(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ယောကျာ်းနဲ့မိန်းမ အချင်းချင်းစကားတွေပြောနေကြပေမယ့် သေချာနားမလည်ကြဘူး။ပြောတဲ့စကားလုံးချင်းတူနေရင်တောင် ယူဆပုံခြင်းမတူတော့ အဓိပ္ပါယ်ပါကွဲလွဲလာတယ်။ဒါကြောင့်ပဲ ယောကျာ်းတွေက နားမထောင်ကြဘူး၊ မိန်းမတွေက နားလည်ရခက်တယ်ဆိုပြီး ဖြစ်လာကြတယ်။ ယောကျာ်းတို့စကားပြောခြင်းသည် အကြောင်းအရာနှင့် သတင်းအချက်အလက် ဖလှယ်ရန်ဖြစ်သည်။အားကစား၊ နိုင်ငံရေး၊ ဘာသာရေးစသဖြင့် မိမိစိတ်ဝင်စားသောအကြောင်းအရာများကို အချက်အလက်တစ်ခုအနေနဲ့ ပြောဆိုကြတာများသည်။ယုတ်စွအဆုံး မိမိစိတ်ဝင်စားသောကောင်မလေးတစ်ယောက်အကြောင်း အချင်းချင်းတိုင်ပင်ကြရင်တောင် သတင်းအချက်အလက်တစ်ခုအဖြစ်သာ ပြောဆိုတတ်ကြသည်။ခံစားချက်များကို ဝေမျှလေ့မရှိကြ။ အချင်းချင်းပြောဆိုသောစကားများတွင် မိမိတို့ခံစားချက်များကို အဓိကထားသော မိန်းမတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ယောကျာ်းနှင့်မိန်းမစကားပြောဆိုသောအခါ Facts & Information များကိုသာဖလှယ်လေ့ရှိသော ယောကျာ်းက ခံစားချက်များကိုအဓိကထားသော မိန်းမပြောသမျှကို တိုက်ရိုက်ဘာသာပြန်လေ့ရှိသည်။ဥပမာContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 5)”
Author Archives: Science Nuts
Quantum Teleportation (Quantum Mechanics Part 7)
(Part 6 ကိုမဖတ်ရသေးဘဲ ဒီ Topic ကို ကျော်မဖတ်သင့်ပါ) ခုရေးမယ့် Topic ကို Sci-fi ဇာတ်လမ်းတွေမှာ တွေ့ဖူးကြမှာပါ။ (ဥပမာ Doctor Who)Game တွေထဲမှာလည်း ဒါနဲ့ခပ်ဆင်ဆင် အယူအဆတွေကို သုံးကြတာပါပဲ။တစ်နေရာကနေပျောက်သွားပြီး နောက်တစ်နေရာမှာ ရုတ်တရက်ပေါ်လာတာမျိုးပေါ့။ Quantum Entanglement အရ ချိတ်ဆက်မိထားတဲ့ Particle ၂ခုမှာ တစ်ခုကိုတိုင်းတာလိုက်တာနဲ့ အခြား Particle တစ်ခုက ဆန့်ကျင်ဘက် Property တစ်ခုသို့ ချက်ချင်းပြောင်းလဲသွားခြင်းကို သိရှိပြီးဖြစ်မှာပါ။Quantum Teleportation ကတော့ နောက်တစ်ဆင့်တက်လိုက်ခြင်းဖြစ်တယ်။တတိယ Particle တစ်ခုပါဝင်လာတာဖြစ်တယ်။ တတိယ Particle (Particle C လို့အလွယ်ခေါ်လိုက်မယ်) ကို Quantum Entanglement အရချိတ်ဆက်ထားတဲ့ Particle ၂ခုထဲက တစ်ခုနဲ့သွားချိတ်လိုက်တယ်။(Particle AContinue reading “Quantum Teleportation (Quantum Mechanics Part 7)”
အပြစ်ရှိစိတ်
စိတ်ဆိုတာ ဘာလဲ။စိတ်ဆိုတာ မြန်မာစကား မဟုတ်ရပါဘူး။ ပါဠိဘာသာက လာပြီး မြန်မာလိုဆိုရင် အတွေး+ခံစားချက် ဖြစ်ပါတယ်။ ဒါရိုးရိုးလေး နားလည်အောင် ရှင်းလိုက်တာပါပဲ။ အပြစ်ဆိုတာကရော ?အပြစ်ဆိုတာ အမှားပြုလုပ်ခြင်းကြောင့် ခံစားရတဲ့ ခံစားချက် (သို့) အမှားပြုလုပ်ထားခြင်း ပါပဲ။ ဒါဖြင့် အမှားဆိုတာကရော ဘာလဲ ?အဲ့တာက တော်တော် ကျယ်ပြန့်ပါတယ်။ မမှန်ရင် မှားတာတော့လည်း မဟုတ်ပါဘူး။ အမှားဆိုတာ ကိုယ်စိတ်ထဲမှာ မတရားဘူး ထင်တာလားဆိုတော့လည်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ Philosopher တစ်ယောက်က ပြောဖူးတယ်။ အကြောင်းအရာတစ်ခုကို လူတိုင်း နေရာတိုင်း အချိန်တိုင်း လုပ်လို့ရရင် အမှားမဟုတ်တော့ဘူးတဲ့။ ဥပမာ – ခိုးတယ် ဆိုပါစို့။ လူတိုင်းခိုးနေကြရင် ပိုင်ဆိုင်မှုဆိုတာ မရှိတော့ဘူး။ လူတိုင်းဟာလည်း စိုးရွံထိတ်လန့်မှုနဲ့ နေနေရလို့ အဆင်မပြေပါဘူး။Continue reading “အပြစ်ရှိစိတ်”
မသေချာခြင်းများနဲ့ အလုပ်လုပ်ခြင်း (Quantum Mechanics Part 5)
Particle တစ်ခုမှာ အမှုန်သဘာဝပဲရှိတယ်ဆိုရင် မသေချာခြင်းဆိုတာရှိမှာမဟုတ်ဘူး။ Particle ကို ဘယ်နေရာမှာ ရှာလို့ရမယ်ဆိုတာ အတိအကျတွက်ချက်ပြီးပြောနိုင်တယ်။ဒါပေမယ့် သူ့မှာလှိုင်းသဘာဝလည်းရှိနေတယ်ဆိုတော့ သူ့ကိုလှိုင်းရဲ့ဘယ်နေရာမှာရှာရမလဲဆိုတာ မသေချာမရေရာတော့ဘူးပေါ့။ဒီလို မသေချာခြင်းတွေနဲ့ပဲ ရအောင်အလုပ်လုပ်ဖို့အတွက် Werner Heisenberg က Uncertainty Principle ကို စတင်မိတ်ဆက်ပေးခဲ့တယ်။ သူ့ရဲ့အဆိုအရ သီအိုရီအရဖြစ်စေ၊ လက်တွေ့မှာဖြစ်စေ ဝတ္ထုတစ်ခုရဲ့ နေရာ (Position) ကိုသိချင်ရင် အဟုန် (Momentum) ကိုမသိနိုင်၊ အဟုန်ကိုသိလိုရင် နေရာကိုမသိနိုင်လို့ဆိုတယ်။(Momentum = Mass x Velocity) ဒါဟာ ကျွန်တော်တို့သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်ရင် တော်တော်ယုတ္တိမရှိတဲ့စကားပဲ။မောင်းနေတဲ့ကားတစ်စီးရဲ့ အဟုန်ရော၊ နေရာရောကို ကျွန်တော်တို့လွယ်လွယ်နဲ့တိုင်းတာကြည့်လို့ရနေတာပဲ။ ဒါပေမယ့် ဒီ Principle ကပြောတဲ့ဝတ္ထုဆိုတာ လှိုင်းလေးတွေပါ။ (သူတို့ဟာ သေးငယ်လွန်းတဲ့အတွက် ရုပ်လောကရဲ့ကန့်သတ်ချက်တွေ မရှိပါဘူး)လှိုင်းတစ်ခုကို မြင်ကြည့်ရင် ခုံးတဲ့နေရာတွေနဲ့Continue reading “မသေချာခြင်းများနဲ့ အလုပ်လုပ်ခြင်း (Quantum Mechanics Part 5)”
Ping မရှိသောဂိမ်းနှင့် Quantum Entanglement (Quantum Mechanics Part 6)
Quantum Mechanics ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။Quantum Entanglement ဆိုတာ Particle နှစ်ခုချိတ်ဆက်သွား (Connect) တဲ့အခါမျိုးကိုခေါ်တာပါ။အဲ့ဒီလိုချိတ်ဆက်သွားတဲ့အတွက် Particle တစ်ခုရဲ့လက္ခဏာတစ်ခုကိုပြောင်းလဲလိုက်တာနဲ့ ဘယ်လောက်ကွာဝေးနေပါစေ သူနဲ့ချိတ်ဆက်နေတဲ့ Particle ပါ “ချက်ချင်း” လိုက်ပြီး ဆန့်ကျင်ဘက်ကိုပြောင်းလဲသွားပါတယ်။Particle တွေမှာ လည်ပတ်မှု (Spin) ဆိုတာရှိပါတယ်။ ကိုယ့်ဘာသာလည်ပတ်နေကြတာပါ။ ဆန့်ကျင်ဘက်ပြောင်းသွားတယ်ဆိုတာ Spin ပြောင်းတာကိုပြောချင်တာပါ။ ချိတ်ဆက်နေတယ်ဆိုတိုင်း ကြိုးတစ်ချောင်းကြားထဲမှာရှိရမယ်ဆိုပြီး မမြင်သင့်ပါ။ Wifi ကို connect လုပ်သလိုမျိုးမြင်ကြည့်ပါ။(ပုံတွေမှာတော့ မြင်လွယ်အောင် ကြိုးတစ်ချောင်းနဲ့ချိတ်ထားသလို ဆွဲလေ့ရှိကြတယ်) ဒါလေးများအဆန်းလုပ်လို့ဆိုပြီး ပြောစရာရှိပါတယ်။ မြင်လွယ်အောင် ရှင်းပြပါမယ်။Online Game ဆော့တဲ့အခါမှာ Ping ဆိုတာလူတိုင်းကြားဖူးမှာပါ။ Ping နည်းလေကောင်းလေပါပဲ၊ ဒါမှ Lag မဖြစ်မှာကို။ကိုယ်က ခလုတ်တစ်ခုနှိပ်တဲ့အခါတိုင်း အဲ့ဒီ information ကို serverContinue reading “Ping မရှိသောဂိမ်းနှင့် Quantum Entanglement (Quantum Mechanics Part 6)”