ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ

ဒီနေ့ခေတ်မှာ လိင်မှုကိစ္စပြုဖို့ဖြစ်ဖြစ် ပြုပြီးရင်ဖြစ်ဖြစ် ကိုယ်ဝန်ကာကွယ်ဖို့ပဲလိုလို ရောဂါကာကွယ်ဖို့ပဲလိုလို သန္ဓေတားပစ္စည်းတွေ ဆေးဝါးတွေကို အလွယ်တကူရှာလို့ရလာပါပြီ။ ဒါပေမယ့် ရှေးခေတ်လူ့အဖွဲ့အစည်းမှာတော့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ရှာပါဘူး။ ရှာရှာဖွေဖွေလုပ်တတ်တဲ့ လူ့ဗီဇပီပီ သမိုင်းထဲကလူသားတွေဟာလည်း ဖိုမကိစ္စရဲ့ရလဒ်ဖြစ်တဲ့ သ‌န္ဓေတည်ခြင်းကိုကာကွယ်ဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြ အသုံးပြုခဲ့ကြပါတယ်။ လူသားတွေ သားဆက်ခြားဖို့ကြိုးစားခဲ့ကြတဲ့ ပထမဆုံးမှတ်တမ်းတွေကို BC 1800 ဝန်းကျင် မက်ဆိုပိုတေးမီးယားနဲ့ အာဖရိက၊ အီဂျစ်၊ ဂရိ ဒေသတစ်ဝိုက်မှာ ပညာရှင်တွေကတွေ့ခဲ့ကြပါတယ်။ သူတို့ဘာတွေလုပ်ခဲ့ကြသလဲ? ၁။ ဖျက်ချမယ်သူတို့လည်းကျွန်တော်တို့ဒီနေ့ခေတ်လို တွေးခဲ့ကြပုံပါပဲ။ အများဆုံးအသုံးပြုခဲ့တဲ့နည်းကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းပါ။ ဘုရင့်တော်ဝင်‌ နန်းတော်ကစလို့ ကျေးကျွန်တွေအထိ မလိုချင်တဲ့ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချခဲ့တာပါပဲ။ ဒီနေ့လို ဆေးပညာတိုးတက်တဲ့ကာလမှာတောင် တရားမဝင်ဖျက်ချမှုတွေ၊ မသန့်ရှင်းမကျွမ်းကျင်မှုနဲ့ အခြားအကြောင်းအရင်းမျိုးစုံနဲ့ ကလေးဖျက်ချတာတွေကြောင့် မိခင်နဲ့မွေးကင်းစကလေးသေနှုန်းမြင့်တက်နေသေးတယ်ဆိုရင် အဲ့ဒီခေတ် အဲ့ဒီကာလမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် သန်းနဲ့ချီတဲ့အမျိုးသမီးတွေသေဆုံးခဲ့မယ်ဆိုတာ အသေအချာပါပဲ။Continue reading “ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ”

Personality disorder အကြောင်းပြောကြရာဝယ် (Part 5)

(Part 1,2,3,4 ဖတ်ပြီးမှ ယခု Part 5ကိုဖတ်သင့်ပါသည်။) ဒီတခါမှာတော့ Personality disorder ထဲက Cluster B အုပ်စုအကြောင်းဆက်လက်ပြောပြသွားပါမယ်။ Cluster B က စိတ်ခံစားချက်ပြင်းသူ “Wild” typeဖြစ်ပြီး drama ဆန်ဆန် အပြောင်းလဲမြန်ပြီး ခန့်မှန်းရခက်သူတွေဖြစ်သူတွေဖြစ်ပါတယ်။ ဆေးလိပ်အရက် မူးယစ်ဆေးဝါးတို့ကို တလွဲသုံးနိုင်ချေမြင့်မားပြီး mood disorder များနဲ့လဲ တခါတရံ တွဲနေတတ်ပါတယ်။ ပါဝင်တဲ့ အမျိုးအစားများကတော့ Antisocial personality disorder Borderline personality disorder Histrionic personality disorder Narcissistic personality disorder တို့ဖြစ်ပါတယ်။ Antisocial personality disorder ကတော့အကြမ်းဖက်သမားဆန်သူများဖြစ်ပါတယ်။ ပတ်ဝန်းကျင်တွေ လောကဝတ်တွေလဲ ဂရုမစိုက်ဘဲAggressive ဖြစ်သူ ကိုယ်နူတ်အမူရာကြမ်းတမ်းသူဖြစ်ပါတယ်။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 5)”

Supersonic Speed မိတ်ဆက်

စာဖတ်သူတို့ ဘယ်လောက်မြန်မြန်ခရီးသွားဖူးပါသလဲ? တိုက်လေယာဉ်မှူးတွေနဲ့ အာကာသယာဉ်မှူးတွေကတော့ အရမ်းမြန်တဲ့အမြန်နှုန်းတွေနဲ့ ရင်းနှီးကြပါတယ်။ အသံထက်မြန်တဲ့အမြန်နှုန်း (Supersonic Speed) ကို မက်ခ်တန်ဖိုး (Mach) နဲ့ တိုင်းတာကြပါတယ်။ တိုက်လေယာဉ်တွေ ပျံသန်းတဲ့အခါ တစ်ခါတစ်လေ ဗုံးပေါက်သလို အသံအကျယ်ကြီးကိုကြားဖူးကြမှာပါ။ မကြားဖူးလဲစိတ်မပူပါနဲ့ ‘sonic boom‘ လို့ Youtube မှာရှာကြည့်လိုက်ပါ။ အဲ့ဒီအသံဟာ လေယာဉ်ရဲ့အမြန်နှုန်းက အသံအကန့်အသတ် (Sound barrier) ကို ကျော်သွားလို့ မြည်တဲ့အသံဖြစ်ပါတယ်။ လေယာဉ်တစ်စီး လေထဲမှာဖြတ်သွားတဲ့အခါ အရှေ့မှာရှိတဲ့ လေမော်လီကျူးတွေကို တွန်းသွားရပါတယ်။ ဒီလေယာဉ် ကနေထွက်လာတဲ့အသံကလဲ လှိုင်းပုံသဏ္ဍာန် ဘက်ပေါင်းစုံကိုဖြာထွက်နေပါတယ်။ လေယာဉ်ရဲ့အရှိန် မြန်လာတာနဲ့အမျှ အရှေ့က လေမော်လီကျူးတွေ အသံလှိုင်းတွေဟာ အဖိသိပ်ခံရပြီး လှိုင်းတစ်ခုနဲ့တစ်ခုကြားနေရာတွေသိပ်သည်းလာပါတယ်။ လေယာဉ်ဟာ အသံလှိုင်းရဲ့အမြန်နှုန်းကို ရောက်တဲ့အခါမှာ ဖိသိပ်ခံရတဲ့လှိုင်းတွေဟာ ပေါင်းသွားပြီး shockContinue reading “Supersonic Speed မိတ်ဆက်”

အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment

(ဤစာတွင် စိတ်ပေါ့သွပ်သူ စိတ်ဝေဒနာရှင်များကို စော်ကားလို၍ အရူးဟုသုံးနှုန်းခြင်းမဟုတ်ဘဲ ဖတ်ရူရရှင်းလင်းပြီး စကားလုံးမဖောင်းပွစေလိုသောကြောင့်သာဖြစ်ပါသည်။ အသုံးနှုန်းရိုင်းပျမှုအတွက် သည်းခံနားလည်ပေးစေလိုပါသည်။) သင်က လူကောင်းတယောက်လား။ ဒါမှမဟုတ် ရူးနေသူလား။ ဘယ်သူဆိုရင်တော့ အရူး ၊ ဘယ်သူဆိုရင်တော့ အရူးမဟုတ်ဘူးဆိုတာ တကယ်ရော ဂဃနဏကွဲပြားရဲ့လား။ လူကောင်းတွေကရော အရူးနဲ့မတူနေဘူးလား။အရူးတွေကရော လူကောင်းတွေလို ပြုမူတာတွေ့ဖူးကြမှာပါ။ ဒါဆို စိတ်မနှံ့ခြင်း ၊ ရူးသွပ်ခြင်း (Insanity) နဲ့စိတ်ကျန်းမာခြင်း (Sanity) ကို ဆရာဝန်တွေ စိတ်ရောဂါကုဆေးပညာရှင်တွေ တကယ်ရောကွဲကွဲပြားပြား ခွဲခြားနိုင်ရဲ့လား။ ၁၉၇၃ ခုနစ်မှာ Stanford University ရဲ့ Professor David Rosenhan က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ သူသိချင်တာက တခုပဲရှိပါတယ်။ အရူးတယောက်နဲ့ လူကောင်းတယောက်ကို စိတ်ရောဂါကုဆရာဝန်တွေ ခွဲခြားနိုင်ရဲ့လားတဲ့။ ဆရာဝန်တွေကမှ မခွဲခြားပေးနိုင်ရင် ရူးခြင်းContinue reading “အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment”

ယုံကြည်ခြင်းများကို ချေဖျက်ခြင်း

ဘဝမှာ မငြင်းခုန်ဘူးတဲ့သူမရှိလောက်ပါဘူး။ငြင်းကြခုန်ကြရင်း ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြတာလည်း မြင်ဖူးကြမှာပါ။လူတွေမှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေနဲ့ဆိုတော့ အချင်းချင်းတန်းညှိဖို့၊ ကိုယ်မြင်သလို သူလည်းမြင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ဒါပေမယ့် ကျွန်တော်တို့တွေ ဆက်ပြီးငြင်းခုန်နေကြဆဲပါ။ ငြင်းခုန်တဲ့အခါ ဘာတွေနဲ့ ကိုင်ပေါက်ကြသလဲ။Data တွေနဲ့ပဲကိုင်ပေါက်ငြင်းခုန်ကြတာ များပါတယ်။ စကားရည်လုပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောခဲ့လို့၊ ဘယ် Research မှာတော့ ဘယ်လိုရေးထားလို့ဆိုပြီး မိမိရဲ့အမြင်ဟာခိုင်မာကြောင်း၊ တစ်ဖက်လူရဲ့အမြင်ဟာ မှားကြောင်း ငြင်းခုန်ကြတယ်။ ဆိုတော့… ကိုယ့်ရဲ့အမြင်ဟာ တကယ်ခိုင်မာတာဟုတ်ရဲ့လား။Data တွေအရမ်းပေါများလာတဲ့ခေတ်ကြီးမှာ သိချင်တာကို Google လိုက်ရုံနဲ့ရနေပြီဆိုတော့ ကိုယ့်ရဲ့အမြင်ကို ထောက်ခံပေးတဲ့ အရေးအသားတွေကိုပဲ ဖတ်မိနေတာရောမဖြစ်နိုင်ဘူးလား။ ဥပမာပြရရင် Flat Earthers (ကမ္ဘာပြားတယ်ထင်သူများ) တွေကိုကြည့်ပါ။သူတို့ကို ကမ္ဘာကလုံးပါတယ်လို့ Convince လုပ်နိုင်တဲ့သူမရှိသေးပါ။ဒီလောက် Information တွေ တောင်လိုပုံနေတဲ့ခေတ်ကြီးမှာ ဒီကောင်တွေ အContinue reading “ယုံကြည်ခြင်းများကို ချေဖျက်ခြင်း”

Design a site like this with WordPress.com
Get started