ်ပြည်ပြန်ရောက်သွားတယ်။အဲ့ဒီအချိန်မှာ နတ်သားက “စောစောက သင်ဘယ်ရောက်နေသလဲ” လို့မေးတယ်။ကျမ်းဂန်တွေအရဆို တာဝတိံသာတစ်ရက်ဟာ လူ့ပြည်ရဲ့ နှစ် ၁၀၀ နဲ့ညီတယ်လို့ဆိုတယ်။ဘုရားက လူ့ပြည်မှာ ဝါတွင်း ၃လပတ်လုံး အဘိဓမ္မာတရားဟောကြားခဲ့ပေမယ့် နတ်ပြည်မှာတော့ ၄မိနစ်ပဲကြာခဲ့တယ်။(ဒီအချက်တွေကို ဘုရားက အမှန်တကယ်ဟောကြားခဲ့လားဆိုတာကတော့ ကျွန်တော့အနေနဲ့မသေချာပါ) ခုလို အချိန်တွေမတူညီရခြင်းကို Einstein ရဲ့ Relativity Theory နဲ့နည်းနည်းလောက်ရှင်းပြချင်ပါတယ်။(General နဲ့ Special ဆိုပြီး ၂ခုရှိပါတယ်၊ General ကိုအရင်ရှင်းမှ Special ကိုနားလည်ပြီး ဘုရားဟောနဲ့ချိတ်ဆက်လို့ရမှာပါ) ရွှေ့လျားနေတဲ့Continue reading “ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကို ဟောကြားခဲ့သလား။”

ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များ အကြောင်း (Part 1)

(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။) မြန်မာရသစာပေ စာရေးဆရာများထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် သြဇာကြီးမားပြီး ဆရာ့စာအုပ်စာပေများသည် ယနေ့တိုင် စာဖတ်သူမျိုးဆက်သစ်များကို ရသမျိုးစုံ ပေးစွမ်းလျက်ရှိပါသည်။ ဆရာဇာတ်ကောင်များမှာ အခြားစာအုပ်များတွင် တွေ့ခဲလှသော psychiatric disorder များရှိတတ်ကြပြီး စိတ်၏ နက်နဲရှုပ်ထွေး ဆန်းကြယ်လှပုံကို ဆရာ့ဝတ္ထုများတွင် ရှာတွေ့နိုင်ပါသည်။ စာရေးသူအနေနဲ့ ဆရာ့ဝတ္ထုများစွာထဲက ထူးခြားသော စိတ်ဝေဒနာများပါရှိနေတဲ့ စာအုပ်များကို အမြည်းသဘော ထုတ်နုတ်တင်ပြပေးသွားပါမယ်။(Spoiler Alert ပါ။ မဖတ်ဖူးသေးသူများအနေနဲ့ အရင်ဆုံးရှာဖွေဖတ်ရူပြီးမှသာ ဤ post ကိုလာဖတ်သင့်ပါတယ်။ အမြည်းလေ့လာပြီး စိတ်ဝင်စားမှဖတ်ချင်သူများကတော့ အောက်မှာဆက်လက်ဖတ်ရူပေးနိုင်ပါသည်။) ပထမဆုံး ရွေးထားတဲ့ ဝတ္ထုကတော့ ဆရာရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ “နွေကန္တာဦး”Continue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များ အကြောင်း (Part 1)”

အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း

Sloth ဆိုတာနဲ့ ဘာကောင်လေးလဲဆိုတာ မျက်စိထဲမှာပေါ်လာကြမယ်ထင်ပါတယ်။မမှတ်မိတော့တဲ့သူတွေအတွက် အစဖော်ပေးရမယ်ဆိုရင် Zootopia ဇာတ်လမ်းထဲက အရမ်းကိုနှေးကွေးတဲ့ ရုံးစာရေးကိုပြောချင်တာပါ။အဲ့ဒီ Scene လေးက တော်တော်ကို Memorable ဖြစ်၊ ရယ်လည်းရယ်ရတဲ့အတွက် Sloth ဆိုတာ ဘာကောင်လေးလဲ လူတွေစိတ်ဝင်စားသွားကြပါတယ်။တကယ့်လက်တွေ့ဘဝမှာလည်း ဒီကောင်လေးတွေက တော်တော်ကြီးကို နှေးကွေးကြပါတယ်။သူတို့ဘာလို့ ဒီလောက်နှေးကွေးနေရလဲ အပါအဝင် သူတို့ရဲ့အကြောင်းစုံကို ပြောပြချင်ပါတယ်။ Sloth ကို ဘာသာပြန်ရင် ငပျင်းလို့ အဓိပ္ပါယ်ရပါတယ်။ Sloth တွေဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅သန်း-၆ဝသန်း ကတည်းက ကမ္ဘာမှာရှိနေကြပါပြီ။အဲ့တုန်းကရှိခဲ့တဲ့ Sloth တွေဟာ အကြီးကြီးတွေပါ။ Giant Sloth လို့ခေါ်ပါတယ်။ ၆တန်လောက်လေးတဲ့အကောင်ကြီးတွေတောင် ရှိခဲ့ပါတယ်။ (ဆင်လောက်ကြီးတဲ့ အကောင်တွေဆိုတော့ တော်တော်ကိုချစ်စရာကောင်းမှာပါ)သူတို့က သစ်ပင်တွေပေါ်တက်ပြီး အသီးတွေ၊ အရွက်တွေစားကြတဲ့အပြင် မြက်တွေကိုလည်းစားကြပါတယ်။ ပညာရှင်တွေကတော့ Giant SlothContinue reading “အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း”

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ယောကျာ်းတို့ကို ဝေဖန်အကြံပေးရာတွင် မိန်းမတို့ ဂရုပြုသင့်များရှိသည်။အများအားဖြင့် ဝေဖန်အကြံပေးခြင်းကို ယောကျာ်းတို့မကြိုက်တတ်ကြပါ။အဲ့ဒီလိုဆို ဖိနပ်ရှပ်တိုက်စီးနေတာကိုမပြောရတော့ဘူးလား၊ ထမင်းစားရင် ပလုတ်ပလောင်းစားပြီး အသံတွေမြည်နေတာကိုရော မဝေဖန်ရတော့ဘူးလားလို့ မေးစရာရှိလာသည်။ အကြံမတောင်းဘဲနဲ့မပေးပါနဲ့၊ ထင်မြင်ချက်တွေမတောင်းဘဲနဲ့ မပေးပါနဲ့၊ အရမ်းအရမ်းမဝေဖန်ပါနဲ့ လို့ ခပ်လွယ်လွယ်ပြောရမည်ဖြစ်သည်။အရှိအတိုင်း လက်ခံပေးနိုင်အောင်ကြိုးစားသင့်သည်။ယောကျာ်းတို့လိုချင်တာ သူတို့ရဲ့မကောင်းခြင်းတွေကို လက်ချာရိုက်နေတာမဟုတ်၊ နားလည်လက်ခံပေးခြင်းဖြစ်သည်။ ကိုယ့်ကို နားလည်လက်ခံပေးနေပြီလို့ ခံစားရရင် ဘယ်အချက်ကိုမကြိုက်ဖူးလဲဆိုတာ ထုတ်ပြီးမေးလာတတ်ကြသည်။ (မကြိုက်တာကို ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုလိုချင်တာမဟုတ်ပါ) အဲ့လိုမဟုတ်ဘဲ ပြောင်းလဲဖို့အတင်း တွန်းအာပေးခံရတဲ့အခါ မိန်းမဆီက အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)”

Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ) Asymmetric Key Encryption အကြောင်းဆက်ရေးပါမယ်။ Asymmetric ဆိုတဲ့သဘောက အချက်အလက်တွေကို encrypt လုပ်တဲ့ key က တစ်ခု decrypt လုပ်တဲ့ key က တစ်ခု (အရှင်းဆုံးအခြေအနေမှာ ဆိုရင်တော့) key ၂ ခု ရှိပါမယ်။ Key A နဲ့ Key B လို့ ကျနော်ပြောပါ့မယ်။အပေါ်က ဥပမာလေးကိုပဲ ပြန်ယူပြပါ့မယ် ဒီနေရာမှာ ထူးခြားချက်က KeyA နဲ့ encrypt လုပ်ထားတဲ့ ဟာကို KeyA က ပြန် decrypt လုပ်လို့မရပါဘူး။ KeyB ကပဲလုပ်လို့ရပါတယ်။ ဒီလိုပဲ KeyB နဲ့ encrypt လုပ်ထားတာကိုလည်း KeyAContinue reading “Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 2)”

Design a site like this with WordPress.com
Get started