လူတယောက်ရဲ့ Personality တခုကို disorder လို့ခေါင်းစဥ်တပ်ဖို့အတွက် အချက်တွေအများကြီးထည့်သွင်းစဥ်းစားရပါတယ်။ By definition အရတော့“Long-lasting, inflexible & maladaptive personality traits” are personality disorders လို့ဆိုကြတယ်။ Trait တစ်ခုက လိုတာထက်ပိုပြီးလွန်ကဲလာမယ်။ အချိန်ကာလတစ်ခုမှာပဲ ခဏဖြစ်တာမဟုတ်တော့ဘဲ အချိန်ကြာရှည်စွာ လွှမ်းမိုးလာမယ်။ အသက် ၁၈ မတိုင်ခင်က စသတိထားမိလာပြီး အရွယ်ရောက်လာတဲ့အထိ ဆက်လက်ရှိနေမယ်။(တချို့စာအုပ်များက personality disorder လို့ခေါင်းစဥ်တပ်ဖို့ အသက်၁၈နှစ်ပြည့်ပြီးဖြစ်ရမယ်လို့လဲဆိုကြတယ်။) မိမိကိုယ်ကို ထိခိုက်မှုတွေရှိလာမယ်။Social life ကို မဝင်ဆန့်ဖြစ်လာမယ်။အများသူငါနဲ့ အလုပ်အတူတွဲလုပ်လို့မရဘဲ လုပ်ငန်းခွင်ဘဝပါ ထိခိုက်လာမယ်။ Suicidal tendency ရှိလာမယ်။ ပတ်ဝန်းကျင်ကသူတွေကိုပါ ဘေးရန်ဖြစ်စေလာမယ်။ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင် trait အဆင့်ကနေ disorder အဆင့်ဖြစ်လာပြီလို့ပြောလို့ရပါပြီ။ ဒါ့အပြင် PersonalityContinue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 3)”
Author Archives: Science Nuts
Schrödinger’s cat (Quantum Mechanics Part 2)
ဒီ Topic ကို မကြားချင်၊ မမြင်ချင်မှအဆုံး ခဏခဏတွေ့ဖူးကြမှာပါ။Quantum Mechanics ကိုနားလည်နိုင်ဖို့ သာမန်လူတွေမြင်သာတဲ့ Thought Experiment တစ်ခုအဖြစ်နဲ့ Erwin Schrödinger ကဖော်ပြခဲ့ပါတယ်။(ဒီစာကို ဆက်မဖတ်ခင် Quantum Mechanics Part 1 ကို အရင်ဖတ်စေလိုပါတယ်၊ အသေးစိတ်များကို Part 1 မှာမြင်လွယ်အောင် တတ်သလောက် ရှင်းပြထားပါတယ်) စမ်းသပ်မှုအကြောင်း ပြောရအောင်။ကြောင်တစ်ကောင်ကို အလုံပိတ်သေတ္တာတစ်ခုထဲထည့်ထားလိုက်တယ်။(ကြောင်ကို ရှေ့အခန်းမှာပြောခဲ့တဲ့ Electron လို့မှတ်ယူလိုက်ပါ) သေတ္တာထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု (Radioactive Sample) ကိုထည့်ထားတယ်။အဲ့ဒီပစ္စည်းမှာ ပျက်စီးယိုယွင်းမှု (Decay) ဖြစ်ပြီး ကြောင်ကိုသေစေဖို့ 50% chance ရှိတယ်ဆိုပါတော့။သေတ္တာက အလုံပိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြောင်ကလေးသေ၊ မသေကို ဘယ်လိုမှ မသိနိုင်ဘူး။အဖုံးကိုလှပ်ကြည့်မှ သိနိုင်မယ်။(အဖုံးဖွင့်ကြည့်လိုက်တယ်ဆိုတာ Observe လုပ်လိုက်ခြင်းပါပဲ)Continue reading “Schrödinger’s cat (Quantum Mechanics Part 2)”
ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)
အလင်းဟာ သစ္စာရှိတယ်လို့ ထင်ပါသလား။ရှေ့တင်ဆိုတမျိုး၊ ကွယ်ရာကြတမျိုးဆိုတဲ့အထဲမှာ အလင်းကိုလည်း မပါမဖြစ်ထည့်ပေးရမှာပါ။မနက်ခင်း နေရောင်ထိုးရင် အလင်းတန်းကို ကြည့်လိုက်တဲ့အခါ အလင်းကို အမှုန်တွေလိုတွေ့နေရပါတယ်။ဒါဆိုအလင်းက အမှုန်သဘောရှိတာပေါ့။မြင်မှယုံမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်နဲ့ပဲ ကိစ္စပြတ်သွားတာပေါ့။ ဒါပေမယ့် Einstein က အလင်းမှာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရောရှိတယ်လို့ဆိုခဲ့တယ်။အဲ့လိုနဲ့ Double Slit Experiment ကိုလုပ်လိုက်ကြတယ်။စမ်းသပ်တာက ရိုးရိုးလေးပါပဲ။ အပေါက် ၂ပေါက်ပါတဲ့ ကတ်ထူပြားကို ထောင်ထားလိုက်တယ်။ နောက်မှာ detect လုပ်နိုင်တဲ့ Detector ကိုထားလိုက်တယ်။ပြီးတော့ အလင်းကိုလွှတ်ပေးလိုက်တယ်။ (အစောပိုင်းကာလတွေမှာ ဒီလိုစမ်းသပ်ခဲ့ကြတယ်)အဲ့ဒီနောက်ပိုင်းမှာ Electron ကိုသုံးပြီးစမ်းသပ်ကြတယ်။ (ဆက်ပြောမယ့်စမ်းသပ်မှုမှာ Electron လို့ပဲသုံးသွားပါတော့မယ်၊ သိစေလိုတာက Photon, Electron, Neutron ကြိုက်တာနဲ့စမ်း၊ အဖြေကတော့ တူတူပါပဲ) Electron source က တစ်ကြိမ်မှာ Electron တစ်ခုကိုပဲထုတ်ပေးတာပါ။အပေါက်Continue reading “ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)”
Personality disorder အကြောင်းပြောကြရာဝယ် (Part 2)
ဒီတခါမှာတော့ disorder အကြောင်းမသွားခင် Personality trait အမျိုးအစားများနဲ့Personality ကိုစစ်ဆေးတဲ့ test လေးတွေအကြောင်း အကျဥ်းပြောပြပါရစေ။ Psychology မှာ personality trait ကို အမျိုးစားခွဲတဲ့အခါ တကျောင်းတဂါထာဆန်းဆိုသလို အမျိုးမျိုးခွဲကြပါတယ်။ Allport’s Trait theory မှာတော့ Cardinal traits (အခြေခံအမူအကျင့်) Central traits (ပင်မအမူအကျင့်) Secondary traits (အခြေနေတခုအရထွက်ပေါ်လာသောအမူအကျင့် ဥပမာ စင်ပေါ်မှာစကားပြောခိုင်းမှ စိတ်လှုပ်ရှားလာခြင်း) ဆိုပြီး၃မျိုးခွဲထားပါတယ်။ Raymond Cattell ဆိုတဲ့ psychologist ကတော့ trait 16 မျိုးဟု ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး Hans Eysenck ဆိုတဲ့ psychologist ကမူ trait များကို Dimension ၃မျိုးနဲ့ ဖော်ပြပြန်ပါတယ်။ အများလက်ခံကြတဲ့Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 2)”
Many Worlds Theory (Quantum Mechanics Part 4)
(Part 1, 2, 3 ကို မဖတ်ရသေးဘဲ ဒီစာကိုမဖတ်သင့်ပါ) Copenhagen Interpretation က Superposition ဖြစ်နေတဲ့ Electron တစ်ခု Wave Function Collapse ဖြစ်သွားရင် ဖြစ်တန်စွမ်းတွေထဲကတစ်ခုခုမှာ Electron ရောက်သွားတယ်လို့ဆိုတယ်။(ကြောင်ကလေး သေတယ်၊ ရှင်တယ်ဆိုပြီး ဖြစ်တန်စွမ်း ၂မျိုးပဲရှိတဲ့အထဲက ၁မျိုးမျိုးဖြစ်သွားခြင်းကို ဆိုလိုချင်တာပါ) Many Worlds Theory ကတော့ အဲ့ဒီလိုမယူဆဘူး။“Anything that can happen does happen” လို့ဆိုပါတယ်။တိုင်းတာလိုက်ခြင်းကြောင့် ကြောင်လေး သေတာရော၊ ရှင်တာရော ၂မျိုးလုံးဖြစ်သွားတယ်လို့ဆိုလိုချင်တာဖြစ်တယ်။ သေတဲ့ကြောင်ရော၊ ရှင်တဲ့ကြောင်ရောကို လေ့လာသူက မြင်တွေ့ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ ကြောင် ၂ကောင်ဖြစ်သွားမှာလည်းမဟုတ်ပါ။မြင်အောင်ပြောရရင် ကမ္ဘာနှစ်လုံးကွဲသွားတာကို ဆိုလိုပါတယ်။ (ထပ်ရှင်းအောင်ပြောရရင် စကြဝဠာကြီးနှစ်ခုဖြစ်သွားတာပါ)Earth No. 1 မှာကြောင်လေးသေပြီးContinue reading “Many Worlds Theory (Quantum Mechanics Part 4)”