အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ

သင်ဟာ အစပ်ကြိုက်တတ်သူအစပ်လေးပါမှ ထမင်းစားတတ်သူဆိုရင် ဒီ post ဟာသင့်အတွက်ပါ။ သင်ဟာ အစပ်မကြိုက်တတ်သူဆိုရင်လဲစပ်တာတခုခုစားမိတိုင်း ရေသောက်မိနေတယ်ဆို ဒီ post က သင့်အတွက်လဲဖြစ်သွားနိုင်ပါတယ်။ သင့်လိုပဲ အစပ်ကြိုက်တဲ့သူတွေ တကမ္ဘာလုံးမှာ သန်းနဲ့ချီရှိပါတယ်။ အရှေ့တောင်အာရှမှာဆို ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား တို့အပြင် တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အနောက်ဥရောပနိုင်ငံများ နဲ့ အမေရိကန်နိုင်ငံ ၊အာဖရိက စတဲ့ နိုင်ငံတွေမှာပါChili heads များ Chili crazy များကိုတွေ့နိုငိပါတယ်။ ထူးဆန်းတာက လူသားတွေရဲ့ လျှာမှာ အစပ်အရသာကို အာရုံခံတဲ့ အာရုံခံဖု (taste receptor) မပါပါဘူး။ လူသားတွေရဲ့ လျှာမှာ တွေ့ရတဲ့ အာရုံခံအဖုတွေကအချိုအရသာ (sweetContinue reading “အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ”

Quantum Tunneling (Quantum Mechanics Part 8)

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင်တစ်ဆိုင်တွေ့ရင် ဘာလုပ်မလဲ။ (ဒါ… လူတိုင်းကြုံနေကြကိစ္စ)တည့်ဝင်တိုးပြီး ရန်ဖြစ်မလား၊ လမ်းပေါ်ကိုဆင်းရှောင်မလား။ဒီစာကိုဖတ်နေနိုင်သေးတယ်ဆိုတော့ စာဖတ်သူဟာ လမ်းပေါ်ကိုဆင်းရှောင်တဲ့အဖွဲ့မှာပါမယ်လို့ထင်ပါတယ်။ ဒါပေမယ့် Particle တွေကတော့ တည့်ဝင်တိုးတဲ့အဖွဲ့ပါ။တည့်ဝင်တိုးလိုက်လို့ ထိခိုက်မိကုန်ပြီး ပြဿနာတက်ကြပြီလို့တော့ မထင်ပါနဲ့။သူတို့က တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကို ဘာမှမဟုတ်သလိုပဲ ကျော်ဖြတ်သွားနိုင်စွမ်းရှိပါတယ်။ ဒါက Particle တွေရဲ့ လှိုင်းအဖြစ်တည်ရှိမှု (Wave Function) ပေါ်မှာ မူတည်ပါတယ်။Quantum Mechanics မှာ ဖြစ်တန်စွမ်းတွေနဲ့အလုပ်လုပ်ကြတယ်ဆိုတာ ရှေ့အခန်းတွေမှာ ရေးခဲ့ပြီးပါပြီ။အဲ့ဒီတော့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုရဲ့ အခြားတစ်ဖက်မှာ Particle ရှိနိုင်မယ့် ဖြစ်တန်စွမ်းဆိုတာလည်း ရှိပါတယ်။ (ဖြစ်တန်စွမ်း နည်းတော့နည်းတယ်၊ လုံးဝမရှိတာမဟုတ်ပါ)မြင်အောင်ပြောရရင် Quantum Mechanics မှာ လူတစ်ယောက် လက်ရှိနေထိုင်တဲ့နေရာကနေ လ (Moon) ဆီကို ရုတ်တရက်ရောက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းတောင် ရှိတယ်လို့ဆိုကြတယ်။Continue reading “Quantum Tunneling (Quantum Mechanics Part 8)”

Personality disorder အကြောင်းပြောကြရာဝယ် (Part 4)

(Part 1,2,3 အရင်ဖတ်ပြီးမှ Part 4 ကိုဆက်ဖတ်ပေးပါခင်ဗျ) ဒီအပိုင်းမှာတော့ Cluster A“Weird” type (ဂေါက်ကြောင်အုပ်စု) ထဲက တခုစီကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Cluster A ထဲမှာ disorder 3 မျိုး ပါဝင်ပါတယ်။ Paranoid personality disorder Schizoid personality disorder Schizotypal personality disorder တို့ဖြစ်ပါတယ်။ Paranoid personality disorder ကိုစပြောရရင် “သံသယကောင်” လို့ လွယ်လွယ်မှတ်ထားလို့ရပါတယ်။ Male တွေမှာ ပိုတွေ့ရတတ်ပြီး သူ့ရဲ့ပုံစံက အမြဲတမ်းလိုလို သံသယစိတ်နဲ့ ပြည့်နေတာပါပဲ။ တယောက်ယောက်က သူ့ကိုအမြဲလိမ်ညာနေတယ်။ မကောင်းကြံနေတယ်။ လုပ်ကြံဖို့ကြိုးစားနေတယ်လို့ပဲ အမြဲတွေးနေတယ်။ ဘယ်သူ့ကိုမှလဲ မယုံသလို သူ့ကိုစကားတခွန်းသွားပြောလိုက်ရင် အဲ့စကားက ဘာသဘောနဲ့ပြောတာလဲ။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 4)”

နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)

ပြီးခဲ့တဲ့ နွေဦးက ကျနော်တို့အတွက် တော်တော်လေး ကြမ်းတမ်းခဲ့တယ်။ ဖမ်းဆီးတဲ့သတင်း၊ သေတဲ့သတင်းတွေကို နေရာအနှံ့မှာကြားရ မြင်ရတဲ့အခါ စိတ်မချမ်းမြေ့မှုတွေ ထိတ်လန့်မှုတွေနဲ့ တစ်နေ့တာတွေကို ကုန်ဆုံးကြရတယ်။ Covid ကြောင့် လဲကျသွားတဲ့ စီးပွားရေးတွေ ထမယ်ကြံခါမှ အရှိူက်ကိုခပ်ပြင်းပြင်းထိုးခံလိုက်ရတယ်။ ပိုက်ဆံတောင် ထုတ်ဖို့ နေပူမိုးရွာထဲ တန်းစီစောင့်ဆိုင်းနေကြရတယ်။ ဒီလိုမျိုး တစ်နေ့တာ စိတ်ပင်ပန်းစရာတွေကြောင့် အားလုံးဟာလည်း စိတ်ထွက်ပေါက်ရှာလာကြပါတယ်။ ဒီလို စိတ်ထွက်ပေါက်ရှာတဲ့အခါမှာ အမျိုးမျိုးသော နည်းလမ်းတွေကိုသုံးကြရင်း လမ်းလွဲရောက်သွားပြီး ကိုယ့်ကို ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမယ့်အရာတွေကို လုပ်မိကြတာလည်း ရှိလာပါတယ်။ (၁) Survival guilt လို့ခေါ်တဲ့ ဆက်လက်ရှင်သန်နေရခြင်းအတွက် မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် သူတစ်ပါးအပေါ် အလွယ်တကူအပြစ်တင်လိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ချက်ကျလက်ကျ မဟုတ်ဘဲ ပြစ်တင်ဆဲဆိုပြီး ကိုယ့်ရဲ့Continue reading “နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)”

အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ

စာဖတ်သူ ကြောက်တတ်ပါသလား။လူဆိုရင် အကြောက်တရားဆိုတာ ရှိရမှာပေါ့။ရောဂါကြောင့် အကြောက်တရားမရှိတော့တဲ့ လူတွေလည်းရှိပါတယ်။ သူတို့ကတော့ ခုပြောမယ့် Topic နဲ့အကျုံးမဝင်ပါဘူး။ လူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲကြုံရကြုံရ ကိုယ်ထိန်းချုပ်နိုင်တယ် (သို့) ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ တွက်ရင် ကြောက်ရွံ့မှုဆိုတာဖြစ်မလာပါဘူး။ဥပမာ ကားမောင်းကျွမ်းကျင်တဲ့သူက ကားအရမ်းရှုတ်လည်း စိုးရိမ်စိတ်မဝင်ပါဘူး။ဒါပေမယ့် အမောင်းသင်ခါစလူတစ်ယောက် ကားရှုတ်တဲ့လမ်းပေါ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့မှာအကြောက်တရားပေါ်လာပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ့်လူနာဟာ ကြောက်ရွံ့မှာအသေအချာပါပဲ။ခွဲစိတ်မယ့်ဆရာဝန်အတွက်တော့ ထမင်းစား၊ ရေသောက်ကိစ္စပဲမို့ ခွဲစိတ်မှုအတွက် အကြောက်တရားရှိမှာမဟုတ်ပါ။ အကြောက်တရားဟာ လူတွေအသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုခဲ့တဲ့တယ်။ ဒါကြောင့် ခုချိန်ထိ ကျွန်တော်တို့မှာ အကြောက်တရားရှိနေသေးတာပေါ့။ ကြောက်သွားတဲ့လူတစ်ယောက်ဟာ မလှုပ်မယှက်ဖြစ်သွားတတ်ပါတယ်။ဒါက Evolution အရဖြစ်တဲ့သဘောပါ။လူက ဉာဏ်ရည်မြင့်ပေမယ့် ခွန်အားအရာမှာတော့ အချို့တိရစ္ဆာန်တွေကို မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် အန္တရာယ်ကိုထိပ်တိုက်မတိုးဘဲ ရှောင်ကြရပါတယ်။ ပြေးမလားဆိုတော့… လူကအမြန်ဆုံးသတ္တဝါထဲမှာ မပါပါဘူး။ဒါဆို ခံချမလားဆိုတော့လည်း… အားက မကြီးပြန်ပါဘူး။အဲ့တော့ တိတ်တိတ်ကလေးနေလိုက်ကြတာပါပဲ။ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုContinue reading “အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ”

Design a site like this with WordPress.com
Get started