Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 1)

ကျတော်တို့ အသုံးပြုနေတဲ့ Phone တွေ၊ Laptop တွေ အားလုံး internet ကို ချိတ်ဆက်အသုံးပြုကြပြီ ဆိုရင် Device တစ်ခုနဲ့ တစ်ခု Data တွေ ရယူကြတာ ပေးပို့ကြတာဟာ အခြေခံပဲ ဖြစ်ပါတယ်။ အဲ့လို Data တွေကို ပေးပို့တဲ့ အခါ မိမိပို့တဲ့ အချက်အလက်တွေကို ဖြစ်စေ လက်ခံတဲ့ အရာတွေကိုဖြစ်စေ မသိစေလိုတဲ့သူမသိနိုင်ဖို့ လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ထားရပါတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ HTTPS လို့အများကြားဖူးကြမယ့် နည်းပညာကို အသုံးပြုပြီး အင်တာနက်မှာ ဆက်သွယ်ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီနည်းပညာက ချက်ချင်းကြီး ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။ ရှေ့မှာ အခက်အခဲမျိုးစုံ အဆင့်မျိုးစုံ ဖြတ်သန်းပြီးမှ ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ယနေ့ခေတ် internetContinue reading “Public Key Cryptography နှင့် Internet ပေါ်တွင် လျို့ဝှက်စွာ ဆက်သွယ်ခြင်း နည်းနာများ (Part 1)”

အမိန့်နာခံခြင်း (Part 2)

(Part 1 ကိုဖတ်ပြီးမှ ဒါကိုဖတ်ပါ) ရှည်ရှည်ဝေးဝေး နိဒါန်းချီမနေတော့ဘဲ အရမ်းနာမည်ကြီးခဲ့တဲ့ စမ်းသပ်မှုတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။Part 1 က စမ်းသပ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေက စကားပြောပါတယ်။စမ်းသပ်မှုလုပ်နေတယ်ဆိုတာကို Volunteer တွေက ခံစားမိနေသေးတယ်။ အခုတစ်ခေါက်မှာတော့ အကျဉ်းသားနဲ့ ထောင်အာဏာပိုင်တွေဆိုပြီး စမ်းသပ်တာဖြစ်ပါတယ်။တကယ့်အကျဉ်းထောင်မှာ စမ်းသပ်တာမျိုးတော့မဟုတ်ပါဘူး။Stanford University မှာပဲ ထောင်ပုံစံလုပ်ပြီး စမ်းသပ်တာဖြစ်တယ်။Stanford Prison Experiment ဆိုပြီး Psychology စာအုပ်တော်တော်များများမှာ ထည့်ရေးထားတတ်ကြပါတယ်။ ခုတစ်ခေါက်မှာတော့ အကျဉ်းသားတွေရော၊ ထောင်အာဏာပိုင်တွေရောက Volunteer တွေပါ။ စမ်းသပ်တဲ့စိတ်ပညာရှင်ကတော့ ထောင်မှူးအနေနဲ့ တာဝန်ယူပါတယ်။ထောင်ပုံစံဖြစ်တဲ့အတွက် အကျဉ်းသားတွေချုပ်ထားမယ့် အချုပ်ခန်းလည်း ရှိပါတယ်။စမ်းသပ်မှုကာလကို နှစ်ပတ်သတ်မှတ်ထားခဲ့ပေမယ့် အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာလို့ ၆ ရက်နဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။ အကျဉ်းသားလား၊ ထောင်အာဏာပိုင်လားဆိုတာကို ခေါင်း၊ ပန်းလှန်ပြီး လွယ်လွယ်နဲ့ ဆုံးဖြတ်ရွေးချယ်ပါတယ်။Continue reading “အမိန့်နာခံခြင်း (Part 2)”

အမိန့်နာခံခြင်း (Part 1)

စာဖတ်သူကို ကိုယ်မလုပ်ချင်တာ အတင်းလာလုပ်ခိုင်းရင် နာခံမလား။ဘာလို့နာခံရမှာလဲလို့ ပြန်ပြောမယ့်သူချည်းပါပဲ။ခိုးဆိုးလုနှိုက်၊ သတ်ဖြတ်တာတွေကိုရော လုပ်မလားဆိုရင် ဝေလာဝေးလို့ ပြောကြမှာပါ။ဒါပေမယ့် အမိန့်တစ်ခုပေးလိုက်တဲ့အခါမှာတော့ ဒါတွေကိုစိတ်ပါလက်ပါ လုပ်ကြပါတော့တယ်။ဥပမာရှည်ရှည်ဝေးဝေးပေးနေစရာ မလိုဘူး၊ ဘယ်သူတွေလဲဆိုတာမြင်ကြမယ်ထင်ပါတယ်။နောက်ဥပမာ တစ်ခုအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေ သန်းပေါင်းများစွာကို သတ်ခဲ့တဲ့ နာဇီတွေကိုပြရမှာပါ။ဒီလောက်ထိ ရက်ရက်စက်စက် သတ်နိုင်ဖို့ဆိုတာ လူတစ်ယောက်တည်း အမိန့်နာခံခြင်းထက် အဖွဲ့အစည်းတစ်ခုလုံးက အမိန့်နာခံမှပဲရမှာပါ။ အမိန့်နာခံမှုဆိုတာ မရှိခဲ့ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ အရင်ခေတ် အတွေးအခေါ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။ဘယ်လောက်ထိပြောခဲ့ကြလဲဆိုရင် အထက်က မကောင်းတာတစ်ခုခု လုပ်ခိုင်းရင်တောင်မှ အမိန့်ဖီဆန် အာခံခြင်းထက် ခိုင်းတာလုပ်လိုက်တာ ပိုကောင်းတယ်လို့ဆိုတယ်။အဲ့ဒီအတွက် ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ပြုလုပ်သူမဟုတ်ဘဲ ခိုင်းတဲ့သူမှာပဲ တာဝန်ရှိတယ်လို့ Thomas Hobbes ကဆိုခဲ့တယ်။(ဒီနေရာမှာပြောချင်တာက လူတွေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပြုမူဖို့ နှောင့်နှေးနေခြင်းသည် နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ဖြစ်တယ်၊ ဒီအချက်ကို ဖယ်ပေးလိုက်တဲ့အခါမှာတော့ ခိုင်းတာလုပ်ဖို့ ဝန်မလေးကြတော့ပါ)Continue reading “အမိန့်နာခံခြင်း (Part 1)”

Personality disorder အကြောင်းပြောကြရာဝယ် (Part 6)

(Part 1 to 5 ဖတ်ပြီးမှသာ ယခုအပိုင်းကိုဖတ်သင့်ပါတယ်။) ဒီနောက်ဆုံးအပိုင်းမှာတော့ Personality disorder ထဲက Cluster C အုပ်စု “Worried” အကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာပါတဲ့သူတွေက စိုးရိမ်ပူပန်စိတ်များပြီးအကြောက်လွန်တတ်လို့ Anxiety disorder နဲ့တွဲနေတတ်ပါတယ်။ Avoidant personality disorder Dependent personality disorder Obsessive – Compulsive personality disorder တို့ပဲဖြစ်ပါတယ်။ ပထမဆုံး Avoidant personality disorder ကတော့ အကြောက်လွန်သူများပါ။ လူအများကြား အရှက်ခွဲခံရမှာ၊ အငြင်းခံရမှာကို သေမလောက်ကြောက်ပြီး လူတွေနဲ့ခင်ချင်ပါရက်နဲ့ မပေါင်းသင်းရဲကြပါဘူး။ ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ မပြည့်စုံမှုတွေများတယ်လို့တွေးပြီး အားငယ်သိမ်ငယ်စိတ်ဝင်နေကြပါတယ်။ (full of insecurities) လူအများနဲ့ ရင်းနှီးလို ခင်မင်လိုပြီးRelationshipContinue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 6)”

ငါးပူတင်းအဆိပ်နဲ့ သေဟန်ဆောင်ကြသူများ

ငါးပူတင်းကို စာဖတ်သူ မြင်ဖူးမှာပါ။Puffer fish လို့ခေါ်တဲ့ ငါးပူတင်းဟာ အသားစားငါးတမျိုးဖြစ်ပြီး အပူပိုင်းနဲ့ သမပိုင်းဇုန်တွေမှာရှိတဲ့ ရေငန်မှာအဓိကနေထိုင်ပြီး အချို့ကို ရေချိုမှာလဲတွေ့ရတတ်ပါတယ်။ ငါးပူတင်းက သွားလာတဲ့အခါနှေးကွေးတဲ့အတွက် အခြားသောငါးများ အသားစားတိရစ္ဆာန်များ အစားမခံရစေဖို့ အကာအကွယ်လက်နက်တွေပါဝင်ပါတယ်။ ပထမတခုက သူ့မှာရှိတဲ့ အစာအိမ်က extremely elastic ဖြစ်လို့ ရန်သူတွေရောက်လာတဲ့အခါ ရေတွေ(လေအနည်းငယ်) အများကြီးကိုမျိုချလိုက်ပြီး အစာအိမ်ကိုဖြည့်လိုက်ကာ ရုတ်တရက်ဖောင်းကားသွားပါတယ်။ တကိုယ်လုံးဖောင်းတင်းသွားတဲ့အခါ ရန်သူကတိုက်ခိုက်ရခက်သွားတဲ့အပြင် ကိုယ်ပေါ်မှာအစူးချွန်သေးသေးလေးတွေလဲပါလို့ ရန်သူအနားကပ်မရအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲ့လိုလုပ်နိုင်တဲ့အပြင် သူ့မှာ အဆိပ်တမျိုးလဲရှိပါသေးတယ်။အဲ့အဆိပ်ကို TTX (tetrodotoxin) လို့ခေါ်ပြီး ငါးပူတင်းရဲ့ အသည်း (liver) ၊ သားဥအိမ် (ovaries) တွေမှာ အများဆုံးရှိပြီး အူ (intestine) နဲ့ အရေခွံ (skin)ပေါ်မှာလဲရှိပါတယ်။ TTX ဆိုတဲ့အဆိပ်ကContinue reading “ငါးပူတင်းအဆိပ်နဲ့ သေဟန်ဆောင်ကြသူများ”

Design a site like this with WordPress.com
Get started