ဦးနှောက်က စိတ်ရောဂါသမားတွေဆီမှာ ပြောနေတဲ့ ပုံပြင်များအကြောင်း

ဦးနှောက်ဟာ ပုံပြင်တွေပြောတဲ့နေရာမှာ ကျွမ်းကျင်ကြောင်းအရင်က ရေးခဲ့ဖူးပါတယ်။ အခုပြောပြချင်တာက ပုံပြင်အပြောကောင်းလွန်းလို့ စိတ်ရောဂါတွေ ဖြစ်ကုန်တဲ့အကြောင်းပါ။ ၁၈၇၀ ခုနှစ်က ဆရာဝန်တစ်ယောက်ဟာ စကားမပြောနိုင်တဲ့လူနာတွေကို လေ့လာနေတယ်။ စကားမပြောနိုင်ဘူးဆိုလို့ “အ” နေတယ် မထင်ပါနဲ့။ ဆေးပညာအရတော့ ဒါကို Aphasia လို့ခေါ်ပါတယ်။ ဦးနှောက်ကြောင့် ခဏတဖြုတ် စကားတွေနားမလည်တော့လို့ ပြန်မပြောနိုင်တာမျိုးပါ။ လေဖြတ်တဲ့လူနာအချို့ကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမယ့် ဒီဆရာဝန်လေ့လာနေတာ လေဖြတ်တဲ့လူနာတွေ မဟုတ်ပါဘူး။ အကြောင်းတစုံတရာမရှိဘဲ စကားမပြောကြတော့တဲ့သူတွေပါ။ သူက ဒါကို Negotiation Delirium လို့ခေါ်ပါတယ်။သူ့ရဲ့အဆိုအရ လူတစ်ယောက်ရဲ့ဦးနှောက်ကို ထိခိုက်မိတဲ့အခါ သူဟာ သေသွားပြီလို့ ယုံကြည်သွားစေတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ ရှင်းပြရှင်းပြ လုံးဝလက်မခံတော့ပါဘူး။ ခုချိန်မှာတော့ ဒီရောဂါကို ခံစားနေရတဲ့ Case ပေါင်း ၁၀၀ ကျော်မှတ်တမ်းတင်ထားပါတယ်။ ဒါကိုContinue reading “ဦးနှောက်က စိတ်ရောဂါသမားတွေဆီမှာ ပြောနေတဲ့ ပုံပြင်များအကြောင်း”

ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်

လူရယ်လို့ဖြစ်လာရင် အကြောက်တရားတခုခုရှိတတ်ကြပါတယ်။ တချို့က သရဲကြောက်တယ်။ တချို့က ပင့်ကူကြောက်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က မိုးချုန်းတာကြားရင် ကြောက်တယ်။ ဒါဆို ဒီအကြောက်တရားတွေကဘယ်ကလာတာလဲ။မွေးကတည်းက ပါလာတာလား။ ကြီးလာတော့မှ အကြောက်တရားကို သိလာတာလား။ ဒါကို အဖြေရှာဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ psychologists တွေက စမ်းသပ်ချက်အမျိုးမျိုးလုပ်ခဲ့ပါတယ်။ အဲ့ထဲကမှ လူသိအများဆုံးနဲ့ အဝေဖန်ခံခဲ့ရဆုံး စမ်းသပ်ချက်တခုကို ပြောပြပေးပါမယ်။ ဒီစမ်းသပ်ချက်ကို လုပ်ခဲ့တဲ့သူကတော့ John B.Watson ဆိုတဲ့ psychologist တဦးနဲ့ သူ့ရဲ့ လက်ထောက် Rosalie Raynor တို့ပဲဖြစ်ပါတယ်။ စမ်းသပ်ချက်နာမည်ကို The Little Albert Experiment လို့ခေါ်ပါတယ်။ ဒီစမ်းသပ်ချက်မှာ ကိုးလအရွယ်ကလေးတယောက်ပါဝင်ပြီး သူ့နာမည်ကို Little Albert လို့ခေါ်ပါတယ်။ စမ်းသပ်ချက်အစမှာ ကလေးကို ပစ္စည်းContinue reading “ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်”

ဝက်ခြံနဲ့အစားအသောက်ကိစ္စ

ဒီကိစ္စကို ရေးရတာ အတိုက်အခံတွေအငြင်းပွားစရာတွေများလာမယ်ဆိုတာသိပါတယ်။ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စလေးမို့လို့ ဆေးပညာအမြင်ကနေ ဝေမျှကြည့်ချင်ပါတယ်။ ဝက်ခြံပိုပေါက်စေတဲ့ အစားအစာတွေကို အခုစိတ်ထဲက တခုချင်းရွတ်ကြည့်ပါလား။ ချော့ကလက် ပါမယ်။နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေပါမယ်။အဆီများတဲ့ အာလူးကြော်တို့၊ဆီကြော်အစားအစာတွေ ကျိန်းသေပါမယ်။သကြားများတဲ့အချိုတွေ ပါလာမယ်။ဟမ်ဘာဂါကြက်ကြော်နဲ့ ပီဇာတို့လို Fast food တွေပါသလို မာလာရှမ်းကောလို အပူအစပ်တွေအထိပါလာမှာပါ။ ခက်တာက ကိုယ်ကလဲ လူငယ်ဆိုတော့ ဒီအစားအစာတွေကို ကြိုက်ကြတာများပါတယ်။စားကလဲစားချင် ဝက်ခြံပေါက်မှာလဲကြောက်ကြပါတယ်။ ဒါပေမယ့်… အဲ့ဒီအစားအသောက်တွေစားလို့ ဝက်ခြံပေါက်တာ မဟုတ်ပါဘူး။အခုထိလဲ Diet ကြောင့် ဝက်ခြံပေါက်တယ်ဆိုတာ ဆေးပညာအရ အတည်မပြုနိုင်သေးပါဘူး။ ဒီအကြောင်းကို နည်းနည်းပိုသိအောင် အကျယ်ပြောပြပါ့မယ်။ ဝက်ခြံပေါက်စေတဲ့အကြောင်းရင်းကတော့ အရေပြားက ချွေးပေါက်ပိတ်လို့ ယောင်ယမ်းပြီး ဝက်ခြံဖြစ်လာတာပါ။ ဘာကြောင့်ပဲအပေါက်ပိတ်ပိတ် ဝက်ခြံထွက်ပါတယ်။ အများဆုံးပိတ်တာက ကိုယ့်မျက်နှာကအဆီတွေနဲ့ပါပဲ။ အဆီပြန်တတ်တဲ့အသားရေပိုင်ရှင်ဆိုရင် အဆီက ချွေးပေါက်ပိတ်လို့ ဝက်ခြံများလာပါတယ်။ မျက်နှာအဆီများခြင်းမများခြင်းကContinue reading “ဝက်ခြံနဲ့အစားအသောက်ကိစ္စ”

Joker ရဲ့ရောဂါကအပြင်မှာတကယ်ရှိသလား?

Joker ဆိုတဲ့ဇာတ်ကောင်နဲ့ စာဖတ်သူတွေမစိမ်းလောက်ပါဘူး။2019 ခုနှစ်တုန်းကမှ ထွက်ထားတဲ့ Joker movie ကလဲ လူကြိုက်များပြီးအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ movie ထဲမှာ Joker မင်းသားက ရုတ်တရက်ဆိုသလို ထထရယ်မောတာတွေ၊ ရယ်တာကိုထိန်းမရတာတွေနဲ့ နာကျင်စရာတွေကြုံရတာတောင် ရယ်မိနေတာကို သတိထားမိကြမှာပါ။ ဒီလိုမျိုး ဖြစ်တာက တကယ်ပဲအပြင်မှာဖြစ်နိုင်ရဲ့လားဆိုရင် ဖြစ်နိုင်ပါတယ်။ အဲ့လိုရောဂါမျိုးကို Pseudobulbar affect လို့ခေါ်ပါတယ်။ Pseudo- ဆိုတာ false လို့အဓိပ္ပာယ်ရပြီး bulbar ဆိုတာကတော့ ဦးနှောက်ပင်စည် Brainstem (Medulla oblongata) နဲ့သက်ဆိုင်သော လို့အဓိပ္ပာယ်ရပါတယ်။Affect ဆိုတာကတော့ စိတ်ခံစားချက်အပြောင်းအလဲလို့ ဆိုလိုပါတယ်။ ဒီဝေဒနာကိုခံစားရသူတွေက စိတ်ခံစားချက်ကိုထိန်းချုပ်မရကြဘဲ ရုတ်တရက်ခံစားချက်ပေါက်ကွဲထွက်လာတတ်ပါတယ်။ Emotional outburst လို့သုံးပါတယ်။ ရုတ်တရက် အော်ရယ်လိုက်တာလဲဖြစ်နိုင်သလို ရုတ်တရက် ငိုကြီးချက်မနဲ့ ငိုချလိုက်တာလဲ ဖြစ်နိုင်ပါတယ်။Continue reading “Joker ရဲ့ရောဂါကအပြင်မှာတကယ်ရှိသလား?”

လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?

မနေ့က ရေးခဲ့တဲ့ AI အကြောင်းကို သဘောကျကြလို့ ဝမ်းသာပါတယ်။ Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?https://ouo.io/8MkZSqR အဲ့ဒါကြောင့် အခုနောက်တစ်ပုဒ် ထပ်ရေးလိုက်ပါတယ်။ ဒီအပုဒ်မှာတော့ လူတွေလို တွေးခေါ်တတ်တဲ့ AI တွေမှာ ဘာတွေလိုမလဲ… လူတွေအပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိမလဲ ဆွေးနွေးသွားမှာပါ။ ပညာရှင်တွေကတော့ AI ပြဿနာဟာ Trial & Error သဘောနဲ့ သွားမရဘူးလို့ ပြောကြပါတယ်။ အဓိကကတော့ ဖြစ်ပြီးရင် ပြန်ပြင်လို့မရဘူးလို့ ပြောချင်တာပါ။ ဒီတော့ တခါတည်းနဲ့ မှန်ကန်အောင် ကြံစထားနိုင်ဖို့ လိုပါတယ်။ပညာရှင်တစ်ယောက်က ဘယ်လောက်ထိ ပြောထားလဲဆိုရင် “AI တွေဟာ လူတွေကို မမုန်းသလို ချစ်လည်းမချစ်ပါဘူး။ ဒါပေမယ့် သင်ဟာ သူတို့အတွက် တစ်နေရာရာမှာ သုံးလို့ရမယ့် Atom တွေနဲ့ဖွဲ့စည်းထားပါတယ်”Continue reading “လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?”

Design a site like this with WordPress.com
Get started